KIA
(ကချင်)လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့တိုက်ပွဲများဖြစ်ပွားခဲ့တာ
တစ်နှစ်ကျော်ကြာ ခဲ့ပြီးဖြစ်ရာ သေဆုံးသူ၊ ဒဏ်ရာရသူနဲ့
ထွက်ပြေးသူတွေအလွန်များနေတာကြောင့် အင်အားပြန်လည် ဖြည့်တင်းဖို့
ကျောင်းသားတွေကိုပါ ဖမ်းဆီးပြီး ကလေးစစ်သားလုပ်ခိုင်းနေခြင်းဖြစ်ကြောင်း
သိရပါတယ်။ ``ဒါနဲ့ပတ်သက် လို့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေရှိနေသမျှ
လူအင်အားတိုးချဲ့စုဆောင်းမှုတွေ ရှိနေမှာဖြစ်ကြောင်း KIA ဗဟိုဌာနချုပ်မှ
ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုလာပါတယ်။ မံကောင်း(ရှမ်း)ရွာမှာ ကျန်ရှိနေတဲ့
ကျောင်းသားကလေးငယ်ရှိတဲ့ မိသားစုတွေပါ ဘေးကင်းရာသို့ မိသားစုလိုက် ထွက်ပြေး
တိမ်းရှောင်နေလျက်ရှိပြီး ဒီလိုကလေးအရွယ် ကျောင်းသားများအား ဖမ်းဆီးခြင်း
အတွက် ILO ကိုလည်း တိုင်ကြားသွားမယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment