Wednesday, November 28, 2012
ဆက်သွယ်ရေး ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်
ဒီဇင်ဘာလ ၃ ရက် နေ့တွင် ကျင်းပ သွားရန် စီစဉ် နေကြောင်း အဆိုပါ ပွဲကို ဦးစီး ကျင်းပမည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦး က The Voice Weekly သို့ ပြောကြားသည်။
သက်ဆိုင်ရာ နည်းပညာ နယ်ပယ်မှ ပညာရှင် များနှင့် လုပ်ငန်းရှင် များ
ပါဝင် ဆွေးနွေးမည့် ဆက်သွယ်ရေး ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကို
"နည်းပညာ နယ်ပယ် ထဲက Stateholder တွေအားလုံးကို ဖိတ်မှာပါ၊
လုပ်ငန်းရှင်တွေ ပိုများမယ်၊ သူတို့ အနေနဲ့ လုပ်လို့ကိုင်လို့ ရမရ
ဆိုတာတွေ ဆွေးနွေးမယ်၊ ဥပဒေ အကြံပေး အဖွဲ့တွေ လည်းပါမယ်၊
သတင်း အချက်အလက် နယ်ပယ် အတွက်လည်း အခွင့်အလမ်း တွေက
ဘယ်လို ရှိနေလဲ၊ မျှတမှု ရှိရဲ့လား စသည် ဖြင့်ပေါ့" ဟု၎င်းက ပြောကြား
သည်။
ဆက်သွယ်ရေး ဥပဒေကို နောက်တစ်ကြိမ် ကျင်းပမည့် လွှတ်တော်တွင်
ဆွေးနွေးရန် ရှိ၍ ယခုပွဲမှ ရလဒ် ကို တင်ပြ သွားနိုင်ရန် ရည်ရွယ်
ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယခုပွဲနှင့် ပတ်သက်သော အသေးစိတ်
အချက်အလက် များကို နိုဝင်ဘာ လကုန် လောက်တွင် ကြေညာ နိုင်ရန်
ကြိုးပမ်း နေပြီး MICT Park တွင် ကျင်းပ သွားရန် ရှိကြောင်း
ဦးဇော်မင်းဦးက ဆက်လက် ပြောကြားသည်။
အဆိုပါပွဲ ကျင်းပမည် ဆိုခြင်းကို မကြား မိကြောင်းနှင့် လက်ရှိ အချိန်အထိ မည်သည့် ဖိတ်ကြား မှုမှ မရရှိ သေးကြောင်း Bagan Innovation Technology ကုမ္ပဏီမှ ဦးဝင်းထွဋ်ဟန် က ပြောကြားသည်။
နိုဝင်ဘာ ၇ ရက် နေ့က ထုတ်ပြန် ကြေညာခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်း အပေါ် နည်းပညာ နယ်ပယ်မှ လုပ်ငန်းရှင် များနှင့် ပညာရှင် များက ဝေဖန်မှုများ ရှိနေပြီး ရှေ့နေများ ကွန်ယက် ကလည်း ကန့်ကွက်ရန်
စီစဉ် နေကြောင်းလည်း တရား လွှတ်တော်ချုပ် ရှေ့နေ ဦးစိုးတင်ရီ က ပြောကြားခဲ့သည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment