Monday, August 31, 2015
ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများ ဥပဒေဘောင်အတွင်းမှ ဒီချုပ်ကန့်ကွက်မည်
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပညာပေးဟောပြောသောခရီးတွင် လူအချို့ ဆန္ဒပြ၊ အဖွဲ့အချို့က ဒေသခံများအား ငွေနှင့်ဆန်ပေးထမင်းကျွေးကာ ဘုရားဖူးခေါ်ဆောင်မှုလည်းရှိ
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးရေးကာလမရောက်မီ စည်းမျဉ်းစည်းကမ်းနှင့်မညီသော မဲဆွယ်ခြင်းများပြုလုပ်ပါက ဥပဒေဘောင်အတွင်းမှ ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
သြဂုတ် ၃၀ ရက်က နေပြည် တော်ကောင်စီနယ်မြေ မြို့နယ်လေးခုရှိ ဒေသခံများနှင့် ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်စဉ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဇမ္ဗူသီရိမြို့နယ် ရှိ ပြည်သူတစ်ဦးကပါတီများအ နေဖြင့်ရပ်ရွာဖွံ့ဖြိုးမှုကိုအကြောင်း ပြပြီး မဲဆွယ်စည်းရုံးနေမှုသည် ဥပဒေနှင့်ညီညွတ်မှုရှိလားဟု ဒေါ် အောင်ဆန်းစုကြည်အား မေးမြန်း ခဲ့ရာ..
နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လွတ်လပ်ခွင့်ပေးရန် ထေရ၀ါဒကွန်ရက် တောင်းဆို
နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန်အတွက် အစိုးရကို တောင်းဆို ကြောင်း ထေရ၀ါဒဓမ္မကွန်ရက်က သြဂုတ် ၃၀ ရက် နိုင်ငံတော်ဘာ သာနေ့တွင် ထုတ်ပြန်သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဘာသာ နေ့အခမ်းအနားများကို ၂၀၁၃ မှ စတင်ကျင်းပခဲ့သော်လည်း အစိုး ရအနေဖြင့် လွတ်လပ်စွာ ကျင်းပ ခွင့်မပြုဘဲ ကန့်သတ်မှုများ ရှိခဲ့ ခြင်း၊ နိုင်ငံတော် ဘာသာနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပခွင့်မပြု ခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ကွန်ရက်သဘာပတိ ဓမ္မစက္ကဦးမောင်မောင်က ပြော ကြားသည်။
ထေရ၀ါဒဓမ္မကွန်ရက်တွင် မြို့နယ်အဖွဲ့ခွဲများ၊ မနောဖြူ၊ ဗ လငါးတန်၊ မျိုးချစ်သွေး၊ ၀ံသပါ လ စသည့် လူမှုရေးပရဟိတအဖွဲ့ ပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၁၃၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်
ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။
ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။
