Wednesday, August 29, 2012
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ အမျိုးသားလွှတ်တော်တွင် ရှင်းလင်းချက် (၂၈-၈-၂၀၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊နိုင်ငံတော်အခြေခံမူများပုဒ်မ၁၁တွင် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို ပိုင်းခြားကျင့်သုံးစွှဲရန်အတိအလင်း ပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် တရားစီရင်ရေးကဏ္ဍတွှင် ပါဝင်ပြီး တရားရုံး တစ်ရုံးဖြစ်သည်နှင့်အညီ တင်သွှင်းလွှာများကို ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေပုဒ်မ ၂၃ တွှင် အတိအလင်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ ခုံရုံး၏ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာနေရာ ဒေသအသီးသီးသို့လည်းကောင်း အာဏာ သက်ရောက် စေရမည်ဟု ခုံရုံးဥပဒေပုဒ်မ ၂၅ တွှင် ပြဋ္ဌန်းထားပါသည်။နိုင်ငံတော်သမ္မတသည် ခုံရုံး၏ အဆုံးအဖြတ်ကို ကိုယ်တိုင် လိုက်နာပြီး အဖွဲ့ အစည်းအားလုံးကလည်း လိုက်နာဆောင်ရွှက်ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ ခဲ့ခြင်း က သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုး စွှက်ဖက်ခြင်း ဖြစ်ကြောင်း ထင်ရှားပေါ်လွှင်နေပါတယ်။ ဒါဟာ Rule of Law ကို ပျက်စီးစေခြင်း အကြောင်းအရင်း တစ်ရပ်ဖြစ် ပါတယ်။ တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ်များက အမှန်အမှား မဲခွဲဆုံးဖြတ်ချက်သည် ကမ္ဘာမှာ အစဉ်အလာ မရှိခဲ့ပါ။ တရားရုံး၏ စီရင်ခွှင့်ကို ပြင်ပမှ မဲခွှဲ၍ ဆုံးဖြတ်ခြင်းသည် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက်ကွှယ်ပြုခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိုက်နာဘဲ အတိအလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ Constitutional Institutions ကို ပျက်စီးအောင် ဖျက်ဆီးခြင်း လဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပစ်ပယ်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒကို ဆောင်ရွှက်နေခြင်း ဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွှဲဖြင့် ပြည်သူလူထု (၉၂.၄၈ %) ၏ ထောက်ခံမှုဖြင့် အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တန်ဖိုးမဲ့အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ယခုလွှတ်တော် ၏ ဆောင်ရွှက် ချက်များသည် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော အဆိုရှင်၏အဆိုကို ကန့်ကွှက်ကြောင်း တင်ပြအပ်ပါတယ်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment