ချယ်လ်ဆီးအသင်းသည် အစောပိုင်းက မီခေးလ် Twitter Account ဖျက်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပရိသတ်များနှင့် ပတ်သက်ခြင်း မရှိဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လူမျိုးရေး ခွဲခြားမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ "Social Media တစ်ခုကို အားကိုးပြီး ခုလိုမျိုး အနိုင်ကျင့် စော်ကားလာတာမျိုးက စက်ဆုပ်စရာပါ။ မီခေးလ်ဆီ ပေးပို့ခဲ့တဲ့ Messageတွေဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီကိစ္စ ရဲကို အကြောင်းကြားပြီးပါပြီ။ ခုအခြေအနေနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး အဆင့်နဲ့ အရေးယူဖို့ကို ချယ်လ်ဆီးအသင်းက ထောက်ခံပါတယ်"ဟု အသင်းပိုင် Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ နိုက်ဂျီးရီးယား လက်ရွေးစင် မီခေးလ်သည် ပွဲပြီးရန် (၁၀)မိနစ် အလိုတွင် လူပေးမှားခဲ့ပြီး ထိုမှတစ်ဆင့် အီတလီ ချန်ပီယံ အသင်းက ကစားကွက် တည်ဆောက်ကာ ဒုတိယ ချေပဂိုးကို သွင်းယူသဖြင့် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် (၂-၂)ဖြင့် သရေကျပြီး အမှတ်ခွဲပေးခဲ့ရသည်။
Friday, September 21, 2012
လူမျိုးရေးခွဲခြားခံရမှုကြောင့် Twitter အသုံးပြုခြင်းကို မီခေးလ် ရပ်ဆိုင်းမည်
ချယ်လ်ဆီးအသင်းသည် အစောပိုင်းက မီခေးလ် Twitter Account ဖျက်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပရိသတ်များနှင့် ပတ်သက်ခြင်း မရှိဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လူမျိုးရေး ခွဲခြားမှု ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ "Social Media တစ်ခုကို အားကိုးပြီး ခုလိုမျိုး အနိုင်ကျင့် စော်ကားလာတာမျိုးက စက်ဆုပ်စရာပါ။ မီခေးလ်ဆီ ပေးပို့ခဲ့တဲ့ Messageတွေဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီကိစ္စ ရဲကို အကြောင်းကြားပြီးပါပြီ။ ခုအခြေအနေနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး အဆင့်နဲ့ အရေးယူဖို့ကို ချယ်လ်ဆီးအသင်းက ထောက်ခံပါတယ်"ဟု အသင်းပိုင် Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အသက်(၂၅)နှစ်ရှိ နိုက်ဂျီးရီးယား လက်ရွေးစင် မီခေးလ်သည် ပွဲပြီးရန် (၁၀)မိနစ် အလိုတွင် လူပေးမှားခဲ့ပြီး ထိုမှတစ်ဆင့် အီတလီ ချန်ပီယံ အသင်းက ကစားကွက် တည်ဆောက်ကာ ဒုတိယ ချေပဂိုးကို သွင်းယူသဖြင့် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် (၂-၂)ဖြင့် သရေကျပြီး အမှတ်ခွဲပေးခဲ့ရသည်။

No comments:
Post a Comment