မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူဈေးကွက်နှင့် ကုန်သည်လှောင်လက် အချို့၏ အရောင်းဈေးကွက်၌ မေလ ဒုတိယပတ်မှ စတင်ကာ ငရုတ်သီး အခြောက်မျိုးစုံ ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ်ရှစ်ထောင်ခန့် မြင့်တက်ခဲ့ကြောင်း စားသုံးသူများ၊ အရောင်းဆိုင်များနှင့် ကုန်သည်များက ပြောကြားသည်။