Wednesday, November 14, 2012
အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည်ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏
သမိုင်းဝင်ခရီးစဉ်
တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအ
မေရိကန်သံရုံးက လောလောဆယ်
တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်
သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီ
ဖြစ်သည်။ ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြော
ကားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆ
ိုနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင
်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြ
ီး
နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြ
န်ထားခြင်းမရှိသေးပါ။
Ref 7Days
1 comment:
Anonymous
November 15, 2012 at 6:04 AM
အရေးကြုံလာတော့လည်း ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမကိုပဲ သုံးရတာပါပဲ။
Reply
Delete
Replies
Reply
Add comment
Load more...
‹
›
Home
View web version
အရေးကြုံလာတော့လည်း ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမကိုပဲ သုံးရတာပါပဲ။
ReplyDelete