ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း
အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး
ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ
ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။
Tuesday, December 17, 2013
အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား

ကွမ်းလုံမြို့တွင်
ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး-
ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး
ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီယာဉ်မှ ပြင်း ထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့
အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး
ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား
ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း
ထားရှိခဲ့ ပါသည်။
မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်

မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကိုလည်း ဦးဇော်ဇော် တာဝန်ယူ ထား သည့် ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်း လည်း အဖွဲ့ချုပ်ထံမှ သိရသည်။
ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်
KIA
က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး
ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ
ဦးစိုင်းထိန်လင်းက ပြောကြားသည်။
ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။
နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်း ကျန်း သူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက် ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အအေးပိုမည်

တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက် က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။
မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ (၅)ဦးဒဏ်ရာရ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထို ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး

တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး

တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်

လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။
လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ
စစ်ကိုင်းတိုင်းဒေသကြီး၊
ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃
ဒီဇင်ဘာ(၅) ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည်
၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက် ဘက် (၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့်
သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင်
အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂) ချက်ဖြင့်
သေ ဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင်
တစ်ရွာ တည်းနေ ဇော်လင်း (၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀)
နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများ
တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်
တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက်
တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့်
အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ
ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ်
တစ်ဝိုင်းတည်း အိမ်တောင် ဘက်ကပ်လျက် အိမ်တွင် တစ်ဦးတည်း နေထိုင်သည့်
အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့်
နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူ ဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။
ကျောက်ဆည်၌ ထော်လာဂျီနှင့် ရထားတိုက်မိ လူနှစ်ဦး သေဆုံး
မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ တောင်ဘက် တောတွင်းကျေးရွာ အနီးတွင်
ထော်လာဂျီမှ ရထားလမ်း ဖြတ်ကူးစဉ် ရထား တိုက်မိ၍ ထော်လာဂျီယာဉ် ပေါ်ပါ
သုံးဦးအနက် နှစ်ဦး မှာ နေရာ တွင် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
ခိုးမှုမှတရားခံအား စစ်ဆေးရာမှ အခြားဆိုင်ကယ်(၅)စီးခိုးမှုပေါ်

ရဲစခန်း(ပ)၁၀၆၇/၂၀၁၃၊ ပုဒ်မ ၃၇၉အမှုမှတရားခံသန်းနိုင်(ခ)အရှည်ကြီး (ဘ)ဦးတင်အုန်း၊ (၆၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူအား စစ်ဆေးခဲ့ပါသည်။
နိုင်ငံနှင့် ပြည်သူများအား လိမ်လည် လှည့်ဖြားနေသည့် အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန စွန့်လွှတ်ချိန် တန်ပြီဟုဆို
ပညာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့် ပြည်သူများအား လိမ်လည်လှည့်
ဖြားနေသည့် အကျင့်ဟောင်း များကို စွန့်လွှတ်ချိန်တန်ပြီဖြစ် ကြောင်း
တက္ကသိုလ်ဆရာ၊ ဆရာ မများအသင်းက ပြောကြားလိုက် သည်။ ယင်းကဲ့
သို့ပြောကြားခြင်း မှာ လက်ရှိ တက္ကသိုလ်များ ရှိအ ဆောင် များ တွင် ကျောင်းသား ၊
ကျောင်းသူ များကို ပြန်လည်ထား ရှိတော့မည်ဖြစ်သည့် အတွက်
တချို့အဆောင်များတွင် ဆရာ များအား ပြောင်းရွှေ့ခိုင်းနေရာ ဆရာ၊ ဆရာမများ မှာနေရေး၊ ထိုင်ရေး အခက် အခဲ များဖြစ်ပေါ် နေကြောင်း သိရသည်။
ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး

အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။
မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့

မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစား ၀န်ကြီးဌာန လူထု/ ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
“အားကစားဝန်ကြီးကတော့ အနည်းဆုံး ရွှေ ၁၀၀ ရအောင် ကြိုးစားဖို့ ပြောထားပေမယ့် လက်ရှိ အနေအထား အရ ရွှေ ၆၀ လောက်ရအောင်တော့ ကြိုးစားနေကြတယ်။ ခုချိန်ကျမှ ကစားသမားတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရတော့ဘူး။ ၂၆ ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေ ၁၆ ခုပဲ ရခဲ့တာဆိုတော့ အခြအနေ အများကြီးတိုးတက်လာပါတယ် ”ဟု ဦးဌေးအောင်က ဆိုသည်။
အလှဘုရင်မဆုဖြစ်သည့် Most Beautiful of 2013 Top-80 တွင် ခင်ဝင့်ဝါ ပါဝင်

မြန်မာနိုင်ငံမှ Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် Miss Univer-se & Missology ၀က်ဘ်ဆိုဒ်က ကျင်းပသည့် Most Beautiful Queen of 2013 Top -80 စာရင်းတွင် ပါဝင်နေသည်။ ယင်းဝက်ဘ်ဆိုဒ်သည် ယခုနှစ်အတွင်းတွင် ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲများတွင် ပါဝင် ကြသည့် အလှမယ်များကို Most Beautiful Queen of 2013 ဆုကို ရွေးချယ်မည် ဖြစ်သည်။
ကျပ် ၅၀၀၀ တန်အတု သုံးစွဲခဲ့သည်ဟုဆိုကာ ကုန်စုံဆိုင်ပိုင်ရှင်ကို ရဲကအမှုဖွင့်
မင်္ဂလာဒုံမြို့နယ်တွင် ၅၀၀၀ တန် ငွေစက္ကူအတုများ သုံးစွဲခဲ့သည့်
ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို မြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅
တွင် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၃ ရက်က အမှတ် ၄၇၊ ပိတောက်လမ်းနေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဈေးအတွင်းတွင် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ အတုဟုယူဆရသော ငွေစက္ကူခြောက်ရွက်တို့ကို သိမ်းဆည်း ရ မိထားသည်။
ဒီဇင်ဘာ ၁၃ ရက်က အမှတ် ၄၇၊ ပိတောက်လမ်းနေ (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဈေးအတွင်းတွင် ဖမ်းဆီးခဲ့ရာ ၎င်းထံမှ အတုဟုယူဆရသော ငွေစက္ကူခြောက်ရွက်တို့ကို သိမ်းဆည်း ရ မိထားသည်။
ဒဏ်ရာတွေကို ကုစားပေးမည့်သူများ

ဆီဂိမ်း ထိုင်းရိုးရာ မွေ့ထိုင်း လက်ဝှေ့ Muay ( Muay Thai ) ပြိုင်ပွဲကို ယနေ့မှာ စတင်ယှဉ်ပြိုင် ကစားတော့ မှာပါ။ ဒါကြောင့်စိတ်မပူပါနဲ့ မြန်မာဘောလုံးရဲ့ ဒဏ်ရာတွေကို ဒီမောင်တွေ ကုစားပေးနိုင်မှာပါ။
ထိုင်း၊ ဗီယက်နမ်၊ အနောက်တိုင်းလက်ဝှေ့မှာ စွာနေတဲ့ ဖိလစ်ပိုင်၊ အသဲခွဲခွဲနေတဲ့ မလေးနဲ့ အင်ဒိုတွေကို အနိုင်ယူပြီး နိုင်ငံဂုဏ်ဆောင်ကြစမ်းပါ။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးရန် အဆင်သင့်ဖြစ်နေသော ရိုးရာလက်ဝှေ့ သူရဲကောင်း များကတော့
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ပြုရန် ဥရောပသမဂ္ဂ တိုက်တွန်း
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သမ္မတ နေရာ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်
ရွေးကောက်ပွဲ ဥပဒေ များ ပြောင်း လဲပေးရန် ဥရောပနိုင်ငံများက မြန်မာအစိုးရကို
တိုက်တွန်းလိုက်သည်။
ဆိပ်ကမ်းရောက်ကား (၂၂) စီးကို တိုက်ကြေကားဟု ယူဆ၍ အကောက်ခွန်မှ စိစစ်နေ
ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင်မော်တော်
ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှ တိုက်ကြေကားများကို တင်သွင်းလာ
မှုများရှိနေသည့်အတွက် အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခု အခါတွင်
ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် မော်တော် ယာဉ်များအနက် ယာဉ်
(၂၂) စီးကို တိုက်ကြေကားဟုယူဆ၍ အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း
သိရသည်။
ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်

ဘောလုံးလည်းရှူံး သိက္ခာလည်း ရှူံး
အင်ဒိုနီးရှားအသင်းကို သရေကစားရုံဖြင့် အုပ်စုတက်ကာ ဆီးဂိမ်း
ရွှေရယူနိုင်ရန် မျှော်မှန်းနိုင်ခဲ့သော် လည်း တစ်လုံးတည်းသော
ပယ်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ဆီးဂိမ်း ရွှေအိပ်မက် ပျက်ပြယ်
သွားသော ပရိသတ်များ၏ ပွဲအပြီး ပေါက်ကွဲသောင်းကျန်းမှုကြောင့်
လုံခြုံရေးရဲများနှင့် ပဋိပက္ခများ ဖြစ် ပွားခဲ့ရသည်။
အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်
ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင်
မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့်
ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ် သည်။ မြန်မာ အသင်းမှာ
ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့်
အသုံးမပြုနိုင် ခဲ့ဘဲ မြန်မာ အသင်း နည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို
အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစား ကွက်ဖြင့် ပွဲ ထွက်ခဲ့သည်။
ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း
တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ
ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကိုကို
လူစားလဲထည့်သွင်းခဲ့ပြီး
မန်စီမြို့နယ်၌ ဒီဇင်ဘာ ပထမလ၀က်အတွင်း ကေအိုင်အေ လက်နက်ကိုင် အဖွဲ့များက လူ ၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေး
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ
ကေအိုင်အေ လက်နက် ကိုင် အဖွဲ့အစည်းက လူ ၅၁ ဦးကို ဖမ်းဆီးသွားပြီး ယနေ့အထိ
ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့်
ဒေသခံကျေးရွာများက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။
မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်
မိတ္ထီလာမြို့
ချမ်းအေးသာယာ နယ်မြေအတွင်း နေထိုင်သူ အများစု ခိုလှုံနေရသော ဗဟိုပို့ဆောင်
ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းအား ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွားခဲ့သော မိတ္ထီလာမြို့
နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင်
လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာလ ထဲ
နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက်လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး
ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင် စတင်ချထားပေးကာ ဆောက်လုပ်ရေး
လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း မိတ္ထီလာခရိုင်
အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား
အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့က
ထိုင်ခုံများဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ထား သည် ကို တွေ့ရစဉ် (
ဓာတ်ပုံ-ညီညီစိုးညွန့်)
ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား
ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက
အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့်
အုပ်စုမှထွက်ခဲ့ ရပြီ ဖြစ်သည်။
Subscribe to:
Posts (Atom)