ဘက်ဆီ၏ မွေးနေ့တွင် ဂျော်ဂျီယာရှိ မွန်ရိုးအရပ်မှ တံတားတစ်စင်းကို ဝေါ်လ်တန်ခရိုင် အုပ်ချုပ်ရေး အဖွဲ့က သူမ၏ အမည် ပြောင်းလဲကာ ဂုဏ်ပြုခဲ့သည်။ ဘက်ဆီသည် ဂျော်ဂျီယာတွင် ပထမ ကမ္ဘာစစ် ကာလကတည်းက နေထိုင်ခဲ့သူလည်း ဖြစ်သည်။ ဘက်ဆီကို (၁၈၈၆)ခုနှစ်က တင်နက်ဆီတွင် မွေးဖွားပြီး ထိုမှတစ်ဆင့် ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာခဲ့သည်။ သူမသည် သားသမီး (၄)ဦး၊ မြေး (၁၂)ဦးနှင့် မြစ်နှင့် တီအထိ အဆက်အနွယ်များပင် ရှိနေပြီဟု သိရသည်။ ဘက်ဆီက သူမ၏ အသက်ရှည်နည်း လျှို့ဝှက်ချက်ကို မေးမြန်းရာ၌ အာဟာရမဖြစ်သော မုန့်ပဲသွားရည်စာများကို ရှောင်ကြဉ်လေ့ရှိကြောင်း ဖြေကြားခဲ့သည်။

No comments:
Post a Comment