Thursday, February 28, 2013
ခရီးသွားကဏ္ဍ တိုးတက်ရေး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ဟု ဝန်ကြီးဆို
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလာရေးကဏ္ဍ ကြီးထွားတိုးတက်လာရေးကို တနိုင်ငံတည်း လုပ်ဆောင်နိုင်
စွမ်းမရှိ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလိုအပ်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင် က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
ရန်ကုန်တိုင်း ဒေသကြီ
းအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ် ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မဲခေါင်မြစ်မှ ငါးလက်ထုံ
ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ
မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင်သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
‹
›
Home
View web version