Monday, August 20, 2012
မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆတိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို
ကျော်လွှားနိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက်အရောက်မှာ ၀င်ငွေ
အလယ် အလတ်တန်း စားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက် နိုင်မယ်လို့ အာရှဖွံ့ဖြိုးေ ရးဘ ဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ ဒီကနေ့ကျင်းပတဲ
့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွါးရေးပညာရှင်အကြီးအကဲတဦြး
ဖစ်တဲ့ Ms. Cyn-Young Park ကမြန်မာနိုင်ငံဟာ စီးပွါးရေးဖွဲ့ဖြိုးတိုးတက်ရေးအ
တွက် အင်မတန် အလားအလာကောင်းတဲ့နိုင်ငံဖြစ်တယ်
လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီ ဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇% ကနေ ၈% အထိတိုးတက်နိုင်ပြီး ၊ လူတစ်ဦးချင်း တနှစ်ဝင်ငွေဟာလည်း ၃ဆလောက် ပိုများလာနိုင်တယ်လို့ အေဒီဘီက ခန့်မှန်းတွက်ချက်ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွ
က် အခြေခံ အဆောက်အအုံတွေ၊ ပညာရေး၊ ကျမ္မာရေး နဲ့ လူမှု ဖူလုံရေးဆိုင်ရာ စီမံကိန်းတွေမှာ ရင်းနှီးမြှပ်နှံဖို့ လိုအပ်နေတယ်လို့ အေဒီဘီက
ထောက်ပြပြောဆိုပါတယ်။
အဲဒီလိုဖြစ်လာဖို့အတွက် မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အေဒီဘီအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ Stephen Groff က တိုက်တွန်းလိုက်ပါတယ်။
From -RFA
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment