ဟိုးအရင်ခေတ်အဆက်ဆက်က
နယ်စပ်တလျောက်မှာ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကို
ခုသမ္မတကြီး လက်ထက်မှာ ငြိမ်းချမ်းရေးတွေ ဘာတွေရလို့
အေးအေးချမ်းချမ်းနေရမလားအောင့်မေ့ပါတယ် အတွင်းမှာ အချင်းချင်းကွဲလိုက်ကြ
ပြဲလိုက်ကြ ဆန္ဒတွေပြလိုက်ကြ ၊ ဆန္ဒတွေထုတ်ဖေါ်လိုက်ကြ ၊ သတ်လိုက်ကြ
ဖြတ်လိုက်ကြ ၊ မီးတွေရှို့လိုက်ကြ ၊ လူမှုကွန်ယက်တွေမှာ ငြင်းလိုက်ကြ
ခုန်လိုက်ကြ ၊ ဆဲလိုက်ဆိုလိုက်ကြ တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးတိုးလာတာပဲ
တွေ့နေရပါတယ် ။ မြန်မာတွေ စည်းလုံးပြီး ကမ္ဘာမှာ မြန်မာဟေ့လို့
ဖြစ်လာမလားဆိုပြီး မျှော်လင့်နေခဲ့တာကြာပါပြီ ... ဖွံ့ဖြိုးပြီး
တိုင်းပြည်တွေက လူ့အဖွဲ့အစည်းတွေလို ဖြစ်လာလေမလား
မျှော်လင့်ခဲ့တာလည်းကြာပါပြီ ခုတော့ဘာမှဖြစ်မလာပဲ တနေ့ထက်တနေ့ ပိုပို
ဆိုးလာတာပဲတွေ့ရပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်... "
အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့် အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊ " တဲ့ဗျာ... မှန်လိုက်တာဆရာကြီးရယ်... ပြောရမယ်ဆိုရင်
အရိပ်လို နေပူကစောင့်ဆိုလို့ စောင့်နေခဲ့တာကြာပါပြီ နေလောင်တာပဲ
အဖတ်တင်ပါတယ် ၊ ဆိတ်ဖွားကတော့ ဒီနေ့ ဒီလိုပြောင်းပြီးစဉ်းစားလိုက်တယ်
အရိပ်လို နေပူကစောင့်မနေတော့ဘူး ... ကြာတယ်... ရိပ်တဲ့နေရာမှာပဲ
သွားနေလိုက်တော့မယ် .... Goodbye မြန်မာပြည် ဒေါက်တာဆိတ်ဖွား

No comments:
Post a Comment