သို့သော်လည်း အကြောင်းအရာ အသေးစိတ်ကို မသိရှိရသော်လည်း အဆိုပါ
အထွေထွေ သပိတ် ပြု လုပ်မည့် အစီအစဉ်အား တောင်ကြီးမြို့ပေါ်ရှိ သံဃာများမှပါဝင်ဆောင်ရွက်ခြင်း မရှိဘဲ လောက မာန်အောင်ကျောင်းတိုက်သို့ အထွေထွေသပိတ်
ပြုလုပ်ရန်အတွက် သံဃာတော် (၆) ပါးခန့်သာ ကြွချီ လာပြီး ကျန်ဆရာတော်များ
ကြွချီလာခြင်းမရှိကြောင်း သိရှိရသည်။
ထို့အတွက်
အထွေထွေသပိတ်ကို စီစဉ်ထားခဲ့သည့်အတိုင်း မပြုလုပ်လိုက်ရခြင်းမှာ
သံဃာတော်များ ပါဝင်ဆောင်ရွက်ခြင်း မရှိသည့်အတွက် ချီတက်လမ်းလျှောက်ရာတွင်
အင်အားနည်းပါးနေသည့်အပြင် ထိုလမ်းလျှောက်ဆန္ဒပြပွဲအစီအစဉ်အား
ပြည်နယ်အစိုးရမှလည်း ခွင့်ပြုခြင်းများ မရရှိခြင်းကြောင့်
အဆိုပါ အထွေထွေသပိတ်အား ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း
လောကမာန်အောင်ကျောင်းတိုက်တွင် သတင်း သုံးလျှက်ရှိသည့် အမည်မဖော်လိုသည့်
သံဃာတော်တစ်ပါးမှ ပြောခဲ့သည်။
No comments:
Post a Comment