လွှတ်တော် များအတွင်း လွှတ်တော် အမတ်များ နေရာ ယူရာတွင် တပ်မတော်သား ကိုယ်စားလှယ်များ က သီးသန့်နေရာယူလျှက်ရှိရာ လွှတ်တော် အမတ်အချင်းချင်း ရင်းနှီး ချစ်ခင်မှု့ နည်းပါး နိုင်သည်ဟု ပြောဆိုနေကြပါသည်။ နိုင်ငံတော် သမ္မတ ဦးဆောင် ဆောင်ရွက်နေသည့် အမျိုးသား ပြည်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များတွင် ပိုမို အဆင်ပြေ ချောမွေ့လာစေရန် နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု့ ကဏ္ဍတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နိုင်ရေး မူဝါဒကို အခြား နိုင်ငံရေး သမားများ၊ လွှတ်တော် အမတ်များ က ကြည်ဖြူစွာ လက်ခံနိုင်ရေး အတွက် တပ်မတော် ကိုယ်စားလှယ်များနှငိ့် အရပ်သား ကိုယ်စားလှယ်များ ယခုထက် ပိုမို ရင်းနှီးစွာ နေထိုင်ရန် လိုအပ်ကြောင်း ယူဆနေကြပါသည်။
No comments:
Post a Comment