အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ်
ယှဉ်ပြိုင်ရာတွင် အာဆင်နယ် အသင်းသည် စတုတ်ခ်စီးတီး၏ အိမ်ကွင်း
ဘရစ်တနီ ယာတွင် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။
ပြီးခဲ့သည့် ရာသီ
ဂိုးသွင်းဘုရင် ရော်ဘင်ဗန်ပါစီကို လက်လွှတ်ထားရသော အာဆင်နယ်သည် အဆုံးသတ်
ဂိုးသွင်းယူမှု အပိုင်းတွင် အားနည်းနေဆဲဖြစ်ပြီး (၂)ပွဲဆက် ဂိုးပေါက်
ပျောက်ခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်သည် ယခုနွေရာသီတွင် ဝယ်ယူထားသည့် တိုက်စစ် ကစားသမားသစ်
(၃)ဦးဖြစ်သော အိုလီဗီရာ ဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီးနှင့်
ဆန်တီကာဇိုလာတို့အား ပွဲထွက်စာရင်းတွင် အသုံးပြုခဲ့သော်လည်း
စတုတ်ခ်နောက်တန်းကို မကျော်ဖြတ်နိုင်ဘဲ သရေ(၁)မှတ်ဖြင့်သာ
တင်းတိမ်ခဲ့ရခြင်းဖြစ်သည်။
No comments:
Post a Comment