Monday, April 22, 2013
Market များတွင် အသုံးပြုသော POS နှင့် CCTV များ နေပြည်တော်၌ ဝယ်ယူ ရရှိနိုင်ပြီ
နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ် အတွင်း Super Market, Mini Market
များ အများအပြား ဖွင့်လှစ် လာသည်နှင့် အမျှ Market များနှင့် ဆက်စပ်မှုရှိသော
အရောင်းဆိုင်များသုံး POS ပစ္စည်း များလည်း ရောင်းအား တက်လာသည်ကို
တွေ့ရသည်။ ယခင်က POS ပစ္စည်းများကို လုပ်ငန်းရှင်များက ရန်ကုန်-မန္တလေး
ကဲ့သို့ မြို့ကြီးများသို့ သွားရောက်ဝယ်ယူ အသုံးပြု နေကြရသော်လည်း ယခုအခါ
နေပြည်တော် ဈေးကွက် အတွင်း၌ပင် ရန်ကုန်-မန္တလေး မြို့များကဲ့သို့ ဝယ်ယူ
အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ

တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို
တွေ့ရစဉ်မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ် ရက်ထက်
တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂
ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www.
pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။

တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ် ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။
တရုတ်ငလျင် သေဆုံးသူ ၂၀၃ ဦး၊ ဒဏ်ရာရရှိသူ သောင်းကျော်ရှိ
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ်၌ ဧပြီ ၂၀ ရက်က လှုပ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်
သေဆုံးသူ ၂၀၃ ဦး ရှိသွားပြီဖြစ်ကြောင်း တရုတ် တာဝန်ရှိသူများက
ပြောကြားသည်။ အဆိုပါငလျင်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ သို့မဟုတ်
ပျောက်ဆုံးသူ ၁၁၅၀၀ ရှိကြောင်း၊ ပြိုကျအဆောက်အအုံများကြားမှ
ထိခိုက် |
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ကူညီမည်ဟု G-8 ပြောကြား
ကမ္ဘာ့စီးပွားရေး
အင်အားကြီး နိုင်ငံများအဖွဲ့ (G-8) က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်
စီးပွားရေး ပြုပြင်ပြောင်း လဲ ရေးများကို ဆက်လက်ကူညီမည်ဟု
အဆိုပါနိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများက လန်ဒန်မြို့ တွင်
တွေ့ဆုံဆွေးနွေးအပြီး ပြောကြားခဲ့သည်။ G-8 နိုင်ငံခြားရေး ဝန်ကြီးများသည်
လန်ဒန်မြို့တွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် တွေ့ဆုံခဲ့ကြပြီး
ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ လုံခြုံရေးနှင့်
သာယာဝပြောရေးတို့ကို ခြိမ်းခြောက်နေသည့် နိုင်ငံတကာ ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြသည်။
ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည်
(၂၂)
ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
တက်ရောက် မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
ပြောကြားသည်။ သို့ရာတွင် တက်ရောက်မည့် ရက်အတိအကျကိုမူ ဦးဇော်ဌေးက
ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး
အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝန်၌ ဧပြီလ ၂၄၊ ၂၅
ရက်များတွင် ကျင်းပသွားရန် ရှိသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင်
အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံကြား
ရပ်ကွက်ထဲကနေရာလွတ်တွေ

၁၉၅၀ ၀န်းကျင်လောက်က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာသာကေတ ဒေါပုံအစရှိတဲ့ မြို့သစ်တွေကို တိုးချဲ့ခဲ့ကြ တယ်။ မြို့သစ်တွေမှာ နေရာလွတ်တော် တော်များများကိုထားခဲ့ကြတယ်။ စာရေး သူလေ့လာသိရှိသလောက်မြေကွက်လွတ် တွေကတော့ မီးတားလမ်း၊ စည်ပင်လမ်း ကြား၊ ရေလျှံကွင်း၊ ကစားကွင်းသမ၀ါယ မဆိုင်များနဲ့ အစိုးရအရက်ဆိုင်နေရာများ ဖြစ်ကြပါတယ်။ ဒါအပြင်မီးသတ်ကန်များ
"သံဗူး အချိုရည်/ဘီယာ များကို မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ မော့ မသောက်သင့်"
Leptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ် ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက
တနင်္ဂနွေ အားလပ်ရက် မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin
cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ
(အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာ တစ်ယောက်ဆုံးသွားတယ်။ Autopsy
result က leptospirosis ပါ။ ဘာကြာင့်ဖြစ်တာလဲ ဆိုတော့ ခြောက်သွေ
့နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့
သံဗူးတွေကိုသောက် မိ တာကြောင့်ပါ။ Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့် ဘဲ မော့သောက်ခဲ့တာပါ။
ဟန်းဆက်မျိုးစုံ အပြိုင် ရောင်းချရန် ပြင်ဆင်
ပြည်သူများထံသို့
မကြာမီရက်အတွင်း တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်း Sim Card များကို
တစ်ကတ် လျှင် ငွေ ကျပ် ၁၅ဝဝ နှုန်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ
ရောင်းချပေးတော့မည် ဖြစ်ရာ ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ အီလက်
ထရွန်နစ်ပစ္စည်း အရောင်းဆိုင် များတွင် ဟန်းဆက်မျိုးစုံကို အပြိုင် အဆိုင်
ရောင်းချ ရန် ပြင်ဆင်လျက်ရှိသည်။
၁၅ဝဝ တန် ဖုန်းငွေ ဖြည့်ကတ်များ မည်သည့် နေရာတွင် မဆိုဝယ်ယူနိုင်
ငွေကျပ် ၁၅ဝဝ
တန် CDMA-800 MHz ဖုန်းဆင်းကတ်များကို တိုင်းဒေသ ကြီးများနှင့်
ပြည်နယ်များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီး၏ စီစဉ်မှုဖြင့် ဧပြီ ၂၄
ရက်၌ ပထမ အသုတ်ရောင်းချ ပေးတော့ မည်ဖြစ်သည်။
မိတ္ထီလာ ပဋိပက္ခကြောင့် ခေတ္တပိတ်ခဲ့သည့် တက္ကသိုလ်များ မေလဆန်း၌ ပြန်ဖွင့်မည်ဖြစ်ပြီး ရပ်နားထားသော တက္ကသိုလ် စာမေးပွဲများကို ပြန်လည်စစ်ဆေးမည်

နည်းပညာ တက္ကသိုလ် (မိတ္ထီလာ) အား ဧပြီလ ၁၉ ရက်က တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော
ပဋိပက္ခ ဖြစ်စဉ်များကြောင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များကို မတ်လ ၂၂
ရက်တွင် စတင်ပိတ်ထားခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ရှိ
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်၊
မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တို့ကို ယခု မေလဆန်းပိုင်း၌ ပြန်လည်ဖွင့်လှစ်
သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသယရှိသူမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ
ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက်
သံသယရှိသူ Dzhokhar Tsarnaev သည် ဒဏ်ရာရရှိလျက် အဖမ်းခံရပြီးနောက်
ဆေးရုံတက်နေရကာ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်သော မေးခွန်းများကို
မဖြေနိုင်သည်အထိ အခြေအနေဆိုးရွားနေကြောင်း တာဝန်ရှိသူ များက
ပြောကြားခဲ့သည်။
ကော်ပီစနစ်တကျလုပ်ကြပါစို့
ဆရာကြီးပီမိုးနင်း ၁၉၃၀ခုလောက်က
ရေးခဲ့သည်။ မြန်မာပြည်တွင် လေထဲတွင်ပျံမည့်လေယာဉ်ပျံသန်းဖို့ တီထွင်နေသည်ဟု
သတင်းဖတ်လိုက်ရသောကြောင့်၊ စိတ်ပျက်မိကြောင်း၊ သူများနိုင်ငံများတွင်
လေယာဉ်ကို ဥဒဟိုမောင်းနှင်နေပြီဖြစ်ရာ ထိုလေယာဉ်ကိုဝယ်ယူပြီး၊
ပြည်တွင်းတွင်အသုံးချရမည့်အစား အချိန်ကုန်၊ ငွေကုန်ခံပြီး လေယာဉ်ကို
အစမှစတင်တီထွင်နေသော မြန်မာ့နည်းမြန်မာ့ဟန်အကြောင်း ဖြစ်သည်။
ဆရာကြီးပီမိုးနင်း၏ တိုးတက်ရေး Attitude
တရုတ်သံရုံးမှ ငြင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်ကန့်ကွက်၍ဖြစ်ကြောင်း မြန်မာအစိုးရ ၀န်ခံ
တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက
ပြောသည်။ကချင်လွတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို)နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရမှ ကန့်ကွက်၍ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို့ လည်း
စီစဉ်ခဲ့ကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြောင်း
ထိပ်တန်းရဲ အရာရှိတယောက်က ပြောလိုက်ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား
သောကြာနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မှာ ဖွက်ထားတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို
အာဏာပိုင်တွေ ရှာတွေ့ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS
ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊
ဘော်စတွန် မာရသွန်ဗုံးခွဲမှုလုပ်တယ်လို့ သံသယရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက်မှုတွေလုပ်ဖို
အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိဟုသိရ

ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ
ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန်
အစီအစဉ်ရှိကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့ထံမှ သိရသည်။











