Tuesday, February 12, 2013
ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာသင်တန်းများ
ကလေးများအတွက်နွေရာသီအင်္ဂလိပ်စာသင်တန်းများ အသက် ၇ မှ ၁၅ နှစ် ကလေးများ အတွက် နွေ ရာသီ အင်္ဂလိပ်စာသင်တန်းများကို မတ်လ (၂၇) ရက် မှ ဧပြီလ (၁၁) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်)တွင် ဖွင့်မှာဖြစ်ပါတယ်။
ပြည်တွင်းစစ်အကြောင်း တိုင်းဝန်ကြီး ဘာပြောသလဲ
ပြည်တွင်းစစ်ကြောင့် အထိနာတာ ပြည်သူတွေပါပဲ လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအကြောင်း ပြောကြရအောင် (ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော် နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် အင်တာဗျူး)
ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်အား ဇန်နဝါရီလစောစောပိုင်းက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးအောင်ဇော်က သံအမတ်ကြီးအား မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု၏ သဘောထားရပ်တည်ချက်၊ မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်မတော် ဆက်ဆံရေး၊
ဝိုင်းစုခိုင်သိန်း နှင့် ဥက္ကာ တို့၏ မဂ်လာဦးဆွမ်းကျွေး ဓါတ်ပုံများ
ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ
Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။
မြစ်ဆုံအဓွန့်ရှည်ရေး ၁၆ ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မ ပွဲတော်
မြစ်ကြီးနား (
မဇ္ဈိမ
)။ ။ တိုင်းပြည်တဝှမ်း ငြိမ်းချမ်းကာ ကျမ်းမာပျော်ရွှင်သော နိုင်ငံ ဖြစ်ရန်အတွက် မြစ်ကြီးနား
မြို့နယ်၊ တန်ဖရဲကျေးရွာ (ဧရာဝတီ မြစ်ဆုံဘေး)ရှိ မာရိယာ ကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းဝင်းတွင် ၁၆ ကြိမ်မြောက် ပွဲတော်ကို တနင်္လာနေ့က ကျင်းပခဲ့ကြရာ ပရိသတ် ၂,၀၀၀ ကျော် တတ်ရောက်ခဲ့ကြသည်။
နီပွန်ဖောင်ဒေးရှင်းမှ KNU /KNLA/DKBA အဖွဲ့များသို့ ဆန်အိတ်များ လှူဒါန်း
ကရင်ပြည်နယ် ဖားပွန်မြို့ နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သရေဖိုးကွီးကျေးရွာသို့ နီပွန်ဖောင်ဒေးရှင်းက ယနေ့(ဖေဖော်ဝါရီ၁၂ရက်) နေ့ လည်တွင် ဆန်အိတ်များသွားရောက် လှူဒါန်းခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံအခြေစိုက်နီပွန်ဖောင်ဒေးရှင်းက
ပြည်ထောင်စုနေ့တွင် ဒီမိုကရေစီမိတ်ဆွေပါတီများမှ နိုင်ငံရေးအဖွဲ့အစည်းများအားလုံးပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပရန် တိုက်တွန်း
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်
နိုင်ငံရေးအဖွဲ့အစည်းများအားလုံ
းပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခ
ံတစ်ရပ်ကို အစိုးရမှ ကျင်းပပေးရန် ဒီမိုကရေစီမိတ်ဆွေပါတီများက တိုက်တွန်းလိုက်သည်။
တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ကေအိုင်အေ အဖွဲ့တို့ လက်ဆွဲ နှုတ်ဆက်
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး အမြန် ရရှိရန် ရည်ရွယ်၍ တပ်မတော်သည် နိုင်ငံတော် သမ္မတ ရုံး၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် နေ့နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ သတင်း ထုတ်ပြန် ကြေငြာချက် (၃/၂၀၁၃)ပါ အတိုင်း မိမိကိုယ်ကို ကာကွယ်ခြင်းမှ အပ ပစ်ခတ် တိုက်ခိုက်မှု မပြုခြင်းအား အလေးထား
သမ္မတအိုဘားမား နိုင်ငံတော် အခြေပြမိန့်ခွန်း စီးပွားရေး ဦးစားပေးမည်
မနက်ဖြန် ဗုဒ္ဓဟူးနေ့ အမေရိကန် စံတော်ချိန် ညပိုင်း သမ္မတ အိုဘားမား ဟာ အမေရိကန် လွှတ်တော်ထဲကနေ တိုင်းပြည်အ၀ှမ်းကို နိုင်ငံတော် အခြေပြ မိန့်ခွန်းတရပ် ပြောဆိုဖို့ ရှိပါတယ်။ မနှစ်ကလိုပဲ ဒီနှစ်မှာလည်းပဲ အမေရိကန် စီးပွားရေးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်၊ သူ့ရဲ့ အစီအစဉ်တွေကို အဓိကထား ပြောဆိုလိမ့်မယ်လို့ တွက်ဆရပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ဆက်ပေးမှာပါ။
ပုပ်ရဟန်းမင်းကြီးနေရာ အစားထိုးမည့်ပုဂ္ဂိုလ် ခန့်မှန်းချက်တွေထွက်ပေါ်
အခုလို ပုပ်ရဟန်းမင်းကြီး Benedict ရာထူးတာဝန်ကနေ မမျှော်လင့်ဘဲ နှုတ်ထွက်သွား တဲ့နောက်တော့ တကမ္ဘာလုံးမှာရှိတဲ့ ရိုမန်ကတ်သလစ် ဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ အကြီးအကဲနေရာကို ဘယ်သူ အစားထိုးမလဲ ခန့်မှန်းပြောဆိုမှုတွေ၊ တွက်ဆမှုတွေ ရှိလာကြပါတယ်။
ပုပ်ရဟန်းမင်းကြီး အနားယူမှုအပေါ် နိုင်ငံတကာ တုံ့ပြန်
လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အသက်အရွယ် ကြီးရင့်လာတဲ့ အတွက် ပုပ်ရဟန်းမင်းကြီး Benedict အနားယူမယ်ဆိုတဲ့ သတင်းကို ကြားရလို့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ ဧ၀ံဂေလိခရစ်ယာန် အသင်းတော် ဘာသာရေးခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ
အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ်
ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
တမူးမြို့ နန်းသလက်ချောင်းတံတားအား ကသည်းလက်နက်ကိုင်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီး
အဆိုပါကြေငြာချက်တွင် တမူးမြို့နန်းသလက်ေ ချာင်းတံတား၊ ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့်ပတ် သက်၍ အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်က သဘော ထားအမြင်ထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။
ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်
ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။
ကလေး၊ တမူး၊ ချင်းတောင်ဘက်မှ မူးယစ်ဆေးဝါးကိစ္စ
ကလေး၊ချင်းတောင်၊တမူး ဒေသတွင် ယခု ရက်ပိုင်းမူးယစ် ဆေးဝါးများသိန်းပေါင်းေ ထာင်ချီ သောင်းချီ ဖမ်းမိနေသည်။ ကလေး ဒေသခံတစ်ဦး အဆိုအရကလေး၊ တမူးဒေသတွင် ရုတ်တရက်ချမ်း သာကြီးပွားလာပါက လိုင်းကောင်း ကောင်းမိထားသူ ဟုဆိုကြသည်။ အရပ်ထဲမှာတော့ တိုးတိုးတိတ် တိတ်ဘာပစ္စည်းလုပ်သည်ကို သိ ကြသည်ချည်းဖြစ်သည်။ ကလေး ဒေသတွင်တော့
မြောက်ကိုရီးယားက တတိယအကြိမ်မြောက် မြေအောက်အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်မှု ပြုလုပ်ခဲ့ဖွယ်ရှိသည့် အထောက်အထားများ တွေ့ရှိ
မြောက်ကိုရီးယားသည် ခြိမ်းခြောက်ထားသည့်အတိုင်း တတိယအကြိမ်ြေ မာက် မြေအောက် အဏုမြူဗုံး ဖောက်ခွဲစမ်းသပ်မှု ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ခဲ့ဖွယ် ရှိသည့် အထောက်အထားများ တွေ့ရှိခဲ့ရ သည်ဟု နိုင်ငံတကာမှ စောင့်ကြည့် သည့် အေဂျင်စီများက သတင်းထုတ်ပြန်ခဲ့ကြသည်။
ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရပြီး ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား
ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရပြီး ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီလ၁၂ရက်နေ့တွင် ကျရောက်သည့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က''ကိုလိုနီနယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် လွတ်လပ်ရေးရပြီးမှစ၍ အမိနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသား ညီအကိုမောင်နှမများ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရကြောင်း လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ ဝါဒစွဲ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲခဲ့ကြရကြောင်းနှင့် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရကြောင်း ''ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
''မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် အဓိကလိုအပ်ချက် ဖြစ်ကြောင်း၊မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေကြောင်း''နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ့အုပ်ချုပ်မှု၊ဖိနှိပ်သွေးစုပ်မှု၊ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ပျက်ပြားမှုစသည့် ခါးသည်းသော အတွေ့အကြုံများအား သင်ခန်းစာယူကာ တိုင်းရင်းသားအားလုံးက အမိမြန်မာနိုင်ငံကြီး ထာဝရငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား ညီအကိုအချင်းချင်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။
ထို့ပြင် ပြည်တွင်း၊ပြည်ပအဖျက်သမားများ၏ အန္တရာယ်ကိုလည်း တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းကာကွယ်တားဆီးဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။
''ကိုလိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည်ဖော်မှု တိုင်းရင်းသား ညီအကိုတို့အပေါ် မတရားဂုတ်သွေးစုတ်ပြီး စိုးမိုးချယ်လှယ်မှု မြန်မာ့သယဇာတတို့ကို မတရားရယူ သိမ်းပိုက်မှု စသည့် ခါးသည်းသော အတွေ့အကြုံတို့ကို မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမအားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသည်'' ဟုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတက်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ်အကူအညီကို ရယူ၍ ကိုလိုနီနယ်ချဲ့တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့ပြီး ဖက်ဆစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် ညှင်းပမ်းနှိပ်စက်မှုများကြောင့် ဖက်ဆစ်တို့ကိုလည်း မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရကြောင်း သိရသည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ၁၂ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း လွတ်လပ်ရေး တောင်းဆိုကြမည်ဟု လက်မှတ်ရေးထိုးခဲ့ပြီး ယင်းနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပသည့် ၆၆ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် မြန်မာအစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အဖွဲ့ အပါအဝင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံးနှင့် နိုင်ငံရေးပါတီများအား ဖိတ်ကြားခဲ့သည်။
သို့ရာတွင်KIO အဖွဲ့သည် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အပြီးသတ် မရရှိသေးသည့်အတွက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
EMG
‹
›
Home
View web version