Sunday, December 30, 2012

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောတစ်ခုလုံးအားအစိုးရတပ်များမှသိမ်းပိုက်

Photo: KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောတစ်ခုလုံးအားအစိုးရတပ်များမှသိမ်းပိုက်
Sunday, 30 December 2012

(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောအားအစိုးရတပ်များမှသိမ်းပိုက်
ရရှိခဲ့ကြောင်း ၄င်းဒေသတွင်တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခုလုံးကိုဒီနေ့နေ့လည်မှာရပါတယ်။
KIA အဖွဲ့တွေကတော့ ယောက်၅၀ လောက် အလောင်းတွေကျန်နေပါတယ်။ အသေးစိတ်စာရင်းမရသေးပါဘူး လက်နက်တွေမိုင်းတွေ အများကြီးရပါတယ်။ ထို့ပြင် ဒါဏ်ရာရတဲ့ KIA စစ်သည် ၄၀ဦးခန့်ကိုလည်း ဆေးဝါးကုသပေးလျက်ရှိကြောင်းပြောဆိုထားပါတယ်။
ဖမ်းဆီရမိသူအများစုမှာ KIA အဖွဲမှအတင်းအားဓမ လူသစ်စုဆောင်းခံထားသူများဖြစ်ကြောင်းကို၎င်းမှပြောကြားသည်။ ကျွှန်တော်တို့အခု၇ထားတဲ့ စခန်ကနေ KIA ဌာနချုပ်လိုင်ဇာကို လမ်းမြင်နေရပါတယ်။
လက်နက်ကြီးတစ်ကမ်းပါဘဲ ဒါပေမဲ့ကျွှန်တော်တို့တပ်တွေ လိုင်ဇာကိုတိုက်ဖို့အစီစဉ်မရှိပါဘူး ဟု၎င်းမှ Email မှတဆင့်ပြောဆိုသွားသည်။ ၄င်းကကျွှန်တော်တို့  ဒီစခန်းကိုဒီနေ့နေ့လည်လောက်ကသိမ်းပိုက်ခဲ့ပါတယ်။
အခုစခန်းကသိမ်းဆီးရမိတဲ့ Laptop  နဲ့ တရုတ် ဖုန်းကတဆင့် Internet သုံးပြီး မေးလ်ပို့လိုက်တာပါ။  အထောက်အထားဓါတ်ပုံတွေလည်းဆက်ပြီးပို့ပေးသွားမှာပါဟု ၄င်းပေးပို့သော Email တွင်ဖေါ်ပြထားသည်။

Aung Naing Thu Facebook
(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောအား  အစိုးရ

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျလာသည့်အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှုလုပ်ငန်းများကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက်

စစ်တပ်မှ လိုင်ဇာမြို့အား တိုက်ခိုက်မည်မဟုတ်ဟုငြင်းဆို

Photo: စစ်တပ်မှ လိုင်ဇာမြို့အား တိုက်ခိုက်မည်မဟုတ်ဟုငြင်းဆို
Sunday, 30 December 2012

မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများ
ဖြစ်ပွားနေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။ " ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသလို မူလဲမရှိပါဘူး " ဟု ပြောဆိုသွားသည်။ 

လဂျားယန်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ ၎င်းမှ လဂျားယန်ဒေသမှာ စစ်တပ်မှ အကြီးအကျယ် ထိုးစစ်ဆင်နေတယ်ဆိုတာ မဟုတ်ပါဘူး။ လဂျားယန်မှာ ကျွန်တော်တို့တပ်က စခန်းတစ်ခုရှိပါတယ်။ အဲဒီစခန်းကို လစဉ်ရိက္ခာပို့တာတွေ အုပ်ချုပ်မှုကိစ္စဆောင်ရွက် တာတွေအတွက် အနည်းဆုံးတစ်လတစ်ခါသွားရပါတယ်။ အဲဒီစခန်းကို ရိက္ခာသွားပို့တိုင်းပို့တိုင်း KIA အဖွဲ့က မိုင်းဆွဲတိုက်တာတွေ ခြုံခိုတိုက်တာတွေ အမြဲတမ်းလုပ်ပါတယ်။ ဒါကြောင့် ရိက္ခာပို့တိုင်း ကျွန်တော်တို့ဆီက ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

ဒီလ ၁၄ ရက်နေ့ကလည်း လဂျားယန်စခန်းကို ရိက္ခာသွားပို့တဲ့ 
အင်အား ၅၀ ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA ၅၀၀ လောက်က မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀ ဦးကျဆုံးပြီး ၅ ဦး အဖမ်းခံခဲ့ရပါတယ်။ အဲဒီ လဂျားယန်မှာရှိတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အခုအချိန်ထိ ရိက္ခာမပို့ရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတယ်ဆိုတာ မပခ တိုင်းမှူး ကြိုတင်ကြေငြာခဲ့တဲ့အတိုင်း " လဂျားယန်စခန်းအတွက် အုပ်ချုပ်မှု
ကိစ္စဆောင်ရွက်နေခြင်း ဖြစ်ပါတယ် "ဟု ပြောဆိုသွားသည်။ 

အစိုးရ၏ စစ်တပ်အုပ်ချုပ်မှုဆောင်ရွက်မည့် လဂျားယန်စခန်းသည် လိုင်ဇာမြို့အနောက်ဖက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းစခန်းသည် လိုင်ဇာဌာနချုပ်အား စိုးမိုးထားသည့် အနေအထားတွင်ရှိသည်။ ၎င်းတောင်ကြောတွင် KIA တပ်ဖွဲ့နှင့် ABSDF ပူးပေါင်းအင်အား ၅၀၀ ခန့်ရှိကြောင်းနှင့် ၎င်းတို့အနီးတွင် မြန်မာအစိုးရ၏ တပ်စခန်းတစ်ခုရှိကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူး အေးမင်းမှ ပြောပါသည်။ 

ယခုလဆန်းရက်နေ့ကလဲ ရိက္ခာပို့သည့် စစ်ကြောင်းအားKIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရ၏ ဒဏ်ရာရစစ်သည်များကို ဖမ်းဆီးရမိသည့် Video File များဖြင့် Internet တွင် ၀ါဒဖြန့်ချိရေးအသွင်ဖြင့် တင်ထားကြောင်းသိရှိရသည်။
မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန်

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

Photo: ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
Sunday, 30 December 2012

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး 
သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ 
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။

သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို 
မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို
အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.youtube.com/watch?v=JTTSXx1ks0I

International news for myanmar တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူးသိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ 

ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်

Photo: ရေကြောင်းပြောင်း ရေစီးအားပြင်းထန်မှုများကြောင့် 
သံလွင်မြစ်ဝကျွန်းအချို့ ကမ်းပြိုမှုဖြစ်ပေါ်  
Sunday, 30 December 2012

ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်းပြောင်းကာ
ရေစီးအားပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊ ယင်းဝိုင်းကျွန်းတို့ ကမ်းပြိုကာ တောင်ယာလုပ်ကွက် ၂၅ ဧကခန့်
ရေထဲပြိုကျ ပျောက်ဆုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ အဘိုးအဘွားတွေကစ ရွှေဒင်္ဂါးကျွန်းမှာ နေလာကြတာပါ၊
 နှစ်ပေါင်း ၆၀၊ ၇၀ ကျော်ကြာပါပြီ၊ ကျွန်းကမ်းကို လှိုင်းစားတာလောက်ပဲ ရှိတယ်၊ ကမ်းပြိုမြေပြိုတာမျိုး မကြုံကြပါဘူး၊ ဒီတစ်နှစ်၊ နှစ်နှစ်ထဲမှာ ကျားပိုက်လာတားပြီး ငါးဖမ်းကြပါတယ်။ ပင်လယ်ရေတက်တော့ ကျွန်းကိုခွပြီး ပုံမှန်ဝင်ထွက်နေတဲ့ ဒီရေကတစ်ဖက်ကိုပိတ်ထားတော့
ရေစီးကြောင်းပြောင်းပြီး မြရတနာကျွန်းကို အရှိန်နဲ့ဝင်တိုက်စားပါတယ်။ ကျားပိုက် (ဓမင်း)ပိုက်ကကြီးပြီး စိပ်တော့ပိုက်လွတ်တဲ့နေရာ ရေတအား
တိုးနေတော့ ရွှေဒင်္ဂါးကျွန်းလည်း တစ်ခြမ်းစားပြီး ဧကတော်တော်များ
ရေထဲပါသွားပါတယ်၊ ပထမနှစ် ပိုက်လာချတော့ ကမ်းပြိုလို့ ကျွန်းသူ
ကျွန်းသားတွေ ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြတော့ ဖယ်ခိုင်းလိုက်
ပါတယ်။ ဒီနှစ်တော့ သွားပြောတာ ငါးလုပ်ငန်းက လေလံချပေးတယ်ဆိုပြီး၊ ဒီလိုပဲ နေရတယ်” ဟု ကိုအောင်စိန် (ရွှေဒင်္ဂါးကျွန်းနေသူ)က ပြောပါသည်။

“မနှစ်ကကမ်းနဲ့ ပေတစ်ရာလောက်မှာ ကလေးတွေ တောင်ပေါ် (ထိုင်း)
ကပို့တဲ့ငွေနဲ့ အိမ်ဆောက်လိုက်တယ်။ အခုမြင်တဲ့အတိုင်း ကမ်းပြိုတာ အိမ်နားရောက်နေပါပြီ။ အရင်က တစ်ခါမှ ဒီလောက်မပြိုပါဘူး။ အခုကမ်းနားမှာစိုက်ထားတဲ့ ဓနိပင်ငါးရာကျော်လည်း ကမ်းပြိုထဲပါသွားပြီး ကမ်းပတ်တာလည်း တစ်ခြမ်းပါသွားပါပြီ” ဟု မြရတနာကျွန်းနေသူ
ဒေါ်မြက ပြောပါသည်။

“အရင်နှစ်တွေက ကျားပိုက် (ဓမင်း)ပိုက် ဒီမှာမချပါဘူး၊ မြောက်ဘက်က ဥက္ကံရွာဘက်မှာ ချပါတယ်။ ဥက္ကံဘက်မှာ မြေပြိုတာနဲ့ အုပ်ချုပ်ရေးမှူး
ကတားလို့ ဒီဘက်ကို ရောက်လာတယ်။ ဒီဘက်ကိုရောက်လာတော့
ရွှေဒင်္ဂါးကျွန်းမှာ ၁၅ ဧက၊ မြရတနာကျွန်းမှာ ၈ ဧက၊ ဇာကတွန်းကျွန်းက 
၎ ဧကလောက် ပါသွားပါပြီ။ မိုးတွင်းမှာ သံလွင်မြစ်ရေဆင်းတွန်းထားတော့ ပင်လယ်ဒီရေ သိပ်မ၀င်ပါဘူး၊ အခုလာမယ့် တပေါင်း၊ တန်ခူးဆို မြစ်ရေ
အခံမရှိတော့ ပင်လယ်ရေတက်ကြမ်းပြီး အတက်တစ်ခြမ်း၊ အကျတစ်ခြမ်းတိုက်စား၊ ကမ်းပြိုဖို့ ပိုများလာမှာပါ၊ ဓမင်းပိုက်ကြီး
ချထားတဲ့နေရာကို တာဝန်ရှိသူတွေ ကွင်းဆင်းပြီး ကြည့်စေချင်ပါတယ်၊ ပိုက်ကိုရွှေ့တာမျိုး၊ နေရာပြောင်းတာမျိုး လုပ်ပေးစေချင်ပါတယ်” ဟု မြရတနာကျွန်းနေ ဦးစန်းလွင်က ပြောပါသည်။

သံလွင်မြစ်ဝကျွန်းများမှာ ပေါင်မြို့နယ်၊ မုတ္တကျေးရွာအတွင်း တည်ရှိပြီး
အောင်မင်္ဂလာကျွန်း ဥကံ္ကကျွန်း၊  ကလွီကျွန်း၊ ကျားကျွန်း၊ ဗျိုင်းကျွန်း၊
ရွှေဒင်္ဂါးကျွန်း၊ မြရတနာကျွန်း၊ ဇာကတွန်းကျွန်း၊ ယင်းဝိုင်းကျွန်းတို့ ပါဝင် သည်။         

Eleven Media Group ကျားပိုက်တားဆီး ငါးဖမ်းဆီးမှုကြောင့် ပင်လယ်ရေကြောင်းပြောင်း ကာ ရေစီးအားပြင်းထန်မှု ဖြစ်ပေါ်ပြီး သံလွင်မြစ်ဝရှိ ရွှေဒင်္ဂါး၊ မြရတနာ၊

အိန္ဒိယ အထပ်သား ကုမ္ပဏီလုပ်ငန်း မတ်လမှာစတင်မည်

Photo: အိန္ဒိယ အထပ်သား ကုမ္ပဏီလုပ်ငန်း မတ်လမှာစတင်မည်
Sunday, 30 December 2012

အိန္ဒိယနိုင်ငံက Century Plyboards ကုမ္ပဏီက လာမဲ့ မတ်လကစပြီး ရန်ကုန် စက်မှုဇုံမှာ ၁၁ ဧကအကျယ်မြေနေရာကို ငှားရမ်းပြီး အထပ်သားထုတ်လုပ်မယ်လို့ ကြေငြာလိုက်ပါတယ်။

အနှစ်၃၀ နဲ့ သက်တန်းထပ်တိုးနိုင်မဲ့ စာချုပ်နဲ့ ငှားရမ်းတာဖြစ်ပါတယ်။ တနေ့ကို အထပ်သား ၂ သောင်း ၅ထောင် ကုဗမီတာ ထုတ်လုပ်မှာဖြစ်ပြီး ဒီကထုတ်တဲ့ကုန်ကို အိန္ဒိယကို တင်ပို့မှာပါ။

မြန်မာနိုင်ငံက သစ်တွေကို အိန္ဒိယနိုင်ငံက ၀ယ်ယူတင်သွင်းမဲ့အစား ဒီလုပ်ငန်းက ထုတ်လုပ်မဲ့ အထပ်သားနဲ့ အစားထိုးမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရက လာမဲ့ ၂၀၁၄ ခုနှစ်မှာ သစ်တင်ပို့မှု ရပ်တန့်မှာဖြစ်ကြောင်း
ကြေငြာထားတဲ့ အတွက် နောက်ပိုင်း မြန်မာပြည်က ကုန်ကြမ်းသစ်တွေ ရမှာမဟုတ်တော့ကြောင်း Century Plyboards ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။

၂၀၁၁-၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ သစ်တောထွက်ပစ္စည်းနဲ့ လယ်ယာထုတ်ကုန် ၀ယ်ယူတင်သွင်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၄၆ ဖိုးရှိခဲ့တယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ အိန္ဒိယကုမ္ပဏီ ၆ ခုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေပြီး နောက်ထပ် ကုမ္ပဏီ ၇၀ လောက် ကလည်း ခြေလှမ်းပြင်နေတယ်လို့ ဆိုပါတယ်။ 

M
Burma-Newseliteအိန္ဒိယနိုင်ငံက Century Plyboards ကုမ္ပဏီက လာမဲ့ မတ်လကစပြီး ရန်ကုန် စက်မှုဇုံမှာ ၁၁ ဧကအကျယ်မြေနေရာကို ငှားရမ်းပြီး အထပ်သားထုတ်လုပ်မယ်လို့ ကြေငြာလိုက်ပါတယ်။

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

Photo: ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်
Sunday, 30 December 2012

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို
ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ 
တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က 
အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။

The Voice Weeklyကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့စစ် စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရန် အာဏာပိုင်များ၏ စောင့်ရှောက်မှုလိုအပ်ကြောင်း အမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား

Photo: အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရန် အာဏာပိုင်များ၏
စောင့်ရှောက်မှုလိုအပ်ကြောင်း အမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား  
Sunday, 30 December 2012

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် အာဏာပိုင်များ၏ အကူအညီနှင့် စောင့်ရှောက်မှုလိုအပ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေရန်အတွက်လည်း အမျိုးသမီးတို့ဘက်မှ ၀တ်စားဆင်ယင်မှုကို ဂရုပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မာထွန်းက ပြောကြားသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ ကျား-မ
အခြေပြု အကြမ်းဖက်မှု ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မအနေနဲ့ အမျိုးသမီးများအတွက် အကြမ်းဖက်ခံရမှုတွေကို
လျော့နည်းအောင်၊ ပပျောက်အောင်ဆိုရင် အာဏာပိုင်အဖွဲ့အစည်း
တွေနဲ့ ပြည်သူတစ်ရပ်လုံးအပြင် အမျိုးသားတွေရဲ့ ပါဝင်မှုကလည်း အထူးအရေးပါတယ်လို့ ပြောချင်ပါတယ်။ အာဏာပိုင်တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ရယ်၊ အုပ်ချုပ်သူတွေရယ်၊ ကျန်းမာရေးဌာနတွေ၊ NGO တွေရဲ့ အကူအညီတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်အောင် ၀တ်စားဆင်ယင်မှုမှာ တစ်ဦးချင်းစီရဲ့ အခွင့်အရေးဖြစ်လို့ ပြောပိုင်ခွင့်မရှိဘူး ဆိုပေမယ့် ခေတ်မီတဲ့
အ၀တ်အစားမျိုးလောက်ပဲ ၀တ်သင့်ပြီး ခေတ်လွန်နေတဲ့ အ၀တ်အစားမျိုး၊ ပြီးတော့ အမျိုးသားထုရဲ့ တဏှာစိတ်ကို ကြီးထွားစေမယ့် အ၀တ်အစားမျိုး
တွေကိုလည်း မ၀တ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကိုလည်း ယဉ်ကျေးမှုပိုင်း
အရ ထိန်းချုပ်သွားသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒေါက်တာ
ခင်မာထွန်း၊ ပြည်ကြီးခင်မှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းတို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေး၊ ကာကွယ်ပေးရေးနှင့်
ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိင်အလုပ်
သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုများနှင့် လူကုန်ကူးမှုပပျောက်ရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပကော်မရှင်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အမျိုးသမီး အခွင့်အရေးများဖော်ဆောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
တို့အတွက် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Groupအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် အာဏာပိုင်များ၏ အကူအညီနှင့် စောင့်ရှောက်မှုလိုအပ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းတွင်လည်း စပါးဈေးကျဆင်းနေ၍ ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန် နိုင်ငံတော်သို့ တင်ပြထား

Photo: ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းတွင်လည်း စပါးဈေးကျဆင်းနေ၍ ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန်
နိုင်ငံတော်သို့ တင်ပြထား  
Sunday, 30 December 2012

ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းစပါးဈေး
မှာလည်း တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ကျဆင်းလာသဖြင့် ဆန်စပါးအား အာမခံဈေးဖြင့် ၀ယ်ယူပေးရန် နိုင်ငံတော်သို့ တင်ပြ
ထားကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သတင်းရရှိသည်။

တောင်သူလယ်သမားများ၏ မိုးစပါးထွက်ရှိမှုမှာ ဒေသစုံလင်လာခြင်းနှင့်
စေပါးစိုက်ပျိုးရန် အရင်းအနှီးလိုအပ်ချက်ရှိခြင်းတို့ကြောင့် ပြည်တွင်း၌
ရောင်းလိုအားများပြားကာ စပါးဈေးမှာ ရိုးရိုးဧည့်မထ (၄၆) ပေါင် ကိုက်တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

တောင်သူများ နွေစပါးစိုက်ရန်အတွက် အရင်းနှီးလို၍ စုပြုံရောင်းချခြင်း၊ ဆန်စက်ပိုင်၊ ဆန်ကုန်သည်များ လက်ဝယ်၌ ဆန်စပါးပမာဏ များပြားပြီး ငွေအရင်းအနှီး လိုအပ်နေခြင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဆန်များစုပုံ၍ ရောင်းလိုအားများပြီး ဈေးနှုန်း
ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံမှ အဓိကတင်ပို့သော နိုင်ငံများတွင် နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆန်သင်္ဘောများ စောင့်ဆိုင်းနေရခြင်း၊ ဆန်တင်သွင်းရောင်းချရသည့် နိုင်ငံများတွင် ယခုနှစ် ဆန်စပါးအထွက်
ကောင်း၍ ကမ္ဘာ့ဆန်ဈေးကွက် အကျဖက်သို့ ဦးတည်လာခြင်းတို့ကြောင့်
ပြည်တွင်းစပါး ဈေးနှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကနိုင်ငံတော်
သမ္မတထံ တင်ပြသည့်စာတွင် ရေးသားထားချက်အရ သိရသည်။

နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ကော်မတီမှလည်း လက်ကျန်ငွေဖြင့် ၀ယ်ယူနိုင်မည့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တန်ချိန်တစ်သောင်းအား ၀ယ်ယူပေးရန်၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ပေါ်ဆန်စပါး တင်းတစ်သိန်းနှင့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်အိတ် ၅၀၀၀ မှ ၁၀၀၀၀ နေ့စဉ် ၀ယ်ယူပေးရန်၊ ဆန်ကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများမှ စပါးနှင့်ဆန်အား နေ့စဉ်ဝယ်ယူပေးရန်နှင့် စပါး၊ ဆန်ရောင်းချရန် အခက်အခဲဖြစ်နေသော တောင်သူများမှ ဒေသအလိုက် စုပေါင်း၍ စာရင်းပြုစုပြီး၊ နမူနာဆန်နှင့်အတူ နိုင်ငံတော်အရန်ဆန် ၀ယ်ယူရေးကြီးကြပ်မှု ကော်မတီနှင့် ဆန်စပါးအသင်းချုပ်ထံသို့ ဆက်သွယ်၍ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းသည် ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်များ အသင်း၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်
မြန်မာ့လယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) တို့နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်အစိုးရထံသို့ တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်
အောက်သို့ ရောက်ရှိနေသည့် စပါးဈေးအား ထိန်းသိမ်းကာကွယ်ရန်
အတွက် ဆန်တန်ချိန် တစ်သိန်းအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ၀ယ်ယူပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

Eleven Media Group ကမ္ဘာ့ဆန်ဈေးကွက် အကျဘက်သို့ ဦးတည်လာပြီး ပြည်တွင်းစပါးဈေး မှာလည်း တင်းတစ်ရာလျှင် ကျပ်သုံးသိန်းအောက်သို့ ကျဆင်းလာ

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်

Photo: ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်
Sunday, 30 December 2012

ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန် အခြေစိုက် KDDI၊ NEC ကုမ္ပဏီများ အပါအဝင် နိုင်ငံတကာ မှလည်း ဆက်သွယ်မှုများ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်လ်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

NEC ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ဆက်သွယ်ရေး စနစ်များနှင့် ချိတ်ဆက်၍ ရေအောက် အင်တာနက် ကေဘယ် စနစ် ချိတ်ဆက်မှု လုပ်ငန်းများ၊ စက်မှုဇုန် များအတွက် နည်းပညာ ပိုင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စနစ်များ၊ လုံခြုံရေး စနစ်များ နှင့် e-Government စနစ်များ စသည့် လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက် နေသော ကုမ္ပဏီကြီး
ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ NEC သည် NTT Data နှင့် KDDI တို့ပြီးနောက် မြန်မာနိုင်ငံတွင် တတိယမြောက် ရင်းနှီးမြှပ်နှံသော ဂျပန် နည်းပညာ ကုမ္ပဏီ ဖြစ်သည်။

The Voice Weeklyဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦလုပ်ငန်းလုပ်ကိုင်သောNECကုမ္ပဏီသည် မြန်မာနိုင်ငံ

ဘွဲ့နှင်းသဘင်တွင်ငွေအလွန်အကျွံကောက်ခံခြင်း

 တောင်ငူတက္ကသိုလ် နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဓာတ်ပုံ ဘိုးငွေကို  ကျောင်းသို့(၁)ခါသွင်း ဘွဲ့ကျင်းပသောနေ့ မှာ ဓာတ်ပုံ

ခင်ပွန်းထံ ထမင်းပို့ လာသောဇနီးသည် သစ်ကိုင်းရိုက်မိ သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် သစ်ထုတ်လုပ်ရေး သစ် ကွင်းအတွင်း၌ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက အမျိုးသမီး တစ်ဦး

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ယောင်္ကျားသားသုံးဦးမှ ရိုက်နှက်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဘိုကျေးရွာတွင် ကိုယ် ၀န်ဆောင်သည် အသက် ၂၅နှ စ်ရှိမအိအိသန်း (ဆွံအနားမကြားသူ)

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ

မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ်မြေဧရိ ယာစတုရန်းပေ နှစ်သန်း   ကျော်ပေါ်တွင် သုံးမြွှာယှဉ်တွဲကာ ဆောက်လုပ် မည့် အထပ်

ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ

Photo: ဆောင်းရာသီတွင်ဆံပင်နှင့်အရေပြားထိန်းရန်လိုက်နာသင့်သော အခြေခံအချက်များ
Saturday, December 29, 2012

ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်းများသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်းသည် အကြောင်း
အမျိုးမျိုးကြောင့် ပျော်ရွှင် နေကြသည်။ 

သို့သော် ဤကဲ့သို့ ပျော်ရွှင် စရာကောင်းလှသောဆောင်း လရာသီ၌ အရေပြားခြောက်ခြင်း၊ ဆံပင်များခြောက်ခြင်းက သင့်ရဲ့လှပမှု ကို လုယူသွားနိုင်ပါသည်။ 

ထို့ကြောင့် ဤကဲ့သို့မဖြစ်ပွားရန် ဆောင်းရာသီ၌ အခြေခံလိုက်နာ
သင့်သည့်အချက်များကို ဖော်ပြလိုက်ပါသည်။

(၁) ရေခပ်နွေးနွေးနှင့်ချိုးပေးပါ။ ဆောင်းရာသီဆိုသည်မှာ အရေပြား နှင့်ဆံပင်အတွက် ဂရအစိုက်သင့်ဆုံး ရာသီဖြစ်ပါသည်။ ရေနွေးပူပူနှင့်ရေ ချိုးမည့်အစား ရေခပ်နွေးနွေးလေးဖြင့် ချိုး၍ခန္ဓာကိုယ်ကိုရေဓာတ်ပြန်လည် ဖြည့် တင်းပေးနိုင်သောဆပ်ပြာမျိုးကိုသုံးပါ။

(၂) ချေးချွတ်ပေးပါ။ ဆောင်း ရာသီတွင် အခန်းတွင်းနှင့်အခန်းပြင်ပ အပူချိန်ကွာခြားမှုကအရေပြားပေါ်တွင် သက်ရောက်မှုများစွာရှိပေသည်။ ထို့ ကြောင့်ရေချိုးတိုင်းတွင်ချေးတွန်းပစ္စည်း ဖြင့်ဆဲလ်သေများကိုခွာချခြင်းကဆဲလ် သစ်များဖြစ်ပေါ်စေရန်အားပေးသည်။

(၃) ရေဓာတ်ပြန်လည်ဖြည့်တင်း ပေးသောအလှကုန်များကို အသုံးပြုပါ။ တစ်ကိုယ်လုံးရှိအရေပြားများကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ လက်သဲ၊ ခြေထောက်နှင့် နှုတ်ခမ်းတို့ကို အစဉ်သဖြင့် ရေဓာတ် ပြည့်ဝနေရန် လိုပေသည်။

(၄) နေရောင်ကာခရင်သုံးပါ။ နေရောင်ကာခရင်တွေကနွေရာသီမှာပဲ သုံးဖို့မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး အပြင်ထွက်တာနဲ့အသုံးပြုသင့်တာပါ။

(၅) ချွေးနံပျောက်ဆေး အလွန် အကျွံသုံးခြင်း ရှောင်ပါ။ ဆောင်းရာ သီ မှာ ချွေးထွက်မများတဲ့အတွက် ချွေးနံပျောက်ဆေးသုံးမှုကို လျော့သင့် ပါသည်။ အကြောင်းမှာ ချွေးနံပျောက်ဆေးများတွင် alcohol ပါဝင်သည့် အတွက် ယင်းတို့က အရေပြားမှ ရေ ဓာတ်များကို ဆုံးရှုံးစေ၍ အရေပြား ကို ခြောက်သွေ့စေသည်။

(၆) ကွန်ဒီရှင်နာအသုံးပြုပါ။ ဆောင်းရာသီတွင်ချွေးထွက်မများသည့် အတွက် ခေါင်းခဏခဏ မလျှော်သင့် ပါဘူး။ ခေါင်းခဏခဏ လျှြော်ခင်းက ဦးရေပြားကိုခြောက် သွေ့စေပါသည်။ ထို့ကြောင့်ခေါင်းလျှော်ရည်အပျော့စား နှင့်ရေကြက်သီးနွေးဖြင့်ခေါင်းလျှော်ပေး ပြီးကွန်ဒီရှင်နာကို အသုံးပြုပေး သင့်ပါသည်။အုန်းနို့နှင့်ပြုလုပ်ထားသောကွန် ဒီရှင်နာမှာ ယခုရာသီ အတွက်အကောင်း ဆုံး ဖြစ်သည်။)

(၇) ခေါင်းကို ပုံမှန်ဆီထည့်ပါ။ အလုပ်မည်မျှပင်ရှုပ်နေပါစေ၊ခေါင်းကို ဆီထည့်ပေးဖို့ မမေ့ပါနှင့်၊ ခေါင်းကို ဆီထည့်ပေးခြင်းဖြင့် ဦးရေပြား သွေး လှည့်ပတ်မှုမှန်စေပြီး ရေဓာတ်ဆုံးရှုံး မှုမှကာကွယ်ပေးနိုင်ပါသည်။

(၈) သင့်လျော်သောအလှပြင် ပစ္စည်းသုံးပါ။ ဆံပင်အခြောက်ခံစက်တွေ၊ ဆံပင်ကောက်စက်တွေ၊ ဖြောင့် စက်တွေ အသုံးမပြုပါနှင့်။ ဤဆံပင် အလှပြင်ပစ္စည်းများသည် အများအား ဖြင့် အပူကို အခြေခံပြီးပြုပြင်
ကြခြင်း ဖြစ်သည်။အကယ်၍ အလှပြင်ပစ္စည်း များကို ဆောင်းရာသီ
တွင် အသုံးပြု ပါက အရေပြားကို ဆိုးဝါးစွာ ထိခိုက် စေသည်။ ပလတ်စတစ်နှင့်လုပ်ထား သောဘီးများကိုသုံးမည့်အစားသစ်သား ဘီးကို အသုံးပြုသင့်ပါတယ်။ အထက် ကအချက်တွေပြုလုပ်ပြီးပြီဆိုလျှင်အချိန် လည်း ရ ဘဏ္ဍာရေးလည်းလုံလောက်ပါ ကအလှပြင်ဆိုင် ကောင်းကောင်းသို့
သွား၍ဦးရေပြားအတွက်လိုအပ်သော ပရိုတင်းဓာတ် ကိုဖြည့်တင်းသင့် ပါတယ်။

(၉) သိုးမွေးဦးထုပ်တွေ၊လည်စည်းတွေ၊ ခြေအိတ်တွေက စတိုင်ကျကောင်း
ကျပါလိမ့်မည်။သို့သော်ယင်းတို့ကအမွှေး အမျှင်များပြတ်ထွက်ခြင်း
ကိုဖြစ်ပေါ်စေ သည်။ အထူးသဖြင့်ဂုတ်ပိုးနှင့်နဖူးတို့၌ ဖြစ်သည်။ 
ထို့ကြောင့် ၎င်း တို့အား ဝတ်ဆင်ရာတွင်ကျပ်တည်းစွာ မဝတ်ဆင် ဘဲဦးရေပြားအတွက်လုံလောက်သော လေရရှိရန်ခပ်လျော့လျော့
ဝတ်ဆင်သင့် ပါသည်။

မိုင်ကိ
Ref:MNT
Health Updates Journal ဒီဇင်ဘာ (ဒါမှမဟုတ်) မင်္ဂလာပွဲ များ၊ ပွဲတော်များ၊ ခရီးထွက်ခြင်း များသဖြင့် ပါတီပွဲကျင်းပရာ လရာသီဖြစ် သည့်အလျောက် လူတိုင်း သည် အကြောင်း အမျိုးမျိုးကြောင့် ပျော်ရွှင် နေကြသည်။

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင်  ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း

ပါကစ္စတန် ပြန်ပေးဆွဲ သတ်ဖြတ်မှု ၂၁ ဦးသေ

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့နားမှာ  ကြာသပတေးနေ့က စစ်သွေးကြွ ရဲ့

ရခိုင်စက်လှေ အလုပ်သမားရှစ်ဦး ပျောက်ဆုံးနေမှု စက်လှေပိုင်ရှင်က ဖုံးကွယ်ထား

စစ်တွေသား ခြောက်ဦး နှင့် ကျောက်ဖြူသားနှစ်ဦးတို့ သည် ပြီးခဲ့သည့် ဒီဇင်ဘာ  (၂၁) ရက်နေ့တွင် စက်လှေလုပ်သားများအဖြစ် ကုန်သွယ်