From- shwelone.com |
Saturday, August 11, 2012
ဘရာဇီးကို အနိုင်ယူ၍ အိုလံပစ် ရွှေတံဆိပ် ရယူသွားတဲ့ မက္ကဆီကို ဘောလုံးအသင်း
မြန်မာပြည် အနောက်မြောက်ဖျား ရိုဟင်ဂျာနိုင်ငံထူထောင်ရေးအတွက် တူရကီနိုင်ငံ အပါဝင် အာရပ် ၅ နိုင်ငံတွင်စစ်သင်တန်း တက်နေသည်ဆိုခြင်း
From- Michael Joshua Facebook

အစိုးရနှင့် မသက်ဆိုင်သော တိုင်းရင်းသား ညီလာခံ တရပ် ဖြစ်လာရန် လှုံ့ဆာ်
From- phophtaw.org
“
ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ကတော့ အခုလို
ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ ကျမတို့က တကယ်ပဲ စစ်မှန်ပြီး တရား
မျှတမှု ရှိတဲ့ ရေရှည် အာမခံချက်ရှိ တဲ့ ဖော်ဆောင် မှုမျိုးဖြစ်ဖို့အတွက်ကို
အဓိကပစ်မှတ် ထားပြီး နည်းပေါင်းစုံနဲ့ နိုင်တဲ့ အင်အားနဲ့
ဝိုင်းဝန်းပြီးတော့ တက်တက်ကြွကြွ ပူပေါင်းလုပ်ဆောင် နိုင်အောင်ပူးပေါင်း
ပါဝင်လိုလို့ အခုလို WORKING GROUP နဲ့ လိုက်လံစည်းရုံးရေး
ဆင်းနေတာဖြစ်ပါတယ်။ ”လို့ WLB အမှုဆောင်တဦး ဖြစ်သူ
ဒေါ်တင်တင်ညို ကပြောပါသည်။
အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ
From- RFA Burmese

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေ ချင်းမိုင်မှာတွေ့ဆုံ
From- RFA Burmese
မြန်မာနိုင်ငံ
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအပါအ၀င် ပြည်နယ် ၇ ခုက
တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးစီပါဝင်ဖွဲ့စည်းထားတဲ့
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင်တွေဟာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၅ရက်ကနေ ၉ရက်အထိ
တွေ့ဆုံခဲ့ကြပါတယ်။
KIA တပ်ရင်း (၆) မှတည်ဆာက်ပေးသော တံတားသစ်တစ်စင်းဖွင့်ပွဲလုပ်
From- Kachin Daily News
သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆိုင်းတောင်မှ ဖားကန့်သို့
သွားရာတံတားကြီးတစ်စင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ တံတားသစ်ဖွင့်ပွဲကို
ဆိုင်းတောင်ကချင်နှစ်ခြင်း အသင်းတော်မှ သင်းအုပ်ဆရာကြီးများ၊
ရိုမန် ကာသိုလစ် အသင်းတော်မှ အသင်းတော် လူကြီးများမှ ဆုတောင်းခြင်း ဖြင့်
အစပြုပြီး ကောင်းချီးပေးကာ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေအခက်အခဲမေးမြန်း
From- RFA Burmese
NLD
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ
ဒေသခံကျေးရွာပြည်သူတွေနဲ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့
အလုပ်အကိုင်ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို
ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကချင် ဒုက္ခသည်များ အရေး တရုတ်မြန်မာ ညှိနှိုင်းပြီး ဆောင်ရွက်ဖွယ်ရှိ
From- kachindailynews

ကချင်အာဇာနည်နေ့ လိုင်ဇာတွင် ကျင်းပ
From- kachindailynews
ကချင်တော်လှန်ရေးအတွင်း
ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့်
ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇
နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ
ဦးဇောင်းဟရား က တိုက်တွန်းပြော ဆိုလိုက်သည်။
သီလ၀ါတွင် ရင်းနှီး မြှုပ်နှံရန် မြန်မာ လုပ်ငန်းရှင်များကို ဖိတ်ခေါ်
From- thevoicemyanmar.com
မြန်မာ
နှင့် ဂျပန် နှစ်နိုင်ငံ ပူးပေါင်း အကောင် အထည်ဖော်မည့် သီလ၀ါ အထူး
စီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံရေး အများပိုင် ကုမ္ပဏီ လုပ်ကိုင်ရန်
မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း
ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဌ
ဦးဝင်းအောင်က ယနေ့တွင် ပြောကြားသည်။
နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ
From- thevoicemyanmar.com
ဦးသိန်းစိန်
အစိုးရ လက်ထက်တွင် တပ်မတော် အစိုးရ လက်ထက် နှစ် ၂၀ နှင့်မတူ
ပြောင်းလဲမှုမှာ နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂ တွေ့ဆုံ ရာတွင်
လွတ်လွတ်လပ်လပ် ရှိပြီး ပြောင်းလဲ လာကြောင်း ဇိုးမီး အမျိုးသား ဒီမိုကရေစီ
ကွန်ယက်မှ ဦးပူဂင်လျန်(ခ) ပူကမ်းလျန်က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားသည်။
မြစ်ရေကြီးမှု အခြေအနေသတင်း
From -thevoicemyanmar.com
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၁)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီ မီတာ (၂.၂-ပေခန့်) ကျော် လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီ မီတာ (၂.၂-ပေခန့်) ကျော် လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
မြောင်းမြမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျသောကြောင့် NLDပါတီဝင်များဆန္ဒဖော်ထုတ်မည်
From- Messenger News Journal
မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်း မကျခြင်း ကြောင့် ပါတီဝင် (၃ဝဝ)ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်မည်ဟု မြောင်းမြ NLD ပါတီမှ ဦးမြင့်ကျော် က ပြောသည်။
ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်သစ်သီးများ
From- mwdmedia.net
ကင်ဆာရောဂါသည် ကမ္ဘာပေါ်ရှိ ကြောက်စရာ အကောင်း ဆုံး သောရောဂါ များအနက် တစ်မျိုး
အပါအဝင် ဖြစ်သည်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန် ချက်အရ ၂ဝဝ၈ ခုနှစ်အတွင်း၌ ကမ္ဘာတစ်ဝန်းတွင်
ကင်ဆာရော ဂါ ဖြင့် အသက်ဆုံး ရှုံးရသူ စုစုပေါင်း ၇ ဒသမ ၆ သန်းရှိသည်။ ၄င်း ပမာဏမှာ အဆိုပါနှစ်
အတွင်း သေဆုံး သူအားလုံး၏ ၁၃ ရာခိုင်နှုန်းဖြစ် သည်။
Agni -၂ ဒုံးကျည် အိန္ဒိယအောင်မြင်စွာ စမ်းသပ်ပစ်ခတ်
From- mwdmedia.net
(နယူးဒေလီ သြဂုတ် ၁ဝ)
အိန္ဒိယ နိုင်ငံသည်
နျူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်သည့်
Agni -၂ ဒုံး ကျည်
ကို သြဂုတ် ၈ ရက်တွင် တတိယ အကြိမ်မြောက် အောင်မြင်စွာ စမ်းသပ် ပစ်ခတ် ခဲ့ကြောင်း
ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြား ချက်ကို
ကိုးကား၍ Times of India သတင်း စာက
ဖော်ပြ ခဲ့ကြောင်း သိရသည်။
နိုင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တပ်မတော် အစိုးရ လက်ထက် နှစ် ၂၀ နှင့်မတူ
ပြောင်းလဲမှုမှာ နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂ တွေ့ဆုံ ရာတွင်
လွတ်လွတ်လပ်လပ် ရှိပြီး ပြောင်းလဲ လာကြောင်း ဇိုးမီး အမျိုးသား ဒီမိုကရေစီ
ကွန်ယက်မှ ဦးပူဂင်လျန်(ခ) ပူကမ်းလျန်က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားသည်။ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ V.J Nambia ၏ နိင်ငံရေး
အကြံပေး Mrs. Mariannr Hagen နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း မြန်မာ
အီးဂရက် သင်တန်းကျောင်းတွင် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း
ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် မေးမြန်းချက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မူဝါဒ၊ ပါတီရဲ့
လမ်းညွှန်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး
ဦးဌေးဦးကို ဒီဗွီဘီ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက
မေးမြန်းထားပါတယ်။လွှတ်တော်ထဲမှာရှိနေတဲ့
ပြည်ခိုင်ဖြိုးအမတ်တွေကို လမ်းညွှန်မှု ဦးဆောင်မှု ဘယ်လိုပေးသလဲ၊
ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့နေရာမှာ သူတို့
တဦးချင်းဆန္ဒအရ ဆွေးနွေးတာလား၊ ဒါမှမဟုတ် ပါတီရဲ့လမ်းညွှန်မှု၊
ပါတီရဲ့မူဝါဒအတိုင်း ရပ်တည်ဆွေးနွေးကြတာလဲဆိုတာ ဆွေးနွေးပေးပါ။
Subscribe to:
Posts (Atom)