Friday, October 25, 2013
Miss Universe Myanmar မိုးစက်ဝိုင် အင်တာနက်တွင် မဲအများဆုံး ရရှိနေ
Miss Universe 2013 ပြိုင်ပွဲကြီး မစ တင်မီ မြန်မာနိုင်ငံကိုယ်စားပြု
အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar မိုး စက်ဝိုင်သည်
လူကြိုက်အများဆုံး ဖြင့် အင်တာနက်တွင် မဲအ များဆုံး ရရှိထားကြောင်း သိရသည်။
မိုးစက်ဝိုင်သည် အင်တာ နက်မဲပေးမှုစနစ်တွင် အောက်တို ဘာ၂၄ရက် ညနေ ၅နာရီ
၄၅မိနစ် တိတိတွင် မဲပေးမှု ၁၈၉၄၇၈ အ များဆုံးဖြင့် ရပ်တည်နေခဲ့သည်။
တက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် လယ်သမားသားသမီး အယောက် ၁၀၀ ကို ဆန်စပါးအသင်းချုပ်က ပညာသင်စရိတ် ထောက်ပံ့
တောင်သူလယ်သမား
သားသမီးများထဲမှ အထက်တန်းအောင်သော်လည်း တက္ကသိုလ် ဆက်တက်ရန်
အခက်အခဲဖြစ်နေသူများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစကာ မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်က အထောက်အပံ့ပေးရန် အယောက် ၁၀၀ ကို အောက်တိုဘာလ၂၃ ရက်က
ရွေးချယ်ပြီးဖြစ်ကြောင်း ဆန် စပါးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ
ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။
နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်မပြု
မွန်ပြည်နယ်
မော်လမြိုင်မြို့တွင် တည်ဆောက်ရန် စီစဉ်ထားသော ၅၀ မဂ္ဂါဝပ်
သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့တွင် ပြောင်းလဲ တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုပေးရန်အတွက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပေးပို့လာသော သဝဏ်လွှာ ကို
ပြည်ထောင်စုလွှတ်တော်က အတည်မပြုဘဲ နိုင်ငံတော် သမ္မတထံ ပြန်လည်
ပေးပို့ ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ထိုင်းဘုရားဖူးကားမှောက် ၂၂ဦး သေ၊ ၁၆ဦးဒဏ်ရာရ
ထိုင်းနိုင်ငံမြောက်ဘက်ရှိ လျှိုမြောင်တစ်ခုတွင် ဘုရားကျောင်း မှပြန်လာသော
ခရီးသည်တင် ဘုရားဖူးဘတ်စ်ကားတစ်စီး အ ရှိန်ပြင်းပြင်းဖြင့်
လျှိုထဲသို့ပြုတ်ကျ ခဲ့ရာ ခရီးသည်ပေါင်း ၂၂ဦးသေ ဆုံးခဲ့ရကြောင်း အောက်တိုဘာ
၂၃ရက်တွင် ရဲကပြောခဲ့သည်။ကားမောင်းသူသ ည် လမ် ပန်ပြည်နယ်ရှိ ဝန်နူအာခရိုင်မှ အ ကောက်အကွေးများသော တော လမ်းအတွင်းက လျှိုမြောင်တွင် မီ တာ ၃၀(၉၈ပေ)ခန့်အထိ ပြုတ်မ ကျမီ ကားကိုအရှိန်မထိန်းနိုင်ဖြစ် ခဲ့ကြောင်း ဗိုလ်မှူးဆွမ်ဒက်တော ပြောသည်။ ထိခိုက်ဒဏ်ရာရသူ များထဲတွင် ကားမောင်းသူအပါ အဝင် ၁၆ဦးရှိကြောင်း သိရသည်။
စိုက်/ဘဏ် မန်နေဂျာနှင့် သေဆုံးသူ အုပ်ချုပ်ရေးမှူးတို့အကြား ငွေကျပ် (၃၂၈) သိန်း ပျောက်ဆုံး
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်၊ ကဒက်ကွင်း ကျေးရွာရှိ
တောင်သူလယ်သမား (၉၄)ဦး ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ (၃၂၈)
သိန်းအားကျေးရွာ ဘဏ်ကော်မတီ ဥက္ကဋ္ဌဖြစ်သော ကျေးရွာ
အုပ်ချုပ်ရေးမှူးအားပြန်လည် ပေးဆပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သေဆုံး
သွားသောကြောင့် ၎င်း အုပ်ချုပ်ရေးမှူးနှင့် စိုက်/ဘဏ် မန်နေဂျာတို့ နှစ်ဦးကြားတွင် ငွေနှင့် စာရင်း ဇယားများ ပျောက်ပျက်နေကြောင်း သတင်းရရှိသည်။

