ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။ “သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်း ထုတ်ပြန် ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
Saturday, March 30, 2013
ချွေးထွက်လွန်ခြင်းနှင့် ကိုယ်နံ့နံခြင်း
ချွေးထွက်လွန်ပြီး ကိုယ်နံ့နံတဲ့အခါ မိမိကိုယ်တိုင်သာမက ဘေးပတ်ဝန်းကျင်က လူတွေပါ သင့်ကိုယ် နံ့ကြောင့် စိတ်မသက်သာ ဖြစ်ရတတ်ပါတယ်။ ကိုယ်နံ့ဟာ အစားအသောက်စားသောက်မှု ပုံစံ ပြောင်း လဲတာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ထိန်းသိမ်းတဲ့နည်းနဲ့ ကာကွယ်တားဆီးနိုင်ပါတယ်။
ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ
ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမိုစိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။
အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေးချို့ယွင်းမှုများ ရှိသည် ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ကနေဒါ သံအမတ်ကြီး ခန့်အပ်
မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး ကနေဒါသံအမတ်ကြီးအဖြစ် Mark McDowell အား ခန့်အပ် တာဝန်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကနေဒါနိုင်ငံ နိုင်ငံခြားရေး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်
မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြု လုပ်ခဲ့သည့်
တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း
အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်း တန် ဖုန်းကဒ်များကို လာမည့်
ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေး မည် ဖြစ်ကြောင်း ယင်း အစည်းအဝေး
ဆုံးဖြတ်ချက်အရ သိရသည်။
ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ
ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့်အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါအချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -
မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး
မင်းလှမြို့မှာ ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မူတွေကြောင့် လူ ၁၀၀ ကျော် မတ်လ ၂၉ရက်နေ့က ရန်ကုန်ကို ထွက်ပြေး ရောက်ရှိလာပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အစ္စလန်ဘာသာဝင်တွေ ပါဝင်သလို ဗုဒ္ဓဘာ သာဝင်တွေလည်း ပါဝင် တယ်လို့ မင်္ဂလာတောင်ညွန်မြို့နယ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။
ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ
ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့်
အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေသ အပါအ၀င်
မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ညနေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ် အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန် သည်များ ထံမှ သိရှိရပါသည်။
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက် ကြသေးဘူး၊ ညနေ ဘယ်နှစ်နာရီပိတ်မယ်ဆိုတဲ့ ညွှန်ကြား ချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေး တစ်ခုပဲ ရှိတယ်။
ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦ ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူ
၂၈-၃-၂၀၁၃ ရက်နေ့ ၀၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊
ပြည်ကြီး မျက်မှန် ရပ်ကွက်၊ ၂၆x၆၆ လမ်းထောင့်ရှိ
ယာဉ်ထိန်းမီးပွိုင့်အဆောက်အဦအား လူငယ်(၄)ဦးမှ ရိုက်ချိုးဖျက် ဆီးနေကြောင်း သတင်းအရ အမှတ်(၃)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ယာဉ်ထိန်း မီးပွိုင့်အဆောက်အဦ၏မှန်များ၊မီးပွိုင့်ပုံးမှမီးကြိုးများပျ က်စီးနေပြီး
အဆောက်အဦ အတွင်းရှိ တာဝန်ကျ မှတ်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးထားပြီး
တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)ခန့် ဆုံးရှုံး ခဲ့ကြောင်းတွေ့ ရှိရသဖြင့်
တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
Michael Learns To Rock အဖွဲ့ မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ ဖျော်ဖြေပွဲနှင့် ပတ်သတ်၍ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်

ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် ရန်ကုန်မြို့တွင် မတ်လ ၃၁
ရက်နေ့ ၌ ဖျော်ဖြေ ပွဲပြု လုပ်ရန်အတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်၌
ရန်ကုန်မြို့သို့ ကာတာလေကြောင်း လိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ညနေ ၅
နာရီတွင် ယင်းတို့တည်းခိုရာ ဆီးဒိုးနားဟိုတယ် ၌ မြန်မာစာ နယ်ဇင်းများနှင့်
တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
အစိုးရ၀ယ်မယ့် ကျည်ကာကား ၅ စီး
အုပ်ချုပ်ရေးပိုင်းမှာ အသုံးပြုဖို့ ကျည်ကာကား ၅ စီး အပါအ၀င်
နောက်ဆုံးပေါ်ကား အစီးတရာကျော် ၀ယ်ဖို့ ဒီလဆန်းပိုင်း ပြည်ထောင်စုလွှတ်တော်က
အတည်ပြုလိုက်ပါပြီ။
6အထက်မှာ တွေ့ရတာကတော့ ဘရူနိုင်းစော်ဘွားကတော်တဦးရဲ့ ၁၉၉၅ မော်ဒယ် မာစီဒီး လို့ ဆိုပါတယ် (ဓာတ်ပုံ - www.benzinsider.com)
လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ကုဋေနှစ်ထောင်နီးပါး (သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄) သုံးခွင့် ရသွားပါပြီ။
အုပ်ချုပ်ရေးပိုင်းမှာ အသုံးပြုဖို့ ကျည်ကာကား ၅ စီး အပါအ၀င်
နောက်ဆုံးပေါ်ကား အစီးတရာကျော် ၀ယ်ဖို့ ဒီလဆန်းပိုင်း ပြည်ထောင်စုလွှတ်တော်က
အတည်ပြုလိုက်ပါပြီ။
6အထက်မှာ တွေ့ရတာကတော့ ဘရူနိုင်းစော်ဘွားကတော်တဦးရဲ့ ၁၉၉၅ မော်ဒယ် မာစီဒီး လို့ ဆိုပါတယ် (ဓာတ်ပုံ - www.benzinsider.com)
လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ကုဋေနှစ်ထောင်နီးပါး (သန်းပေါင်း ၁၈၄၇၀ ဒသမ ၅၀၄) သုံးခွင့် ရသွားပါပြီ။
6အထက်မှာ တွေ့ရတာကတော့ ဘရူနိုင်းစော်ဘွားကတော်တဦးရဲ့ ၁၉၉၅ မော်ဒယ် မာစီဒီး လို့ ဆိုပါတယ် (ဓာတ်ပုံ - www.benzinsider.com)
လွှတ်တော်က အတည်ပြုတဲ့အတွက် အမျိုးသားစီမံကိန်းနှင့်စီးပွား
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။
BBC လျှော့ချမှုကို ဝန်ထမ်းများ ဆန္ဒပြ၊ မြန်မာ ဌာန ထိခိုက်မှု သိပ်မရှိနိုင်

စံခလပူရီ (မဇ္ဈိမ)။ ။ ကမ္ဘာကျော် ဗြိတိသျှ ထုတ်လွှင့် မှု
ကော်ပိုရေး ရှင်း (BBC) မှ ၎င်းနိုင်ငံ၏ ဒေသစံတော်ချိန် မတ်လ ၂၈ ရက်နေ့
မွန်းတည့်မှစတင်၍ ဝန်ထမ်းများ သပိတ်မှောက် မှုကြောင့် မြန်မာပိုင်း ဌာနသို့လည်း ရိုက်ခတ်မှုရှိခဲ့ကာ တိုက်ရိုက် အသံလွှင့်မှုအစား ကြိုတင်
အသံသွင်းထုတ်လွှင့်မှုဖြင့် အစားထိုး ထုတ်လွှင့်ခဲ့ရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား
မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း
ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က
မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို
နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး
လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး သာယာဝတီ
ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အဦ နေအိမ်များ ဖျက်ဆီးမှုတွင်
ဦးဆောင်ခဲ့သူ ဇီးကုန်းမြို့နယ်မှ ၁၀ဦး၊ မင်းလှ မြို့နယ်မှ ၅ ဦး၊
မိုးညိုမြို့နယ်မှ ၂ ဦး၊ နတ္တလင်းမြို့နယ်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးအား
ဖမ်းဆီးခဲ့ပြီး မတ်လ ၂၈ ရက်တွင် မင်းလှ မြို့၌ လက်နက်ကိုင်ဆောင်ထားသူ
တစ်ဦးအား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်
မိတ္ထီလာပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့်
အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆
ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ
သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၃ ကို မတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့်
ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။မတ်လ ၂၀ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ မြို့နယ် ၁၅ မြို့နယ်တွင်
လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊
ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ
ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြ တဲ့
မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက
အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့်
သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက် လိုက်ကြပြီး မတ်လ ၂၉ ရက် ဒီကနေ့
မနက်ပိုင်း က မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိလာပါတယ်။အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်း မပြည့်ခင် အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမား တစ်ဦး ကို ဒေါ်လာ (၁၄၀) လျှော်ကြေးပေးပြီး ပြန်ခဲ့ရတယ်လို့ အလုပ်











