Monday, March 25, 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူဆိုသည်ကို ဖော်ထုတ်လိုက်ပြီ

Photo: မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)
အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများလှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်း ရှာဖွေလျက်ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....
ဂိတ်ဝေးတွင်စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော်လျက်ရှိသည့်အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို
Monday, March 25, 2013
 
ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်
တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun) က လားရှိုးမြို့တွင်တွေ့ဆုံ
ဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန် လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ 
မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင်နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။


မဇ္ဈိမ ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ် တောင်း ဆိုကြောင်း Shan Herald Agency for News (SHAN) သတင်း တရပ်တွင်ဖေါ်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)


၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

ပဋိပက္ခများဖြစ်ပွားနေသည်ဟု ကောလဟာလများကြောင့် လူများစိတ်နှောင့် အယှက်ဖြစ်နေ


ရန်ကုန်(မဇ္ဈိမ)။ ။ မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာဟလများကြောင့် လူအများကြားစိတ်အနှောက်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ တဦးက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန် ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

အမျိုးသမီး ရဲတပ်သားများ လျှောက်ထားနိုင်ပြီဟုသိရ

police
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီး  ရဲတပ်သား လစာနှုန်း (၃၅၀၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်)  ဖြင့် လျှောက်လွှာ များခေါ်ယူထား  သည်ဟု သိရသည်။
လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ ၁၀.၄.၂၀၁၃ ရက်နေ့ နောက်ဆုံး ထား၍ ပေးပို့လျှောက်ထား ရမည်  ဖြစ်ကြောင်း သတ်မှတ်အချက်  အလက်များ မပြည့်စုံသည့်လျှောက်   လွှာများသတ်မှတ် ရက်ထက် နောက်ကျပြီးမှရောက်ရှိ လာသော  လျှောက်လွှာ များအား လက်ခံ

တရုတ်သမ္မတသစ် အာဖရိကတွင်ကုန်သွယ်ရေးကို ဦးတည်ပြောကြားမည်

Photo: တရုတ်သမ္မတသစ် အာဖရိကတွင်ကုန်သွယ်ရေးကို ဦးတည်ပြောကြားမည်
Monday, March 25, 2013

တရုတ်သမ္မတ တနင်္လာနေ့တွင် ပြောကြားမည့်မိန့်ခွန်း၌ ပိုမိုတိုးတက်ဆောင်ရွက်လာခြင်းကြောင့် အာဖရိကတိုက်နှင့် တရုတ်နိုင်ငံဆက်ဆံရေး ကို ဖော်ညွှန်းပြီး တရုတ်-အာဖရိက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ပြောကြား သွားမည်ဖြစ်ကြောင်း အာဖရိကတိုက်ကို တရုတ်၏ ကုန်ကြမ်း
ပစ္စည်းများ ရရှိရေးနှင့် ဈေးကွက်တစ်ခုအဖြစ် သိရသည်။

သမ္မတရှီ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်တွင် တစ်ခုအပါအဝင်
ဖြစ်သော အာဖရိကခရီးသည် ရေနံနှင့်သဘာဝကုန်ကြမ်းများ
ပေါများသည့် အာဖရိကသည် ကမ္ဘာစီးပွားရေး ဒုတိယ အင်အား အကြီးဆုံးဖြစ်သည့် ၎င်းတို့နိုင်ငံ၏ မဟာဗျူဟာမြောက်အရေး
ပါမှုကို ထင်ဟတ်စေမည် ဖြစ်သည်။

တရုတ်တို့က စီးပွားရေးဆက်နွယ်မှုကို ကျယ်ပြန့်စွာ လုပ်ဆောင်ရန် ကြိုးစားနေသော်လည်း အာဖရိကနိုင်ငံများသည် အာရှစီးပွားရေးဇုန်မှ ပစ္စည်းများကို လွန်ကဲစွာသုံးရန် ၎င်းတို့၏ကုန်ကြမ်းများကို ကုန်စင် သွားသည်အထိ ရောင်းထုတ်နေခြင်းများကို ကြုံတွေ့ရမည်ဖြစ်သည်။

အာဖရိကနိုင်ငံများသည် တရုတ်နိုင်ငံကို အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုနည်းတူ ကောင်းမွန်သည့် အခွင့်အရေးတူများ
ပေးသည့် နိုင်ငံ တစ်နိုင်ငံဟု မြင်ခဲ့ကြသော်လည်း ကုန်သွယ်ရေး
သက်တမ်း ကြာမြင့်လာချိန်တွင် ဥပဒေရေးဆွဲသူများနှုင့် စီးပွား
ရေး ပညာရှင်များထံ အခွင့်အ ရေး ပိုမိုညီမျှသည့် စီးပွားရေးသဘော
တူညီချက် ရရှိရန် တောင်းဆိုချက်များ ရှိနေကြောင်း သိရသည်။

တရုတ်သမ္မတ၏ အာဖရိကကိုလာရောက်သည့် ရည်ရွယ်ချက်
များတွင် အာဖရိကဒေသခံများသည် အာဖရိကသို့ တရုတ်နိုင်ငံ ကုန်သွယ်ခြင်း သည် အာဖရိက၏ကုန်ကြမ်းရင်းမြစ်များကို ရည်ရွယ်ရင်းဖြစ်သည်ဟူသော စိုးရိမ်မှုကို ဖြေလျှော့ရန်ဖြစ်သည်
ဟုနိုင်ရိုဘီအခြေစိုက် နိုင်ငံတ ကာနှင့် ဒေသတွင်းကုန်သွယ်ရေး ကွန်ယက်တွေးတောမှုဗဟို ဥက္ကဋ္ဌ ဂျိမ်းစ် ရှီကွာတီက ပြောကြား
သည်။

အာဖရိကရှိ တရုတ်နယ်စည်းမခြား အကူအညီပေးရေးအဖွဲ့၏
ကျေးဇူးရှိမှုကိုလည်း ၎င်းတို့၏ရည်ရွယ်ချက်အရင်းခံများကို ဂရုပြုတွေးတောလာ နေကြောင်း သိရသည်။

“တရုတ်နိုင်ငံဟာ ကျွန်တော်တို့အပေါ်မှာ တိုးတက်ရေး အကူအညီတွေ ပေးပါတယ်၊ ဒါပေမယ့် အဲလိုလုပ်တာဟာ သူတို့တစ်ခုခု ပြန်လိုချင်နေ တယ်” ဟု ဒါအက်ဆာလမ်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားသည်။

မစ္စတာရှီသည် တန်ဇနီးယားမြို့တော် ဒါအက်ဆာလမ်မြို့သို့
ရောက်ရှိနေပြီး ၎င်းမြို့တွင် တနင်္ဂနွေနေ့တွင် မိန့်ခွန်းတစ်ရပ်
ပြောကြားမည် ဖြစ် သည်။ ၎င်းသည် သမ္မတဂျာကာယာ ကီကွက်တီအစိုးရနှင့် တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ပူးပေါင်း
ရေးစာချုပ်၁၀ကျော်ကို လက်မှတ်ထိုးခဲ့ ကြောင်း သိရသည်။

သဘောတူချက်များတွင် ဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ စက်မှုဇုန်တည်ဆောက်ရေးတို့တွင် ပူးတွဲတည်ဆောက်ရန် စီမံကိန်းများပါဝင်သည်။ တန်ဇနီးယားအစိုးရကို ဆက်သွယ်ရေး အခြေခံအဆောက်အအုံအတွက် ချေးငွေ၊ အတိုးမဲ့ချေးငွေများ
ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပရော့ဂျက်အတွက် ငွေပင်ငွေရင်းမည်မျှပါဝင်သည်ကို မသိရဘဲ ချေးငွေပမာဏကိုလည်း အသေးစိတ်ထုတ်ပြန်
မထားကြောင်း သိရသည်။

တရုတ်သမ္မတသည်အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပမည့်
စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်အာ
ဖရိက၊ တရုတ်၊ ရုရှ၊ ဘရာဇီး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန်
တောင်အာဖရိကကို ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

Ref:Reuters
The Myanma Age တရုတ်သမ္မတ တနင်္လာနေ့တွင် ပြောကြားမည့်မိန့်ခွန်း၌ ပိုမို တိုးတက်ဆောင်ရွက်လာခြင်းကြောင့် အာဖရိကတိုက်နှင့် တရုတ်နိုင်ငံ ဆက်ဆံရေး ကို ဖော်ညွှန်းပြီး တရုတ်-အာဖရိက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ပြောကြား သွား မည်ဖြစ်ကြောင်း အာဖရိကတိုက်ကို တရုတ်၏ ကုန်ကြမ်းပစ္စည်းများ ရရှိရေးနှင့် ဈေးကွက်တစ်ခုအဖြစ် သိရသည်။

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ

ဝိုင်နီဆေးပြားဖြင့် အိုမင်းမှုကို အဟန့်အထားဖြစ်စေ
Monday, March 25, 2013

အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး
သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ
ကို ကာကွယ်နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်
တက္ကသိုလ် သုတေသီများကဆိုသည်။

Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်
တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြ
သည်။

SIRT1 အမည်ရှိအင်ဇိုင်းသည် ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာ ရောဂါ
များအပါအဝင် ရောဂါ(၂ဝ)မျိုးခန့်ကို ကာကွယ်ပေးနိုင်ပြီး လေ့ကျင့်ခန်းပြု
လုပ်ခြင်း၊ ကယ်လိုရီစားသုံး မှုလျှော့ချခြင်းဖြင့် ယင်းအင်ဇိုင်းကို လှုံ့ဆော်နိုင်
သည်။

ထို့ပြင်အင်ဇိုင်းလှုံ့ ဆော်ပစ္စည်းများဖြင့်လည်း SIRT1 အလုပ်လုပ်စေ
ရန်ထောက်ပံ့ပေးနိုင်ပြီး အဓိကအကျဆုံး အင်ဇိုင်းလှုံ့ဆော် ပစ္စည်းမှာ resveratrol ဖြစ်သည်။ resveratrol ကို ချောကလက်နှင့် ဝိုင်နီတွင်
ပမာဏအနည်းငယ်စီတွေ့ရပြီး ဆေးကုမ္ပဏီများစွာကလည်း resveratrol ကိုဖန်တီးထုတ်လုပ် နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကြွက်များတွင်စမ်းသပ်ချက်များအရ resveratrol ပေးထားသည့်ကြွက်
များသည် သာမန်ကြွက်တစ် ကောင်ထက် နှစ်ဆလျှင်မြန်စွာပြေး နိုင်ပြီး
(၁၅) ရာခိုင်နှုန်း သက်တမ်းရှည်သည်ကိုတွေ့ရသည်။

သီဟ
Health Updates Journal အညိုရောင်ချောကလက်နှင့် ဝိုင်နီတွင်ပါဝင်သည့် ဓါတုပစ္စည်းတစ်မျိုး သည် ဆီးချိုရောဂါ၊ အဝလွန် ရောဂါနှင့် အချို့သောကင်ဆာရော ဂါများ ကို ကာကွယ် နိုင်ပြီး အိုမင်းမှုကို ဟန့်တားထားနိုင်ကြောင်း ဟားဗတ်တက္ကသိုလ် သုတေ သီများ ကဆိုသည်။
Science ဂျာနယ်၌ဖော်ပြပါရှိ သော အဆိုပါသုတေသနကို ဟားဗတ်တက္ကသိုလ်မှ မျိုးဗီဇပါမောက္ခ ဒေးဗစ်ဆင်ကလဲနှင့်အဖွဲ့ကပြုလုပ်ခဲ့ပြီး resverastrol အမည်ရှိ ဓါတုပစ္စည်း တစ်မျိုးကို အဓိကလေ့လာခဲ့ကြသည်။

မြို့တော်ခန်းမရှေ့တွင် ခေါင်းစဉ်သုံးခုဖြင့် ဆန္ဒထုတ်ဖော်

မြို့တော်ခန်းမရှေ့တွင် ခေါင်းစဉ်သုံးခုဖြင့် ဆန္ဒထုတ်ဖော်
Monday, March 25, 2013

ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင်
ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ
ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒ
ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ လယ်မြေများသိမ်းယူ ခံ
ထားရမူများအတွက် တာဝန်ရှိသူများက အောက်ခြေအ
ထိ ဆင်း၍ ဆောင်ပေးရေး အကျင့်ပျက် လဒ်စားမူများကို တိကြစွာ ဆောင်ရွက်ပေးရေးနှင့် ရခိုင်ပြည်နယ်တွင်
လုံခြုံရေးအင်အား တိုးချဲ့ချထားပေးရန်နှင့် ပြည်တွင်းရှိ
မည်သည့်ဘာသာကို ကိုးကွယ်သည် ဖြစ်စေနိုင်ငံသား များသာ ဖြစ်ကြောင်းနှင့် ပြည်ပမှ ခိုးဝင်လာသူ များအား
နေရပ်သို့ပြန်လည်ပို့ဆောင်ပေးရေး ၊ ၀န်ထမ်းလစာများ
ကို အာဆီယံနိုင်ငံများနီးတူ ဆောင်ရွက်ပေးစေရန် ကိစ္စ
များအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူ တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ရေးနှင့် ပတ်သတ်ပြီး လုံခြုံရေး
တိုးမြင့် ချထားပေးဖို့ လိုပါတယ်။ ပြည်ပမှ ခိုးဝင်လာသူများကို
နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး နိုင်ငံတော် အေးချမ်မှသာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြသူ ဦးစိုးကြည်က ပြောကြာသည်။

ထို့အပြင် လယ်မြေကိစ္စများနှင့် ပတ်သတ်၍ တွံတေးမြို့နယ်၊
ဒလမြို့နယ်၊ သန်လျင်ကျောက်တန်း၊ ပဲခူးတိုင်းဒေသများမှ
လယ်သမားများ ပါဝင်ခဲ့ကြသည်။” ကျွန်တော်တို့ကို လယ်ထဲ
က တဲတွေကို ဖျက်ပေး။ လူကြီးတွေလာရင် တဲတွေကို ဖျက်
ပစ်မယ် ” ဟု ဒလမြို့နယ်၊ ရခိုင်ချောင်ဒေသရှိ လယ်သမား
(၄၄)ဦး ပိုင်ဆိုင်သော လယ်ဧက(၅၀၀)အား သိမ်ယူထားသော ဧရာဝတီ ရေတပ်စခန်းမှ ပြောကြောင်း လယ်သိမ်းခံရသူ လယ်သမားခေါင်ဆောင် ဦးမြသိန်းက ပြောသည်။

ပိုင်လေး
ဓာတ်ပုံ - သီဟ
The Myanma Age ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင် ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်းသိရသည်။

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့်  မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံ Newcastle တက္ကသိုလ်မှ သိပံ္ပ ပညာရှင် များသည် ၁၉၈၃ ခုနှစ် အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် Platypus ဟု အမည်ရှိသော ဖားမျိုးစိတ် များ၏ မျိုးရိုးဗီဇ များကို ပြန်လည် အသက်သွင်းယူ နိုင်ခဲ့ပြီး ၎င်းစီမံကိန်းအား ''Lazarus Project" ဟုအမည် ပေးထားကြောင်း သိရသည်။

Platypus မျိုးစိတ်၏ သတ္တဝါ များသည် အထီးများနှင့် ပြင်ပသန္ဓေ အောင်ခြင်းများ ပြုလုပ် ခဲ့ပြီးနောက် ၎င်းတို့၏ ဥများကို အစာအိမ် အတွင်းသို့ မျိုချကာ ပါးစပ်မှ တစ်ဆင့် သန္ဓေသား လောင်းများအား မွေးဖွားခြင်း ဖြစ်သည်။

သုတေသီ များသည် ဓာတ်ခွဲခန်း၌ မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ဖားမျိုးစိတ် များကို ဖော်ထုတ်ခဲ့ပြီး ပြန်လည် ရှင်သန်နိုင်ရန် အတွက် သေဆုံးခဲ့သော ဆဲလ်များအား ပြန်လည် အသက် သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ၎င်းဖားများ၏ ဆဲလ်များကို အအေး ခန်းမတွင် ထိန်းသိမ်း ထားခဲ့ပြီး အနာဂတ် ကိုယ်ပွား ဖန်တီး စမ်းသပ်မှု များတွင်လည်း အသုံးပြု သွားမည် ဖြစ်ကြောင်း Lazarus  စီမံကိန်း ခေါင်းဆောင် ပါမောက္ခ ဗီကီဟာချာက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသုတေသန ပြုအဖွဲ့သည် ၁၉၇ဝ ပြည့်နှစ်တွင် အအေးခန်း တစ်ခုအတွင်း ထိန်းသိမ်းခဲ့သည့် တစ်သျှူးများမှ သက်ရှိ ကလပ်ဆဲလ် များအား ပြန်လည် ဖော်ထုတ် ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းသည် ဇီဝဗေဒ ဆိုင်ရာ မဟုတ်ဘဲ နည်းပညာပိုင်း ဆိုင်ရာများ ဖြစ်သည့်အတွက် အလွန် ခက်ခဲစွာ လုပ်ဆောင် ခဲ့ရကြောင်း ဟာချာ က ပြောကြားခဲ့သည်။

http://bit.ly/ZOixhW သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့် မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

“ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

Photo: “ဂျပန်ဆယ်ကျော်သက်တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်”

ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ် တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

အသက်(၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမိုသိရှိလို၍ ယခုလို လုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

အမည်ဖော်မပြသော အဆိုပါ လူငယ်သည် မိခင်ရင်းကို သတ်ဖြတ်ကာ ရေချိုးခန်းထဲတွင် အနည်းဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ်ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြုခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21275 ဂျပန်နိုင်ငံတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးသည် မယ်မယ်ရရ အကြောင်းမရှိဘဲ မိခင်ကိုသတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
အသက်(၁၉)နှစ်ရှိ သံသယတရားခံက မိမိသည် မိခင်ဖြစ်သူကို သဘောမကျကြောင်းနှင့် လူ့ခန္ဓာကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိလို၍ ယခုလိုလုပ်ဆောင်ခဲ့ခြင်းဟု ရဲများထံထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြည်ပတွင် တိမ်းရှောင်နေသော ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း မူရှာရက် နေရပ်ပြန်လာ

Photo: ပြည်ပတွင် တိမ်းရှောင်နေသော ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း မူရှာရက် နေရပ်ပြန်လာ
Monday, March 25, 2013

ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း ပါဗက်ဇ်မူရှာရက် သည်
ပြည်ပတွင် လေးနှစ်ကြာ တိမ်းရှောင်နေရာမှ မတ် ၂၄ ရက်၌ ပါကစ္စတန်သို့  ပြန်လာခဲ့ကြောင်း သိရသည်။

ပြန်လာလျှင် သတ်ပစ်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက် ထားသော်လည်း နိုင်ငံအား ကယ်တင်ရန်အတွက် အသက်
အန္တရာယ်ကို ရင်ဆိုင်သွားမည်ဟု  မူရှာရက်က ပြောကြားခဲ့သည်။

ကရာချီမြို့လေဆိပ်သို့ မူရှာရက် ရောက်ရှိလာစဉ် လူရာဂဏန်းမျှသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရပြီး လေဆိပ်မှ ထွက်ခွာစဉ် လုံခြုံရေးများက အကာအကွယ်ပေးခဲ့သော်လည်း အဓိက အဝေးပြေးလမ်းမတွင်မူ ကြိုဆိုသူမရှိခဲ့ကြောင်း သိရသည်။

မူရှာရက်သည် သူ၏ All Pakistan Muslim League ပါတီကို ဦးဆောင်ပြီး မေ ၁၁ ရက်တွင် ပြုလုပ်မည့် သမိုင်းဝင် အထွေထွေ
ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်ပြန်လာခြင်း ဖြစ်သည်။ နျူကလီးယားပိုင်ဆိုင်ပြီး စစ်အုပ်ချုပ်ရေးကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရသော ပါကစ္စတန်တွင် ယင်းရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာ လွှဲပေးမည့် သမိုင်းဝင် ရွေးကောက်ပွဲဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မူရှာရက် မပြန်လာမီတွင် ရွေးကောက်ပွဲများကို ကြီးကြပ်ပေးရမည့် ကြားဖြတ်အစိုးရအတွက် ၀န်ကြီးချုပ်အဖြစ် အငြိမ်းစား တရားသူကြီး မီယာဟာဇာခန်းခိုဆိုကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

မူရှာရက်မှာ သမ္မတအဖြစ် ထမ်းဆောင်စဉ်က လုပ်ရပ်များကြောင့် အမှုများစွာ ရင်ဆိုင်နေရပြီး ယခုအချိန်အထိ နိုင်ငံတွင်း အငြင်းပွားဖွယ် ပုံရိပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

Eleven Media Group ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း ပါဗက်ဇ်မူရှာရက် သည် ပြည်ပတွင် လေးနှစ်ကြာ တိမ်းရှောင်နေရာမှ မတ် ၂၄ ရက်၌ ပါကစ္စတန်သို့ ပြန်လာခဲ့ကြောင်း သိရသည်။
ပြန်လာလျှင် သတ်ပစ်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက် ထားသော်လည်း နိုင်ငံအား ကယ်တင်ရန်အတွက် အသက်အန္တရာယ် ကို ရင်ဆိုင်သွားမည်ဟု မူရှာရက်က ပြောကြားခဲ့သည်။
ကရာချီမြို့လေဆိပ်သို့ မူရှာရက် ရောက်ရှိလာစဉ် လူရာဂဏန်းမျှသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရပြီး လေဆိပ်မှ ထွက်ခွာစဉ်

ရမည်းသင်း မြို့နယ် အတွင်း ဆူပူ အကြမ်းဖက် မှုများကြောင့် မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ မတ် ၂၃ ရက် ည ၈ နာရီခွဲ ခန့်က အင်အား ၁ဝဝ ဦး ခန့်မှ လူစုလူဝေးဖြင့် အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ခုနစ်လုံး ပျက်စီး ခဲ့ပြီး ဘာသာရေး အဆောက်အအုံ တစ်လုံး၊ လူနေအိမ် ၄၃ လုံး မီးလောင် ပျက်စီးခဲ့သည်။

အရိုးအဆစ်များ ကျန်းမာရန်

Photo: အရိုးအဆစ်များ ကျန်းမာရန်
Monday, March 25, 2013

(၁) များများလှုပ်ရှားပေးပါ။ များ များလှုပ်ရှားလေ အဆစ်အမြစ်များ တင်းနေမှု လျော့ကျလေဖြစ်ပါတယ်။ ဒါကြောင့် TV ကြည့်စဉ်ဖြစ်စေ၊ အလုပ်လုပ်စဉ်ဖြစ်စေ ခဏနားပြီး လှုပ်ရှားမှုလုပ်ပေးပါ။

(၂)အလုပ်အလွန်လုပ်၍ ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အဆစ်
တွေ နာနေလေ့ရှိပါတယ်။ အဲဒါတွေ က ရောင်ရမ်းမှု၊ ကိုက်ခဲမှုများ ဖြစ်
စေတတ်ပြီး။ အခြားအကြောင်းအရာတစ် ခုကတော့ လေးဖက်နာရောဂါ
တွေ ကြောင့် ဖြစ်စေတတ်ပါတယ်။

(၃)အန္တရာယ်များတဲ့ကစား နည်းတွေ ကစားတဲ့အခါ တံတောင် 
ဆစ်၊ ဒူးခေါင်းစတဲ့ဂျွိုင့်တွေမှာ ကာကွယ်ပေးတဲ့ပစ္စည်းတွေ ဝတ်
ဆင် ထားသင့်ပါတယ်။

(၄)ကိုယ်အလေးချိန်ထိန်းပါ။

(၅)ကြွက်သားများ ဆန့်ထုတ် သည့်လေ့ကျင့်ခန်းမျိုးကို သွေးမပူခင် မလုပ်ပါနှင့်။

(၆) အဆစ်အမြစ်အတွက် အကောင်းဆုံးအားကစားနည်းတွေက တော့ လမ်းလျှောက်ခြင်း၊ စက်ဘီးစီး ခြင်း၊ ရေကူးခြင်းတို့ဖြစ်သည်။

(၇) အဆစ်များကြားရှိကြွက် သားများ သန်မာစေရန် လေ့ကျင့်ပါ။ကြွက်
သားသန်မာလေ အဆစ်တွေ ပေါ် ဖိအားနည်းလေပါပဲ။

(၈) ဝမ်းဗိုက်နှင့် ကျောဖက်ရှိ ကြွက်သားများ သန်မာစေရန်လေ့
ကျင့်ပေးပါ။ပုံမှန်အားဖြင့် ဝမ်းဗိုက်၊ ခါးနှင့်ပေါင် များဆန့်ထုတ် 
သည့်လေ့ကျင့်ခန်းလောက်တော့ အနည်းဆုံးလုပ်ပေးသင့်ပါ
တယ်။

(၉) လေ့ကျင့်ခန်းလုပ်ပြီး နာကျင် မှုဟာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် နှစ်ရက်ကျော်သည်အထိ မသက်သာ ရင်တော့ လေ့ကျင့်ခန်းလုပ်မှုကို 
နည်းနည်းလျော့သင့်ပါတယ်။

(၁ဝ)ငါးများများစားပေးပါ။

(၁၁)နို့များများသောက်ပေးပါ။ အစိမ်းရောင်အရွက်များလည်း စားပေးနိုင်ပါတယ်။

(၁၂)ခါးမတ်မတ် လမ်းလျှောက် ပါ။ မတ်မတ်ထိုင်ပါ။ ခန္ဓာကိုယ်အနေ အထားမှန်ရန် အကောင်းဆုံးလေ့ကျင့် ခန်းက ရေကူးခြင်းပါပဲ။

(၁၃) အကယ်၍ အဆစ်အမြစ် များနာလာပါက ဆေးဝါးများမ သောက်မီ၊ ပထမဆုံးရေခဲကို အဝတ် ထဲတွင် ထည့်၍ ဒဏ်ရာပေါ်၌ မိနစ် ၂ဝခန့်
တင်ပေးထားလျှင် သက်သာ နိုင်ပါသည်။

အဝင်း
Ref: WebMD
Health Updates Journal
(၁) များများလှုပ်ရှားပေးပါ။ များ များလှုပ်ရှားလေ အဆစ်အမြစ်များ တင်းနေမှု လျော့ကျလေဖြစ်ပါတယ်။ ဒါကြောင့် TV ကြည့်စဉ်ဖြစ်စေ၊ အလုပ်လုပ်စဉ်ဖြစ်စေ ခဏနားပြီး လှုပ်ရှားမှုလုပ်ပေးပါ။

(၂)အလုပ်အလွန်လုပ်၍ ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အဆစ်
တွေ နာနေလေ့ရှိပါတယ်။ အဲဒါတွေက ရောင်ရမ်းမှု၊ ကိုက်ခဲမှု များ ဖြစ်စေတတ်ပြီး။ အခြားအကြောင်းအရာတစ် ခုကတော့ လေး ဖက်နာရောဂါတွေ ကြောင့် ဖြစ်စေတတ်ပါတယ်။

မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန် တောင်ကိုရီးယား အတည်ပြု

Photo: မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန်
တောင်ကိုရီးယား အတည်ပြု
Monday, March 25, 2013

မြောက်ကိုရီးယား၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုံးပျံလွှတ်တင်မှုနှင့် ယခု နှစ်၊ မတ်တွင် တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံး
ဖောက်ခွဲမှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု အလွန်အမင်း
မြင့်တက်ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားထံ ပထမဆုံးအကြိမ်အဖြစ် အကူအညီပြန်ပေးရန် မတ် ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအတွက် ၀မ် ၆၇၈ သန်း (အမေရိကန်ဒေါ်လာ ၆၀၅၀၀) တန်ဖိုးရှိ တီဘီရောဂါ ကာကွယ်ဆေးများကို သင်္ဘောဖြင့်ပေးပို့ရန်
တောင်ကိုရီးယား အကူအညီပေးရေးအဖွဲ့ Eugene Bell အား ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယား
ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအတည်ပြုမှုမှာ လူသားချင်း အကူအညီပေးရေးအတွက်ဟုသာ မှတ်ယူရမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ မကြာသေးမီက ပြုမူခဲ့သော ရန်စသည့်လုပ်ရပ်များကို ခွင့်လွှတ်လိုက်သည်ဟု မမှတ်ယူစေလိုကြောင်း ယင်းဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကင်ယွန်ဆပ်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ဆန်းပိုင်းတွင် သမ္မတဟောင်း လီမြောင်ဘတ်၏ ကွန်ဆာဗေးတစ်အစိုးရ တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာနှင့် မြေသြဇာများကို သင်္ဘောများဖြင့် ပေးပို့ခြင်းအား ရပ်ဆိုင်းခဲ့သည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးခြင်းတို့အား ခွင့်ပြုပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် သင်္ဘောဖြင့် ပေးပို့ထားခဲ့ခြင်း
ဖြစ်သည်။

Ref:AFP
Eleven Media Group မြောက်ကိုရီးယား၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုံးပျံလွှတ်တင်မှုနှင့် ယခု နှစ်၊ မတ်တွင် တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံး
ဖောက်ခွဲမှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု အလွန် အမင်းမြင့်တက်ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက မြောက် ကိုရီးယား ထံ ပထမဆုံးအကြိမ်အဖြစ် အကူ အညီပြန်ပေးရန် မတ် ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားအတွက် ၀မ် ၆၇၈ သန်း (အမေရိကန်ဒေါ်လာ

ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား

Photo: ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက
တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား
Monday, March 25, 2013

မကွေးတိုင်းဒေသကြီး၊တောင်  တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူကအမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။ 

(၁၅.၃.၂၀၁၃)ရက် ည(၉)နာရီအချိန်က ခင်တဲကျေးရွာနေ
ဒေါ်—–(၃၅)နှစ်သည် နေအိမ်တွင် သမီး——(၂)နှစ် အား အိမ်အလယ်ခန်းခြင်ထောင်  အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်း ဖြစ်သူကို—— သမီးဖြစ်သူ မ——–(၁၂)နှစ်၊သား——-(၇) နှစ်၊ မောင်——–(၁၀)နှစ်တို့ သည် အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲ  လျက်တီဗွီကြည့်နေပြီး ထိုနေ့ည    (၉း၃၀)အချိန်ခန့်တွင် ဒေါ်—- သည် ကလေးနို့တိုက်ပြီး ခြင်ထောင် အပြင်ဘက်သို့ကြည့်စဉ် ခင်ပွန်းဖြစ်သူ ကို—–နှင့်သမီး ဖြစ်သူ——တို့အား စောင်ခြုံ လျက်တွေ့ရ၍ မသင်္ကာသဖြင့်     ခင်ပွန်းဖြစ်သူ ကို——-အား စောင်လှပ်ခိုင်းရာ ခင်ပွန်းဖြစ်သူ   သည် သမီး——-၏ မိန်းမကိုယ်  အင်္ဂါစပ်အားလက်နှင့်ကိုင်နေသည် ကို တွေ့ရပြီး သမီးဖြစ်သူ ၀တ်ထားသော ဘောင်းဘီအနီ ချွတ်ထားသည်ကိုတွေ့ရ၍သမီးဖြစ်သူ  အားမေးရာ ခင်ပွန်းဖြစ်သူမှ သမီး    မ——-ခြုံထားသော စောင်အတွင်းသို့ ၀င်လာပြီးဘောင်းဘီ အား ဆွဲချွတ်သဖြင့် ပေါင်အား ချိတ်လိမ် ထားရာ၊ဖခင်ဖြစ်သူမှ ဘောင်းဘီအား ခြေမနှင့်ညှပ်၍ ချွတ်သဖြင့် ကျွတ်သွားကြောင်း၊ သမီးဖြစ်သူမှ မိခင်ဖြစ်သူအားတိုင်မယ်ဟုပြောရာ တိုင်လျှင်ရိုက်မည်၊လင်မယားခြင်းကွဲမည်ဟုပြော ကြောင်းသမီးကပြော၍ သားအဖ အရင်းဖြစ်ပွားသည့် ကိစ္စဖြစ်နေသောကြောင့် မိခင်ဖြစ်သူ
ဒေါ်——မှ မွေးချင်းများအား သွား ရောက်တိုင်ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅)နာရီအချိန်   ခန့်ကျမှ တောင်တွင်းကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ်သူ ကို——အား     ဥပဒေနှင့်အညီအရေးယူပေးပါရန်      တရားလိုပြုလုပ် တိုင်တန်းခဲ့သည် ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍    ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူအား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၅၈/  ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒုရဲ အုပ်သန်းဇော်မှဆက်လက် စစ် ဆေးနေကြောင်း သိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်——-မှ  ၎င်း၏ခင်ပွန်းဖြစ်သူ ကို——နှင့်    ငယ်လင်ငယ်မယားဖြစ်ပြီး အိမ် ထောင်သက်(၁၄)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊၎င်းတွင် သား(၃)ဦး၊သမီး  (၂)ဦး၊ပေါင်းသားသမီး(၅)ဦးရှိ ကြောင်း၊ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းအပေါ်   လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ 
၎င်း၏သားသမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ 
မိခင်ဖြစ်သူမှ ရုန်းကန်၊ကျွေးမွေးစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူအားလည်းရွံရွာ ကြောက်ရွံ့နေသဖြင့် ယခုအမှု
စစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာတရားသူကြီးအား တင်ပြ
အကူအညီတောင်းခံ၍လင်မယားဖြစ် သူမှ တရားဝင် 
ကွာရှင်းပြတ်ဆဲမှုအား သက်ဆိုင်ရာတရားသူကြီး ထံတွင် တင်ပြအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း၊(၂၀.၃. ၂၀၁၃)ရက်တွင် ညီအစ်ကိုမောင် နှမများအိမ်၌ ရင်ဖွင့်ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

(အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်) ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee

Photo: (အမျိုးသမီး၊ အမျိုးသားများ သတိပြုရှောင်ရှားတက်စေရန်)
ကာမစိတ်ကို နိုးကြွစေနိုင်သည့် Lady Coffee
Monday, March 25, 2013

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။

အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်
ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသား ထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူ
ကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။ကော်ဖီဧ။် ဈေးနှုန်းမှာလည်း 
အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ
နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ 

နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။

mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။........

မိုးသောက်ကြယ် ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသား များ သောက်ရန်တမျိုး နှင့် အမျိုးသမီးများအတွက် တမျိုး ထုတ်လုပ် ထားကြောင်းသိရသည် ။
အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင်ပျော်ဝင် မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာ ခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ်အချိန်အတွင်း ကာမစိတ်  ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေး သားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်းတွေရှိရသည်။

နေပြည်တော် ၊ ရန်ကုန် အနီး က မြို့ တွေ မှာ မတည် မငြိမ် ဖြစ်အောင် လုပ်

မနေ့ ညက  ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်နယ် မှာ ဆူပူ မှု လိုလားသူ တွေ က ဘာသာရေး လူမျိုးရေး အဓိကရုဏ်း တွေ ဖြစ် ဖို့   ၀င်ရောက်နှောင့်ယှက်ခဲ့ တာလို့  FNG က သတင်း ရရှိ ပါတယ်။
အုတ်ဖိုဘက်က နေ၀င်လာညနေစောင်း လောက်ကတည်းက ကားတွေနဲ့ ရောက် နေတယ်။ ပထမ တော့ ခရီးသွား တွေဘဲ ထင်တာ ပေါ့။ အထဲကို မမြင်ရဘူး၊ မှန်တွေကာထားတယ်။ တစ်ယောက်တစ်လေ အပြင်ထွက်တာတွေ့ တယ်။မိုးချုပ် တော့ နောက်ကား နှစ်စီး လောက်ထပ် ရောက်လာတယ်။ အိုးသည်ကုန်းကို ညဘက်မှာ မီးရှို့ ဖို့ စတော့တာပဲ။ ရွာသားတွေက သတိရှိပြီး မောင်းထုတ် နိုင် လို့  တော်တော့တယ် ” ဟု အိုးသည်ကုန်းရွာသား တစ်ဦး က FNG ကို ပြောပါတယ်။ အုတ်ဖို့  မြို့  ဟာရန်ကုန် မြို့  နဲ့  အနီးဆုံး မြို့ တစ် မြို့  ဖြစ်ပါတယ်။

နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ

Photo: နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ
Monday, March 25, 2013

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကိုဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း
သုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။

ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက်
အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ
ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။

ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ
ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။

ကျောင်းတော် မြေနေရာအား ၂၀၀၉  ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို  Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ 
ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။

၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော
နှစ်ပေါင်း တစ်ထောင်ကျော်က  ဗုဒ္ဓဘာသာနှင့် ပတ်သက်သော
ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ  Atish Dipankar နေထိုင်ခဲ့ရာ
နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။

နေရဉ္ဖရာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်း ရသော ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိ ခဲ့ သည်။
ကျောင်းတော်ကြီးကို ပါလမင်းဆက် ဒုတိယဓမ္မပါလ မင်း လက်ထက်အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။

သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်

Photo: သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်
Monday, March 25, 2013

ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။ 

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်
ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ
လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်
ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။ 

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်
ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ
မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်
ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေ
တဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။ 

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အ
နှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်
တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။ 

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။ 

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်
လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိ
ထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိ
တဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ
ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိ
ထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ
လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။ 

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ
ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီး
ခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်
သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။ 

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်
အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေး
ပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်
မှောက်ခေတ်က အကြောင်းအရာပါ။ 

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ
ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေး
လို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။ 

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။ 

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်း
တဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား
ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ
ဝရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့
ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။ 

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကို
ကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို
လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်း
အရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်
ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်
တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။ 

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေး
နဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင်
ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေး
ဖို့လည်း လိုအပ်ပါတယ်။ 

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်
ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါ
တယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး
တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) 
ဝီရဓမ္မ ကုသိုလ်အလုပ်များတားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်း လူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါး လုပ်နေ တဲ့ ကုသိုလ်တွေ ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန် မှလည်း သတိထား လုပ်ကိုင်သင့်ပါတယ်။ လူတွေက ထင်ကြပါ့မယ်..။
ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူး လို့ ပြော ကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာ ရှိသလို.. မသိလို့ တားမိသလို ဖြစ်သွားတာတွေလည်း ရှိတတ်ပါ တယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက် ရှိနေပြီး အပေါင်းအသင်းတွေ နဲ့ ပေါင်းစုနေထိုင်ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

အသက်ကြီးသော ဖခင်မှရသည့် ကလေးများ အသက်ပိုရှည်နိုင်

အသက်ကြီးသော ဖခင်မှရသည့် ကလေးများ အသက်ပိုရှည်နိုင်


အသက်ကြီးတဲ့ဖခင်မှ ရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်းအစီအစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်းအလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ 

အမျိုးသားသိပ္ပံအကယ်ဒမီမှ လေ့လာမှုပြုလုပ်သူတွေဟာ အမျိုးသား၁၇၇၉ ယောက်ရဲ့ DNAတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်ရှည်တာဟာ DNAခေါ်တဲ့ ခရိုမိုဆုမ်းအစွန်းမှ ဖုံးအုပ်ထားတဲ့တယ် အိုမီးယားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက သိထားကြပါတယ်။ တယ်အိုမီးယားတွေဟာ ခရိုမိုဆုမ်းတွေ မပျက်စီးအောင် ကာကွယ်မှုပေးထားပြီး များသောအားဖြင့် အသက်အရွယ်ကြီးတာကြောင့် တယ်အိုမီးယားတွေ တိုသွားတတ်ပါတယ်။ ဒါပေမဲ့သုက်ပိုးတွေရဲ့ တယ်အိုမီးယားဟာ အသက်ကြီးလာတာနဲ့အမျှ ပိုရှည်လာတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ 

တယ်အိုမီးယားတွေ တိုနေတာဟာ အသက်တိုတယ်လို့ အဓိပ္ပာယ်ရပြီး တယ်အိုမီးယား ရှည်ရင် အသက်ပိုရှည်နိုင်ပါတယ်။ ကလေးအဖေဖြစ်မယ့်အချိန်မှာ သူရဲ့ဖခင်ဟာ အသက်ပိုကြီးလေလေ တယ်အိုမီးယား ပိုရှည်လေလေလို့ သိရပါတယ်။ အသက်ကြီးမှ ကလေးအဖေဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများပေမယ့် ရေရှည်အနေနဲ့ မွေးလာတဲ့ကလေးတွေမှာ အသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ 

တယ်အိုမီးယားတွေ ရှည်တာကြောင့် တစ်သျှူးတွေနဲ့ ဆဲလ်ကြီးထွားမှုမြန်ဆန်တာနဲ့ ဆက်စပ်နေတဲ့ ခုခံအားစနစ်၊ အရေပြားနဲ့ အူတွေရဲ့လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်မှု ပိုမိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

သော်တာမောင်
Myanmar News Update

ZinYawNews အသက်ကြီးတဲ့ဖခင်မှရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်း အစီ အစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီး လာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်း အလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက် ပိုရှည်စေတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား

မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား
Monday, 25 March 2013 

မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့ နေကြပေမယ့် နှစ်ဖက်
စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား 
(V J Nambiar) က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်း၊ ပညာရေးကောလိပ်နဲ့ သာသနဝေပုလ္လကျောင်းတိုက်တို့မှာ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်
စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် မစ္စတာ ဗီဂျေးနမ်ဘီယားက
ပြောကြားခဲ့တာပါ။

"အိုးအိမ်ဆုံးရှုံးတဲ့သူတွေ၊ပစ္စည်းဆုံးရှုံးတဲ့ နေရာတွေကိုကျွန်တော် သွားကြည့်
ခဲ့ပါတယ်၊ ဒုက္ခသည်တွေနဲ့လည်း စကားပြောခဲ့ရပါတယ်၊သူတို့ရဲ့မျက်လုံးတွေ
ထဲမှာ ကြောက်နေတာတွေ စိုးရိမ်နေတာတွေ မြင်ခဲ့ရပါတယ်၊ ဒါပေမယ့် အမုန်းတရားကိုတော့ ကျွန်တော် မတွေ့ခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခုလိုအခြေအနေတွေကို သူ့အနေနဲ့စိုးရိမ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည် ကလေးငယ်တွေရဲ့ အနာဂတ်ကို အကူအညီပေးဖို့ လိုအပ်ကြောင်း၊ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းလမ်း တွေကို အသုံးပြုပြီး တိုင်းပြည်ရဲ့ ပြရုပ်ကို မြှင့်တင်ပေးဖို့လို
အပ်ကြောင်း၊ ဘာသာပေါင်းစုံကလည်း အခြေအနေတွေကို လာရောက်ဖြေရှင်းပေးတဲ့အတွက် ကျေနပ်အားရမိကြောင်း မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အဓိကရုဏ်းကြောင့် မီးလောင်ခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်
တည်ဆောက်ပေးမှာဖြစ်ပြီး၊ မြို့ကို မူလအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း
နေထိုင်နိုင်အောင် စီမံဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်ကလည်း ညွှန်ကြားထားတယ်လို့ RFA ကို ပြောပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ မိတ္ထီလာခရီးစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေ အပြင် ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မန္တလေး မစိုးရိမ်တိုက်
သစ် ဆရာတော် ဦးဝီရသူနဲ့ ရန်ကုန်အခြေစိုက် အစ္စလာမ် ဘာသာရေး
ခေါင်းဆောင်တွေလည်း လိုက်ပါခဲ့ကြပါတယ်။

သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ (၃၂) ဦးရှိပြီး၊ ဒေသခံ (၉၆၀၀) ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ
ဖော်ပြထားပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း မိတ္တီလာမြို့အကြမ်းဖက်မီးရှို့မှုဖြစ်
စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ (၁၃ )ယောက်၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၅) ယောက်နဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ (၁၇) ယောက် တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်း
စစ်ဆေးနေပြီး ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိတ္တီလာမြို့မှာ
တုတ်ဓါးလက်နက် ကိုင်ဆောင်သွားလာသူ (၅၂) ဦးကို ထိန်းသိမ်းခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
RFA Burmese

ZinYawNews မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့ နေကြပေ မယ့် နှစ်ဖက်စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား (V J Nambiar) က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်းနီးပါး ရှိနေပြီး စားသောက်မှုထက် နေရာထိုင်ခင်း အခက်အခဲများရှိနေ
Monday, March 25, 2013

မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက
ပြောကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည် အများစုမှာ စားသောက်မှု အပိုင်းထက် နေထိုင်မှုအပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကိုယ်တိုင်ကြုံ တွေ့ သူများ၏ ပြောကြားမှုအရ သိရှိရသည်။

သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်
ရောက်ရှိနေသည့် ဒေါ်ယဉ်ထွေးက “ဒီကယ်ဆယ်ရေးစခန်း အနေနဲ့ စားဖို့သောက်ဖို့ လိုအပ်မှုတွေ သိပ်မရှိဘူး။ ဒါပေမယ့် ကျောင်းမှာ လူအရမ်းများတဲ့အတွက် နေရထိုင်ရတာ အဆင်မပြေ ဖြစ်နေတယ်။
နောက်ထပ်ရောက်လာတဲ့ သူတွေကိုတော့ အပင်အောက်တွေလို
နေရာမျိုးတွေမှာ အဆင်ပြေသလိုပဲနေ ထိုင်နေရတယ်။ နေ့ခင်းဘက်တွေမှာ အရိပ်အာဝါသ မရှိသလို ညဘက်တွေမှာလည်း စိုးရိမ်စိတ်တွေနဲ့ လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်း အများစုတွင် နေထိုင်မှုအတွက် အခက်အခဲများ ရှိနေသည့်အပြင် မိသားစု ကွဲကွာနေမှုများလည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအခြေအနေနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်က “ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် လေ့လာတဲ့အခါမှာ အများစုရဲ့ အဓိက
တောင်းဆိုတဲ့အချက်က သူတို့ရဲ့ ကွဲကွာနေကြတဲ့ မိသားစုကို
ပြန်လည်တွေ့ဆုံဖို့ ပြောလာကြတယ်။ ဒါကြောင့် ဒီလို အခြေအနေတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့၊ ခရိုင်အားကစားကွင်း အတွင်းတွင်
ရောက်ရှိနေသော ဒုက္ခသည်များကို အမိုးအကာအောက်သို့
ရောက်ရှိစေရန်အတွက် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့
ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group မိတ္ထီလာမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ငါးခုတွင် ဒုက္ခသည်ဦးရေ တစ်သောင်း နီးပါး ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြော ကြားခဲ့သည်။

"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မိတ္ထီလာမြို့ အဓိကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူချ ၆ ချက်ချမှတ်

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။