ပြည်တွင်းရှိ
အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ
အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေး
သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
ချေးငွေထုတ်ချေးခြင်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်း
ဆောင်ရွက်သွားမည်ဖြစ် ပြီး ပြည်ပတင်ပို့နိုင်သည် အထိ လုပ်ကိုင်နိုင်သော
အလားအလာရှိ အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများအား ဦးစားပေး
ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။
လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း စက်မှုဝန်ကြီး ဌာနမှ ချေးငွေများအား
တိုက်ရိုက်ချပေး မည်ဖြစ်ပြီး ယခင်ကဲ့သို့ စက်မှုကုန် ထုတ်လုပ်သူများအသင်းမှ
တစ်ဆင့် သွားရောက်တင်ပြရန် မလိုအပ်ကြောင်း သိရသည်။
No comments:
Post a Comment