Tuesday, June 4, 2013

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

Photo: 4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို 
Tuesday, June 4, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ဖြန့်ချိနိုင်ရန် Digicel က အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက် နိုင်ရန် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်း အထိ တိုးမြှင့် ဖြန့်ကြက် နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။ ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံ ပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်အတွက် တင်ဒါ နောက်ဆုံး အဆင့်ကို Digicel အပါအဝင် ကုမ္ပဏီ အဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်း အထန် ကြိုးစားလျက် ရှိသည်။ 

The Voice Weekly
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင်ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက် သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်

Photo: မြစ်ကြီးနားမြို့၌ မလိဇွပ်အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီး ဖွင့်လှစ်
Tuesday, June 4, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အညီ တိုးပွားလာသော ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ် လာသဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံသစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံ ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

ယခင်က မြစ်ကြီးနားမြို့တွင် နိုင်ငံတော် အစိုးရပိုင် မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့်  မူးယစ်ဆေးစွဲ ရောဂါကု ဆေးရုံကြီး များ၊ အခြားပုဂ္ဂလိက ဆေးရုံကြီးများ ဖြစ်သော မြတ်မွန် ဆေးရုံနှင့် အေး သုခ ဆေးရုံ များသာ ရှိပြီး ယခုကဲ့သို့ မလိဇွပ် ဆေးရုံကြီးပါ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သဖြင့် နယ်မြေခံ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမို ဆောင်ရွက် ပေးနိုင်တော့မည် ဖြစ်သည်။

ယင်း ဆေးရုံသစ်ကြီးတွင် မျက်စိ အထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ အရေပြား အထူးကု၊ အရိုးအကြော အထူးကု၊ သားဖွားမီးယပ် အထူးကု၊ ကလေး အထူးကုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်များဖြင့် ၂၄ နာရီပတ်လုံး ခေတ်မီ ရောဂါ စမ်းသပ် ရှာဖွေရေး စက်ကိရိယာများဖြင့် စစ်ဆေး ကုသ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ တိုးပွားလာသော ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စောင့်ရှောက်ရန် လိုအပ်လာသဖြင့် ကချင်ပြည် နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်ခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး၌ မလိဇွပ် အဆင့်မြင့် ပုဂ္ဂလိ က ဆေးရုံ သစ်ကြီးကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲသို့ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျန်းက ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငမ်ဆိုင်းက ဆေးရုံဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံအတွင်းသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု ခဲ့ကြသည်။

နိုင်/ကျဉ်း အကုန် လွှတ်မည်ဟု ဦးသိန်းစိန် ပြော

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံး မကြာမီ ပြန်လည် လွတ်မြောက်လာမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ယနေ့ညနေ ရေဒီယိုမိန့်ခွန်းတွင် ပြော ကြားခဲ့သည်။

မလေးရှားတွင် မြန်မာတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရ

မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘာရု အမ်ပန်အရပ်၊ ကားရေဆေးလုပ်ငန်း စင်တာအနီးတွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသားတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရကြောင်း သိရသည်။

မလေးရှားနိုင်ငံ ဆာလာရမ်းဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော မြန်မာအလုပ်သမား သုံးဦး အခြေအနေ မစိုးရိမ်ရ

မေ ၃ဝ ရက်နှင့် ၃၁ ရက်က မလေးရှားနိုင်ငံ ဆာလာရမ်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ဆာလာရမ်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသော မြန်မာအလုပ်သမားများ ဖြစ်ကြသည့် ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့သည် ဒဏ်ရာအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ

Photo: ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ
နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ
Tuesday, June 4, 2013

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့်ပါတ်သက်ပြီး ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့်ဝင်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ရခိုင်လူမှုကွန်ယက်အသင်းမှ တာဝန်ရှိသူ တစ်ဦးက==ဒီဆန္ဒဖော်ထုတ်ပွဲမှာ ကျွန်တော်တို့က ကုလသမဂ္ဂ အသင်းအတွက် ရေးထားတဲ့ စာတမ်း၊ဒေါ်စုအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာတမ်း၊ပြည်နယ်အစိုးရအတွက် ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။နောက်ပြီး ဆန္ဒဖော်ထုတ်ပွဲကို ဒေသခံပြည်သူတွေသိစေဖို့ လက်ကမ်းစာစောင်တွေ လည်း မနေ့က လူတိုင်းကိုဝေငှာပေးထားခဲ့ပါတယ်။ဒေသခံပြည်သူများ ကလည်း လိုလိုလားလား လိုက်ပါအားပေးခဲ့ကြတဲ့ အတွက်လည်း
ဒေသခံပြည်သူများကို ကျေးဇူးတင်ပါတယ်++ဟုပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ပြီး ပါတီပေါင်းစုံ၊ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ယက် အသင်းများစုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်တွေမြို့တွင် နေပူချိန်မှာ (၃၃ဒီဂရီ)ရှိပြီး နေအလွန် ပူပြင်းနေသည့်ကြားထဲမှ ဆန္ဒထုတ်ဖော်သူများသည် နွေအပူချိန်ကို အံတုကာ ရခိုင်ပြည်နယ်တ၀ှမ်းလုံးရှိ ဘင်္ဂါလီကုလားများအား ဘူးသီးတောင် ၊မောင်တော ကဲ့သို့ ဒေသန္တရအမိန့်ထုတ်ပြန်ပေးပါ။ပြည်နယ်အစိုးရအဖွဲ့အား ဆွဲတင်စစ် လုပ်ငန်းစီမံချက်အား အမြန်ဆုံးအကောင် အထည်ဖော်ပေးရန် တောင်းဆိုပါသည်။ကုလသမဂ္ဂသည်
လူယုတ်မာတို့၏ အသုံးချခံမဖြစ်သင့်၊လူ့အခွင့်အရေးဆိုသူများ ရခိုင်သားကိုအားနာပါ။ကျွန်တော်တို့၏ နယ်မြေကို ကာကွယ်ရန်
မွေးရာပါအခွင့်အရေးရှိသည် စသော ဗီနိုင်းများကိုင်ဆောင်ပြီး
ြွေကးကြော်သံများဟစ်ြွေကးကာ စနစ်တကျစည်းကမ်းရှိစွာ စီတန်းလှည့်လည်ခဲ့ကြသည်။ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့နယ်ဒေသခံပြည်သူများကလည်း နေပူကြီးထဲတွင် အပူဒဏ်ကိုမမှုဘဲ လက်ခုပ်တီးအားပေးခြင်းများ၊ စားစရာများ ဝေငှာခြင်းများ၊သောက်ရေသန့်များ လှုဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူလူငယ်လေးကျော်ဇံမောင်က တစ်ဦးက==ရခိုင်တိုင်းရင်းသား တစ်စုလုံးရဲ့ ဆန္ဒကို မြန်မာနိုင်ငံသာမက ကမ္ဘာ့ကသိအောင် ဖော်ထုတ်ကြတဲ့နေရာမှ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကလည်း တစ်တပ်တစ်အား ပါဝင်လိုတဲ့ စိတ်နဲ့ လိုက်လာခဲ့တာပါ။ အခုလို ဒေသန္တရအမိန့်ကိုသာ ဘင်္ဂါလီတွေ ရှိတဲ့ နေရာတိုင်းမှာသာ ထုတ်ပြန်ပေးမယ်ဆိုရင်တော့ လူဦးရေတိုးပွားမှုနှုန်းကိုလည်း ထိန်းချုပ် ရာရောက်ပါတယ်။ကောင်းပါတယ်။ကျွန်တော်ကတော့ ထောက်ခံပါတယ်++ဟုပြောကြားခဲ့သည်။

နုမရခိုင်
New Watch 
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့် ပါတ်သက်ပြီး ဒေ သန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့် ၀င်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော

Photo: တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော
Tuesday, June 04, 2013

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီ လမ်းကြောင်း ဆက် လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ် ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောကြား လိုက်ပါတယ်။ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောလိုက်တာလို့ သမ္မတရဲ့ပြောရေးဆို ခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။ အခု တွေ့ဆုံမှုဟာ နှစ်နိုင်ငံ တပ်မတော်ချင်း စစ်ရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ချင်းဆက်ဆံရေးသာ
 ဖြစ်ပါတယ်လို့ သမ္မတပြော ရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ဗြိတိသျှကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက်ဟာ ခရီးစဉ်အတွင်း မှာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ီDVB
တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိအစိုးရဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်

Photo: စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်
Tuesday, June 4, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များ နေရာပြောင်းရန် ငြင်းဆန် မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ သည့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့မှ ဒုက္ခသည်များ သည် နေရာပြောင်းရန် ငြင်းဆိုနေကြပြီး ယင်းဒုက္ခသည်များ အတွက် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့တွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရေး အတွက် ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေ သည့် နေအိမ်များမှာ ဇွန်လလယ်တွင် ပြီးစီးမည်ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် နေအိမ်များမှာ ဇွန်လ အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ဒုက္ခသည်များကို ဇွန်လကုန်တွင် အမိုးအကာအောက် ရောက်အောင် ပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသည့် နေအိမ်များသည် စစ်တွေမြို့နှင့်အလှမ်းဝေးသဖြင့် ဒုက္ခသည်အများစု နေရာ မပြောင်းရွှေ့လို ကြကြောင်း သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“လုံးဝ နေစရာမရှိတဲ့သူတွေလောက်ပဲ နေရာ ပြောင်းတာရှိတယ်။အများစုက မပြောင်းလိုကြဘူး” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ဒုက္ခသည်များ ပြောင်းရွှေ့မည့် နေရာတွင် ယာယီဈေးများပါ ပါရှိမည် ဖြစ်ပြီး လူစည်ကားလာမည့် နေရာ ဖြစ်၍ ဒုက္ခသည်များအတွက် အဆင်ပြေနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်က ပြောကြား သည်။

အလျား ၄၅ပေ၊ အနံ ၃၀ပေ၊ အမြင့် ၉ပေရှိကာ မိသားစု ရှစ်စု နေထိုင်နိုင် သည့် အိမ်ရှည် (Long House) များကို စစ်တွေမြို့တွင် ဘင်္ဂါလီ ဒုက္ခသည် များအတွက် ၁၃၀၀ လုံးကျော် ဆောက်လုပ်နေပြီး ရခိုင် ဒုက္ခသည်များ အတွက် ၆၆၉ လုံးကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့ တွင် ၅၆၀လုံးနှင့် အခြားမြို့နယ် ခြောက်ခုတွင် ၃၆၂ လုံးကို ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ွှThe Voice Weekly
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များနေရာပြောင်းရန် ငြင်းဆန်မှုများရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ

Photo: ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ
Tuesday, June 04, 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

“မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန် ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း ဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့် လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်း ၀င်ရောက်

Photo: KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်
Tuesday, June 4, 2013

KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်
နေစဉ်အတွင်း လမ်းများတွင်မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့်ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက
နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံး
ရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်
ခဲ့သော ကိုမြထွေးက ပြောပြခဲ့သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး
ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု
ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများ
အနေဖြင့် ကောင်းကျိုးများမရှိခဲ့ကြကြောင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်
သော ဒေသခံအားလုံး၏အကျိုးကို ဆောင်ရွက်စေလိုကြောင်း၊တပ်သားသစ်
စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင်
စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ
တို့အတွက် ဆွေးနွေးမှုမရှိသလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့ အတွင်းတွင် လူမျိုး ခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ် သည့် အခြားတိုင်ရင်းသား ဒေသခံလူမျိုးတပ်ဖွဲ့ဝင် များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News
KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်
Tuesday, June 4, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ (သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထားထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာတွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေးကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ELEVEN
အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့ သည် ဟု သတင်းရရှိသည်။

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

Photo: ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်
Tuesday, June 4, 2013

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိဘဲ ယာဉ်ဖြတ်သန်းစဉ် ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းသာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသဖြင့် လမ်းပိတ်ဆို့ခြင်းအား သက်ဆိုင်ရာမှ ပြန်လည်စဉ်းစား ပေးစေလိုကြောင်း၊ ထိုသို့ အဝေးပြေး လမ်းမကြီးအား နှစ်စဉ်ယာဉ်ဖြတ်သန်းခွင့် ပိတ်ဆို့ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများ၏ စားဝတ်နေရေးနှင့် ပညာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင်လည်း ဇွန် ၁ ရက်မှ စတင်ပြီး အိမ်မဲ-ကျောင်းကုန်း၊ အိမ်မဲ-ပန်းတနော် ကားလမ်းကို ခြောက်တန်အထက် ယာဉ်များ ဖြတ်သန်းခွင့် မပြုကြောင်း ကျောင်းကုန်းမြို့နယ် ဆောက်လုပ်ရေးမှ အကြောင်းကြားခဲ့သောကြောင့် အိမ်မဲမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာက ရန်ကုန်ကားဆိုရင် ကားကြီပဲရှိတာ။ အခု ၆ တန်အထက် မဖြတ်နဲ့ဆိုတော့ ကားမထွက်ရတော့ဘူးပေါ့၊ အရင်ကဆို ဒါးကလမ်းက သွားလို့ရတယ်။ အခုဒါးကလမ်းကလဲ ပိတ်ထားတော့ ကားမထွက်ရဘူးပေါ့၊ ကျောင်းကုန်းလမ်းက နှစ်တိုင်းမိုးတွင်းဆို ပိတ်တယ်။ လမ်းကျတော့ တစ်ခါမှမပြင်ဘူး။ ခရီးသည်တင်ယာဉ်တော့ ဖြတ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင်အိမ်မဲကနေ ဘယ်မှသွားလို့ ရမှာမဟုတ်ဘူး'' ရွှေပြည်သာ ခရီးသည်ပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးအောင်နိုင်သိန်းက ပြောကြားသည်။

''ဇွန်၁ရက်နေ့မှာ ကျောင်းကုန်း AE က အိမ်မဲ ကျောင်းကုန်းလမ်းကို ခြောက်တန်အထက် မသွားရဘူး ပြောပါတယ်။ ကျွန်တော်တို့က ငါးရက်ခန့် ဆိုင်းပေးပါ ပြောတာမရဘူး။ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံအကူအညီတောင်းလို့ မနက်ဖြန် ကားတွေ ပြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ ဒီနေ့ရောက်လာတဲ့ တောရွာက ခရီးသည်တွေကိုတော့ ကားလေးနှစ်စီးငှားပြီး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု အိမ်မဲမြို့နယ် မထသဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

ဟင်္သာတမြို့နယ် နင်းကြမ်းယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ သွားလာခွင့်မရဘဲ ပိတ်မိနေသည်ကို ဇွန် ၃ ရက်နံနက်က တွေ့ရစဉ်

ELEVEN
ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်

Photo: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်
Tuesday, 4 June 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ် လာ ၅၀၊ ပြည်ဝင် ဗီဇာ (အစည်းအဝေး/ အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု) ဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၄၀၊ ဖြတ်သန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကြောင်း၊ ခွင့်ပြုကာလမှာ လုပ်ငန်းဗီဇာဖြင့် ၇၀ ရက်၊ ပြည်ဝင်ဗီဇာဖြင့် ၂၈ ရက်၊ ဖြတ်သန်းဗီဇာဖြင့် ၂၄ နာရီ ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိ...

''သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် ထုတ်ပေးပါတယ်။ စည်းကမ်းတွေအရ မိဘရဲ့ နိုင်ငံကူးလက်မှတ်မှာ ပူးတွဲပါရှိတဲ့ အသက်ခုနစ်နှစ်အောက် ကလေးတွေကို အခမဲ့ ပြည်ဝင်ခွင့်ပြုပါတယ်။ သတ်မှတ်ချက် မပြည့်စုံလို့ ဆိုက်ရောက် ဗီဇာထုတ်မပေးလို့ ပြန်သွားရတာ တစ်ဦးရှိခဲ့တယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွား ၁၆၀၇၉၅ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ လေးလပတ်အတွင်း ၇၈၀၀၀ ကျော် ၀င်ရောက်ခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

ELEVEN
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လစတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်

Photo: ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်
Tuesday, June 4, 2013

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင် တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့် လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍ ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။

''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။ သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ELEven
ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။