မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Saturday, November 17, 2012
နေပြည်တော် လွှတ်တော်ရုံးနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့ မိုးထိမိုးမိရွှေလုပ်သားများ ဆန္ဒထုတ်ဖော်သွား မည် ဟုဆို
ရမည်းသင်းမိုးထိမိုးမိ ရွှေလုပ်ကွက်များမှ ရန်ကုန်မြို့တွင် သွားရောက်
ဆန္ဒဖော်ထုတ်ခဲ့သော ရွှေလုပ်သား များ နေပြည်တော်တွင် လွှတ်တော် ရုံးနှင့် သတ္တုတွင်းဝန်ကြီး ဌာနရုံးတို့တွင် သွားရောက် ဆန္ဒထုတ် ဖော်သွား မည်ဖြစ်ကြောင်း ၎င်းအဖွဲ့ တွင်ပါဝင်သောကိုနေအောင်ထက် က ပြော သည်။
မိုးထိမိုးမိရွှေလုပ်ကွက်၁၃ဇုန် ရှိသော ရွှေလုပ်သားများ ကိုယ်စား ရွှေလုပ်သား၈၂ယောက် သည် ရမည်း သင်းမှ ရန်ကုန်သို့ ယခုနှစ်အောက် တိုဘာ၂၆ရက်တွင် ထွက်ခွာခဲ့ကြပြီး ၂ရရက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ ပြီး ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း အမှတ်-၁၈၆ အမျိုးသားတိုးတက်ကြီး ပွား ရေး ကုမ္ပဏီရုံး ရှေ့တွင် အောက်တို ဘာ၂၉ရက်တွင်တစ်ကြိမ်၊ နိုဝင် ဘာ၃ရက်တွင်တစ်ကြိမ်၊ နိုဝင်ဘာ ၈ရက်တွင် တစ်ကြိမ် သုံးကြိမ်တိုင် တိုင် ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း အကျိုးသက်ရောက်မှု မရှိတဲ့အတွက် ရန်ကုန်မြို့မှနေ၍ လမ်းလျှောက် ပြန်လာခဲ့ကြကြောင်း၊ ပြန်လာရာ လမ်းတစ်လျှောက် တွင် ရန်ကုန်မြို့ မှ နိုဝင်ဘာ၈ရက် မွန်းလွဲ၁နာရီမှ စတင်ထွက်ခွာခဲ့ရာ လှိုင်မြို့နယ်တွင် ၎င်းတို့အား စီတန်း လှည့်လည်ခွင့် ပြုချက်မရှိ ဘဲ ဆောင်ရွက်ခွင့်မရှိဟု သက်ဆိုင်ရာမှတားမြစ်ခဲ့ရာ မိမိတို့ အနေဖြင့် စီတန်း လှည့်လည်ဆန္ဒပြ ခြင်းမျိုးမဟုတ်ဘဲ လာရာလမ်းအား ပြန်စရိတ်မရှိ၍ လမ်းလျှောက်ပြန် ခြင်းသာ ဖြစ်ကြောင်း၊ ဆန္ဒပြခြင်းမဟုတ်ကြောင်း၊ ရှင်းလင်းခဲ့ရကြောင်း ပြောပြခဲ့သည်။
မိမိတို့အနေဖြင့် မိမိတို့ဆန္ဒထုတ် ဖော်မှုများ အများပြည်သူသိရှိစေရုံ သက်သက်ဖြင့် လမ်းလျှောက်ပြန်ခဲ့ ရာ လမ်းတစ်လျှောက်တွင် တစ်ရက် မိုင်၂ဝခန့်လမ်းလျှောက်ပြန်ခဲ့ရ ကြောင်း၊ လမ်းရှိမြို့ရွာများမှ စားစ ရာ ကျန်းမာရေးဆိုင်ရာများအား ပြည်သူများမှ ကူညီမှုပေးခဲ့ကြောင်း၊ နိုဝင်ဘာ၁ရရက်တွင် တောင်ငူမြို့ သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုဝင် ဘာ၁၈ရက်မှစတင်ပြီး တောင်ငူမြို့ မှ နေပြည်တော်သို့ ခရီး ဆက်လက် ထွက်ခွာမည်ဖြစ်ကာ နေပြည်တော် တွင် သမ္မတအိမ်တော်၊ လွှတ်တော် ရုံးနှင့် သတ္တုတွင်း ဝန်ကြီး ဌာနရှေ့ တွင် မိမိတို့ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း၊ မိမိတို့အလုပ်သမား များ၏ အခက်အခဲ များအတွက် ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ပြီး နိုင်ငံ တော်တည်ငြိမ်အေးချမ်း မှုပျက်ပြား အောင် ဆောင်ရွက်ခြင်း မျိုးပြုလုပ် ခြင်းမဟုတ်ပါကြောင်း၊ အကယ်၍ တားဆီးမည်ဆိုလည်း တားဆီး နိုင်ကြောင်း၊ အရေးယူမည်ဆိုလည်း အရေးယူနိုင်ပါကြောင်း၊ မိမိတို့မိုးထိ မိုးမိရွှေလုပ်ကွက် အတွင်း ရှိပြည်သူ များစွာဒုက္ခခံစားနေရမှု နိုင်ငံတော် အနေဖြင့်ဖြေရှင်းပေးနိုင်ရန်အတွက် အဆုံးအထိ ဆန္ဒထုတ် ဖော်သွား မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဆန္ဒထုတ်ဖော်နေရပေမယ့် မျှော် လင့်ချက် အရမ်းမထား ပါကြောင်း၊ ဘာကြောင့်လဲဆိုလျှင် ကုမ္ပဏီ၏ အရှိန်အဝါမှာ အင်မတန်မှကြီးမား နေသည့်အတွက် မိမိတို့ အနေဖြင့် စားစရာမရှိတဲ့လူတန်းစားနှင့် ထား စရာမရှိအောင်ချမ်းသာကြွယ်ဝတဲ့ လူတန်းစားနှစ်ခု၏ ပဋိပက္ခဖြစ်ပွား နေမှုတွင် နိုင်ငံတော်အနေဖြင့် မည် သည့်လူတန်းစားအပေါ် ရပ်တည် မည်လဲ၊ နိုင်ငံတော် အနေဖြင့် ဘယ် လိုတာဝန်ယူပေးနိုင်မည်လဲဆိုတာ သိရှိစေချင်ပါကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
မိမိတို့တောင်းဆိုချင်သော ဆန္ဒများမှာ(၁)မိုးထိမိုးမိတောင်ပေါ် မှာ တရားမျှတစွာ လုပ်ကိုင်ခွင့်ရရှိ ရေး၊(၂) လက်ဝါးကြီးအုပ်အရင်းရှင် ကုမ္ပဏီအား ဖျက်သိမ်းပေးရေး၊(၃) မိမိအကျိုးစီးပွားအတွက် အများ ပြည်သူလူထုအပေါ်ကုပ်သွေးစုပ် သောကုမ္ပဏီအား အရေးယူပေးရေး ၊ (၄)ကုမ္ပဏီ အနေဖြင့် စာချုပ် စာတမ်း ပါစည်းကမ်း အချက်များအပြည့် အဝလိုက်နာရေး၊(၅)ကုမ္ပဏီဝန်ထမ်း များအား ပြောက် ကျား စစ်ဝတ်စုံများ ဝတ်ဆင်စေပြီး ၎င်းလုံခြုံရေးဝန်ထမ်း များတွင် လက်ထိပ်များ၊ နံပါတ်တုတ် များတပ်ဆင်ပေး၍ အများပြည်သူများ အနိုင်ကျင့်ဗိုလ်ကျနေသောကုမ္ပဏီ ဝန်ထမ်း များအရေး ယူပေးရေး စသည့် အချက်များပါဝင်သည့် တောင်း ဆိုမှုများ တောင်းဆိုသွားမည်ဖြစ် ကြောင်း သိရှိရသည်။
မိုးထိမိုးမိဒေသတွင် ၁၉၉၆- ၁၉၉ရ ခုနှစ်ခန့်က ရွှေမိုင်းအား စတင်တွေ့ရှိ ခဲ့ပြီး ၎င်းရွှေမိုင်းတွင် ဒေသခံပြည် သူယခင်က သိန်းဂဏန်းအထိလုပ် ကိုင်ရှာဖွေစားသောက်နေလာခဲ့ ကြောင်း၊ ၂၀၁၁ စက်တင်ဘာမှ အမျိုး သားတိုးတက်ကြီးပွားရေးကုမ္ပဏီမှ အစိုးရအား တစ်လလျှင်ရွှေချိန် ၇၃ပိ ဿာပေး ဆောင်ပြီး ငါးနှစ်လုပ်ကိုင် ခွင့်ရရှိထားကြောင်း၊ ငါးနှစ်အတွင်း အစိုးရသို့ ရွှေ၅ဒသမ၅၇၇ တန်သွင်း ရမည်ဖြစ်ကြောင်း ၎င်းတို့ပြောကြား ချက်များအရ သိရသည်။
Yangon Media Group
ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက် (Photos)
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment