Sunday, June 22, 2014
ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်း လျှောက်လွှာများ ဇွန်လ ၂၄ တွင် မဲဖောက်မည်
ရန်ကုန်− ဒဂုံမြို့သစ်မြောက်ပိုင်း ရှိ ဗိုလ်မင်းရောင်အိမ်ရာစီမံ ကိန်း လျှောက် လွှာလျှောက်ထားသူများ ကို ဇွန်လ ၂၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မဲဖောက်ပေးမည်ဖြစ်သည်။
စစ်ကျန်ဗုံးသီးဟောင်းနှင့်ကျည်ဆန်ဟောင်းများ တူးဖော်တွေ့ရှိ
မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ အုပ်စု စိတ္ထိန်းတောင်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဇွန်၂ဝ ရက် နံနက် ၇ နာရီက ညစောင့်နေအိမ်တဲ ဆောက်လုပ်ရန်အတွက် ပင်မ အဆောက်အအုံ၏ မြောက်ဘက် ၄၆ ပေအကွာတွင် ပန်းရန်ဆရာ ဦးမိုးမြင့် ဇော်နှင့်အဖွဲ့က မြေကျင်းတူးဖော်ရာ အနက် ၁ ဒသမ ၅ ပေအရောက်တွင် ဂျပန်ခေတ် စစ်လက်ကျန်ဟု ယူဆရ သော ဗုံးသီးဟော င်းနှင့် လေယာဉ်ပစ် ကျည်များ၊ မိုင်းဟောင်းများတွေ့ရှိ၍တူးဖော်ထုတ်ယူခဲ့ပြီး ဗုံးသီးနှင့် ကျည် ဟောင်း ၁၇၅ လုံး တူးဖော်အပြီးတွင် မြေကျင်း အတွင်း၌ များစွာကျန်ရှိသေး ကြောင်းသိရသဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်ထံ အကြောင်းကြားခဲ့ ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်နယ်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မှူးမင်းသိန်း၊ ပုပ္ပား ရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်ဇော် ဖုန်းရှိန်တို့ ကနဦးရောက်ရှိ စစ်ဆေး ၍ လုံခြုံရေး တာဝန်ယူထားခဲ့ကြောင်း သိရသည်။
စပိန်ကွင်းလယ်သမား အလွန်ဆို လက်ရွေးစင်ကစားသမားဘ၀က အနားယူမည်
Alonso-Xabi-001လက်ရှိ ချန်ပီယံစပိန်အသင်း အုပ်စုအဆင့်ကနေ စောစောစီးစီး အိမ်ပြန်ရတဲ့အတွက် ကွင်း လယ်သမား အလွန်ဆိုက လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ် လို့ ပြောပါတယ်။
ဂုဏ်ရည်အေးကျော် ကချင်ပြည်နယ်ရှိ စာသင်ကျောင်းများဆောက်လုပ် လှူဒါန်းခြင်းကို ဖိလစ်ပိုင်အလှမယ်နှင့် အတူဆောင်ရွက်မည်
အလှမယ် ဂုဏ်ရည်အေးကျော် က သြဂုတ်လတွင် ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းဆောင်များ လှုဒါန်းမည့် အစီအစဉ် ကို Miss International 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် နှင့်ပူးပေါင်း လုပ်ဆောင်မည်ဟု ဂုဏ်ရည်အေးကျော်က မဇ္ဈိမ ကို ပြောသည်။
တရုတ်ရိုးရာ ခွေးသားစားပွဲတော်ကို ဆန့်ကျင်ကန့်ကွက်
တရုတ်နိုင်ငံတောင်ပိုင်းက ယူလင်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာခွေးသားစားပွဲတော်မတိုင်ခင် ဇွန်လ ၂၁ ရက်နေ့က တိရစ္ဆာန် ကာကွယ်ေ စာင့်ရှော က်ရေး လှုပ်ရှားသူတွေနဲ့ ဒီပွဲတော်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ဝန်ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးက အနားပေး၍ ဧရာဝတီ တိုင်း ပြည်သူများ ဆန္ဒပြမည်
သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီး ကာ ရာထူးမှ အနားပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်းအတွင်း ရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။
ပါကစ္စတန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရ
ပါကစ္စတန်နိုင်ငံတွင် အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး သစ်ပင်၌ ဆွဲကြိုးချ အသတ်ခံရသည်ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောသည်။ ယင်းအမှုမှာ ပြီးခဲ့သည့်လတွင် ပါကစ္စတန်နိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်၍ လူသတ်သည့်အမှုများနှင့် ဆင်တူနေသည်။
တယ်လီနောနှင့် အော်ရီဒူး SIM Card အရောင်းဌာနများတွင် Samsung ဖုန်းများ တွဲဖက်ရောင်းမည်
တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာတို့က Samsung မိုဘိုင်းလ်ဖုန်းများကို ၎င်းတို့ ဖွင့်လှစ်မည့် SIM Card အရောင်းဌာနများတွင် SIM Card များနှင့်အတူ တွဲဖက်ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်
ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲ ဥပဒေများအရ သိရသည်။
ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူ များ အတွက်ရေး သားလိုက် ရပါတယ်။
‹
›
Home
View web version