မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အလည်အ ပတ်
ရောက်ရှိ လာသည့် ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့တ်သည် ယူနိုက် တက်၏
ဂျာစီဖြင့် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သည်။
အင်္ဂလန်ကလပ်အသင်း၏
ပရိသတ်ဖြစ်သော ဂျမေကာသားသည် ယူနိုက်တက် ဂျာစီ၏ ကျောနံပါတ် နေရာတွင်
(၉၆၃)ဆိုသော ဂဏန်းကို ရိုက်နှိပ်ကာ ၎င်း၏အမည်နှင့် ချန်ပီယံဆိုသော စာသားများကိုလည်း ရေးထိုးထားခဲ့သည်။
(၉၆၃)ဆိုသော နံပါတ်သည် အူစိန်ဘော့တ်၏ မီတာ(၁၀၀) အိုလံပစ် ရွှေတံဆိပ်ဆုရ
စံချိန်ဖြစ်သော (၉.၆၃)စက္ကန့်ကို ရည်စူးခြင်း ဖြစ်သည်။
အသက်(၂၆ )နှစ်ရှိပြီ ဖစ်ပြီး လန်ဒန်အိုလံပစ်တွင် ရွှေတံဆိပ်(၃)ခု ရရှိခဲ့သည့်
ဘော့တ်သည် ယူနိုက်တက်က ဖူလ်ဟမ်ကို (၃-၂)ဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်
ပွဲစဉ်ကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်အားပေး ကြည့်ရှုခဲ့သည်။
No comments:
Post a Comment