Monday, November 12, 2012
ရခိုင်ပြည်နယ်အတွင်း လမ်းများပြန်လည်ပြုပြင်ရာတွင် အမျိုးသမီးအလုပ်သမားများအခွင့်အရေးချိုးဖောက်ခံနေရ
လမ်းဖောက်လုပ်ရာတွင် အလုပ်သမားများအားလုပ်အားခငွေကြေ
းမ်ားေ
ပးဆောင်ရာတွင် မတန်တဆ နှိမ်ပေးနေကြောင်းသိရသည်။အထူး
သဖြင့်ကျေးလက်ဒေသနေ အမျိုးသမီးများအလုပ်လက်မဲ့ဖြစ်ေ
နခြင်းအပေါ် အခွင့်ကောင်းယူပြီး တစ်ရက်လုပ်အားခငွေမှာ အမျိုးသမီးတစ်ဦးလျင် ၁၀၀၀ ကျပ်နှင့် တစ်ချို့နေရာများတွင် ၁၅၀၀ ၀န်း ကျင်သာရရှိကြောင်း
လည်းသိရသည်။ ထိုသို့ အလုပ်သမားများအပေါ် လုပ်အားခများနှိမ့်ချပေးခြင်း သည် အလုပ်သမားအခွင့်ရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည
်းသိရသည်။
လက်ရှိရခိုင်ပြည်နယ်အတွင်းလမ်းမ
ျားပြန်လည် ပြုပြင်ခွင့်ရရှိထားသော ကုမ္ပဏီများသည် ခရိုနီများ သာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ခိုင်းစေသောအလုပ်သမားများအား ဈေးနှိမ်ရန် အမြဲကြိုးစားနေခြင်းအ ပေါ် ဒေသဆိုင်ရာတာဝန်ရှိသူများကလည်း လေ့လာတင်ပြသင့်ကြောင်းပြောဆိုကြ
သည်။
ယနေ့အထိ လမ်းပြင်၊လမ်းခင်းရာတွင် နေစဉ်အသုံးပြုနေသော အမျိုးသမီးအလုပ်သများဦးရေ မှာ ၄၀၀ ခန့်အထိရှိနေကြောင်းနှင့် ယင်းတို့၏ လုပ်အားခရငွေမှာ လွန်စွာနည်းပါးနေကြောင်း၊ သို့သော် လည်းအလုပ်ကြမ်းလုပ်ကိုင်ရသည့်အြ
ပင် နေပူပြင်ကြီးထဲတွင်လုပ်ကိုင်ရခြ
င်းဖြစ်သဖြင့် လွန်စွာပင်ပန်း ကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးရေးရာအဖွဲ့အစည်းများဘ
ာလုပ်နေသည်ကို မသိတော့ပါ။ လူအခွင့် အရေးတွေချိုးဖောက်ခံနေရသည့်အပြင
် အမျိုးသမီးများအခွင့်အရေးကိုပါ ချိုးဖောက်နေရုံသာမက အလုပ်သမားအခွင့်အရေးနှင့်လည်းသက
်ဆိုင်နေပြီဖြစ်ကြောင်း ၊ ၀င်ငွေမရှိသဖြင့် နေ့စားဝင်ရောက် လုပ်ကိုင်ရသော အမျိုးသမီးများသည် ပင်ပန်းခြင်းနှင့် ညီမျှသော ငွေကြေးများကို မရရှိသည့်အတွက် မီဒီယာများအနေဖြင့်လည်း လေ့လာတင်ပြသင့်ကြောင်းနှင့် အလုပ်သမားများအနေဖြင့်လည်း တောင်း ဆိုမှုများပြုလုပ်သင့်ကြောင်း ဒေသခံများသုံးသပ်ပြောဆိုကြပါသည်
။
Rakhine Straight Views
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment