by သစ်ထူးလွင်
နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD
အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင်
တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး
၎င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ
ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။
ထိုကိစ္စအား
မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌
လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment