မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Monday, February 18, 2013
ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဝေဖန်
ကင်တားနားကို ဘင်္ဂလီ လူမျိုးအချို့နှင့် အတူတွေ့ရပုံ
တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့် လွှတ်တော် ကိုယ်းစားလှယ်များမှ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆိုတာက တိုင်းရင်းသား အချင်းချင်း ဖြေရှင်းရမယ့် ပြဿနာပါ။ သူ့ကို ပေးအပ်ထားတဲ့ တာဝန် အသေးစိတ် ဘောင်ကို မသိဘူး။ တာဝန် ထဲမှာ မပါရင်တော့ ဘောင်ကျော် ပြီးတော့ ခုလို မပြောသင့်ဘူး” ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဆိုသည်။
တောင်ဥက္ကလာပ မြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က “ကိုယ်နဲ့မ ဆိုင်တာ ဝင်မပါ သင့်ဘူး။ လူ့အခွင့်အရေး ကိုယ်စားလှယ်က လူ့အခွင့်အရေး ကိစ္စပဲ ပြောပေါ့။ ခုတော့ ဗမာတွေ သဘော ကောင်းတာကို အခွင့်ကောင်း ယူပြီး ခြေကျူး လက်ကျူးနဲ့” ဟု ပြောသည်။
ကင်တာနားသည် ပြုပြင်ပြောင်းလဲမှု့ကို မလိုလားသည့် ၊ အကောင်းမမြင်သည့် အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့ပြီး ယခင် အစိုးရ လက်ထက် ကကဲ့သို့ အစိုးရ ဝေဖန်ခဲ့လျှင် ချီးမွှမ်းခံရမည်၊ ထောက်ခံ ခံရမည်အထင် ရှိနေပုံရကြော့င်း၊ မြန်မာ ပြည်သူများ သည် များစွာပြောင်လဲခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရ လုပ်တိုင်း မကောင်းမြင်သည့် ခေတ်မဟုတ်တော့ကြောင်း၊
ကင်တားနားသည် အစိုးရ အတိုက်အခံ အဖွဲ့ အစည်း အချို့ လေသံ လိုက်ပြီး ၎င်း လိုလားသည့် ဘင်္ဂလီ များ ရသင့်တဲ့ အခွင့်အရေးထက် ပိုရအောင် ပြောသွားကြောင်း၊ ပြည်သူတစ်ဦးက ပြောသည်။
အဲလူက လူ့ အခွင့် အရေး အကြောင်းပြပြီး ဘင်္ဂလီ တွေ နိုင်ငံသား ဖြစ်လာအောင် လာလုပ်ပေးနေတာဟု ပြည်သူတစ်ဦးက ဝေဖန်သည်။
စစ်တပ် ကိုယ်စားလှယ်ကိစ္စသည် မြန်မာ ပြည်သူများ၊ တရားဝင် ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီ များ၊ အဖွဲ့ အစည်းများ၏ အရေးကိစ္စ ဖြစ်ကြောင်း၊ မဆိုင်သည့် စကားတွေ လာပြောသည့် ကင်တားနားကို နောက်တစ်ခေါက် မြန်မာပြည် ပေးမ၀င်သင့်တော့ကြောင်း ပြောကြားသွားပါသည်။
မြန်မာ နိုင်ငံသို့ ခုနစ်ကြိမ်မြောက် ခရီးစဉ် အဖြစ် ခြောက်ရက်ကြာ လာရောက်ခဲ့သည် ကင်တားနားက ရိုဟင်ဂျာ လူမျိုးများ အပါအဝင် မြန်မာ နိုင်ငံတွင် နေထိုင်သည့် လူသား အားလုံးကို လူမျိုးရေး နှင့် ဘာသာရေး ပေါ်တွင် အခြေခံသော ခွဲခြားမှု မရှိစေဘဲ နိုင်ငံသား ဖြစ်ခွင့်ပြုရန် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင် သင့်ကြောင်း လွှတ်တော်သို့ သုံးကြိမ်ခန့် တိုက်တွန်း ထားသည်။
ကိုးကား- တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရန်လို ( The Voice Weekly)
မြန်မာ့သားကောင်း မီဒီယာမှ စီစဉ်တင်ဆက်သည်။
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment