မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိ သွားသည့် မြန်မာအမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဒေသခံများက ဆုကြေး ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ကျပ်သိန်းတစ်ရာ
ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။
No comments:
Post a Comment