မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Wednesday, January 29, 2014
တရုတ်နှစ်သစ်ကူးကာလ ရွှေလီနှင့် ကြယ်ဂေါင်သို့ တရားမ၀င် ၀င်ရောက်သူများကို နေ့စဉ်ဖမ်းဆီး
တရုတ်-မြန်မာနယ်စပ်မြို့ ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း ၀င်ထွက်ခွင့် လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ် စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
Read more »
ဖမ်းဆီးထားသော လယ်သမားများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားအချို့ကို ပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့ တပ်ကာ ဖမ်းဆီး ချုပ်နှောင်ထား၍ ပြန်လွှတ်ပေးရန် လယ်သမား ၁၈၀ ကျော် သည် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ် မြို့တော်ခန်းမရှေ့၌ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
Read more »
အလယ်တန်း အခမဲ့ပညာရေးစနစ် လာမည့်နှစ် စမည်
လာမယ့် ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် အခမဲ့ပညာရေးကို စတင်ဆောင်ရွက်တော့မယ်လို့ မြန် မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြော ကြားလိုက်ပါ တယ်။
Read more »
မြန်မာနယ်မြေအတွင်း အိန္ဒိယဘက်က ကျူးကျော် အဆောက် အအုံ များ ၀င်ရောက်ဆောက်လုပ်ထားဟုဆို
မြန်မာ-အိန္ဒိယ နယ်နိမိတ်ရှိ မတိုင်းတာရသေးသည့် နယ်နိမိတ် မှတ်တိုင်နှင့် တိုင်းတာပြီး နယ်နိမိတ် မှတ်တိုင် အချို့ကြောင့် မြန်မာနိုင်ငံပိုင်နယ်မြေ အတွင်းသို့ အိန္ဒိယဘက်မှ အဆောက်အအုံများ ကျူးကျော်ဆောက် လုပ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ဇန်န၀ါရီ ၂၈ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
Read more »
" ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ တွင် မြန်မာ့ တပ်မတော်ပါဝင်ရေး မူအားဖြင့် လက်ခံ လိုက်ပြီ "
နိုင်ငံစုံတပ်များဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် မြန်မာ့တပ်မတော် ပါဝင်ရန် ကုလ သမဂ္ဂ အထူးကိုယ်စားလှယ်၏ ကမ်းလှမ်းမှုကို မြန်မာ့တပ်မတော်က လက်ခံ လိုက်ကြောင်း သိရသည်။
Read more »
နိုင်ငံသားမှတ်ပုံတင်ကတ်များ စမတ်ကတ် ပြောင်းလဲထုတ်ရန် ကွန်ပျူတာ ဆာဗာကွန်ရက်များ တည်ထောင်မည်
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စမတ်ကတ် ပြောင်းလဲထုတ်ပေးနို င်ရေးအတွက် ကွန်ပျူတာဆာဗာများ ယခုနှစ်တွင် အပြီး တပ်ဆင်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Read more »
ပန်းသွေးရောင် မျက်နှာမျိုး ပိုင်ဆိုင်စေဖို့အတွက် ခြယ်သရာမှာ သိထားသင့်တဲ့အချက် ၆ ချက်
ကိုယ့်ရဲ့မျက်နှာလေး ပန်းသွေးရောင်ခြယ် လှပနေဖို့ဆိုတာ skin care ကောင်းနေဖို့၊ ဒါမှမဟုတ် အောက်ခံ လိမ်းထားတဲ့ မိတ်ကပ်သားကောင်းနေဖို့ဆိုတာထက် ကိုယ်ရွေးချယ်ထားတဲ့ ပါးနီ အရောင်တွေကလည်း ကိုယ်နဲ့လိုက်ဖက်နေဦးမှပါ။ ကိုယ့်အသားအရေက တစ်ရောင်၊ ကိုယ်ရွေးထားတဲ့ ပါးနီရောင်က တစ်မျိုးဖြစ်နေရင်တော့ ဒါဟာ တော်တော်ကြည့်ရဆိုးနေမှာမို့ ကိုယ့်မျက်နှာနဲ့ဘယ်လို ပါးနီရောင်တွေက သင့်တော်တယ်ဆိုတာ
ခွဲခြားနိုင်ဖို့ ခုလို ဖော်ပြပေးလိုက်ပါတယ်။
Read more »
ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ပါက အန္တရာယ်မဖြစ်ရန် ကာကွယ်ထားဟုဆို
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် ဓာတ်ငွေ့ ပိုက်လိုင်းများ အားလုံးကို ပေါက်ကွဲမှု မဖြစ်ရန်နှင့် ပေါက်ထွက်၊ ယိုစိမ့်လာပါက ပြည်သူလူထု အန္တရာယ် မဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြော ကြားသည်။
Read more »
အမှတ် (၅) ချည်မျှင်နှင့်အထည် စက်ရုံမှူးဟောင်းကို ကာမလိမ်လည်မှုဖြင့် အရေးယူပေးရန် ဒေသခံများ တောင်းဆို
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စက်ရုံဝန်ထမ်း အမျိုးသမီးများကို ကာမလိမ်လည် ရယူခဲ့သည်ဟု ဆိုကာ အမှတ် ၅ ချည်မျှင်နှင့် အထည်စက်ရုံမှူးဟောင်း အငြိမ်းစားဗိုလ်မှူးတစ်ဦးကို အရေး ယူ ဆောင်ရွက်ပေးရန် ပခုက္ကူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက် အဖွဲ့ (မဘသ) နှင့် ဒေသခံ ၁၀၀ ကျော် တို့က လက်မှတ်ထိုး တောင်းဆိုထားသည့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read more »
၂ဝ၁၄တွင် နိုင်ငံခြားသားဧည့်သည် သုံးသန်းဝင်ရောက်ရန် ကြိုးပမ်း သွားမည်
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည်သည့်ဝင်ရောက်မှုသည် ယခု ၂ဝ၁၄ ခုနှစ်တွင် လေဆိပ်မှ ဝင်ရောက်မှု ၁ ဒသမ ၃၅ သန်းနှင့် နယ်စပ်များမှဝင်ရောက်မှု ၁ ဒသမ ၆၅ သန်း စုစုပေါင်း သုံးသန်းဝင် ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာနမှသိရသည်။
Read more »
ဒုချီးရာတန်းကျေးရွာကို EU သံတမန်များ သွားကြည့်မည်
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအမတ်ကြီး Mr. Roland Kobia နဲ့ ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီစတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သံအရာရှိ ၁၀ ဦးလောက်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာကို လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ သွားရောက်လေ့လာမယ်လို့ သိရပါတယ်။
Read more »
အမေရိကန်နှင့် ဗြိတိသျှသူလျှိုများက မိုဘိုင်းဖုန်းများ၏ Application များထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များရယူ
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) နှင့် ဗြိတိန်နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီတို့သည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ရယူရန်အတွက် မိုဘိုင်းဖုန်းများ၏ application များထဲသို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
Read more »
အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်
တရုတ်နိုင်ငံအပြင် တောင်ကိုးရီးယားနိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက အဲဒီကျွန်းတွေ ဂျပန်က ပိုင်ဆိုင်ကြောင်း ပညာရေး သင်ရိုးညွန်းတမ်းမှာ ပြဌာန်းဖို့ လုပ်နေပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ရှိတဲ့ ကျွန်းစုတွေကို ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က
Read more »
မွတ်ဆလင်များသတ်ဖြတ်ခံရသည်ဟု လိမ်ညာ ဖော်ပြသော ကုလနှင့်အေပီ ကျင့်ဝတ်မဲ့ဟု ဦးရဲထွဋ် ပြော
ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း အလယ်တန်းကျေးရွာမှာ ဒေသခံ မွတ်ဆလင် ၄၈ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်မှုဟာကျင့်ဝတ်နဲ့မညီသလို အေပီသတင်း ဌာနဟာလည်းတစ်ဖက်သတ် ရေးသားခဲ့တယ်လို့ မြန်မာအစိုးရပြောခွင့်ရ ဦးရဲထွဋ်က ဇန်နဝါရီ ၂၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သတ်ဖြတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေရှိရင် ပြောနိုင်တယ်လို့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲ အပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
Read more »
မီဒီယာသမားအမည်သုံးပြီး ငွေကောက်ခံခဲ့သည့် တောင်ကြီး NLD ပါတီဝင်ကို အရေးယူရန် ဗဟိုသို့ တင်ပြထား
ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မတိုင်မီက မီဒီယာသမားများအမည်သုံးပြီး အလှူငွေကောက် ခံခဲ့သည့် တောင်ကြီးမြို့နယ်၊ အမျိုးသားရပ်ကျေးပါတီဝင် ကိုထွန်းထွန်းဦးကို ရှမ်းပြည်နယ် NLD စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြုလုပ်ကြောင်း ၀န်ခံခဲ့သဖြင့် အရေးယူရန် ဇန်န၀ါရီ ၂၇ရက်က ဗဟိုသို့ တင်ပြထားသည်ဟု NLD ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက
ဇန်န၀ါရီ ၂၈ တွင် မဇ်္ဈိမကို အတည်ပြု ပြောသည်။
Read more »
အမ်းမြို့ရှိ တရုတ်ကုမ္ပဏီမီးရှို့ရာတွင် ပါဝင်သူဟု သံသယရှိသူ ၁၁ ဦးကို စစ်ဆေး
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်သည့် တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီ CNPC ကို မီးရှို့သည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု အမ်းမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
အမ်းမြို့နယ်၊ ဆင်ကုန်တိုင်ရွာရှိ SEAGP ဆောက်လုပ်ရေးကုမ္ပဏီမှ တရုတ်အမျိုးသားတစ်ဦးက အိမ်အ ပေါ်ထပ်မှနေ၍ မြန်မာလုပ်သားတစ်ဦးအပေါ်သို့ အပေါ့စွန့်ချသည်ဟုဆိုကာ နှစ်ဖက် အချင်းများခဲ့ပြီး ည ၁၂ နာရီခန့်တွင် မြန်မာအလုပ်သမားများက မီးရှို့ခဲ့ခြင်းဖြစ်သည်။
Read more »
မီတာခဈေးနှုန်း ပြန်ညှိနှိုင်းသတ်မှတ်မည်
လျှပ်စစ်မီတာခ တိုးမြှင့်မယ်လို့ ၀န်ကြီးဌာနက ကြေညာထားတဲ့ နှုန်းထားအတိုင်း လာမယ့် ဘဏ္ဍာရေးနှစ် အစ ၂၀၁၄ ဧပြီမှာ စ ကောက်မယ်လို့ သမ္မတက လွှတ်တော်ဘက်ကို သ၀ဏ်လွှာ ပေး ပို့ထားပေမယ့် အဲဒီနှုန်းထားအတိုင်း မကောက်ဘဲ ပြန်လည်ညှိနှိုင်း သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
Read more »
၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခုက ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော် သုံးစွဲခဲ့
၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအား ၀န်ကြီးဌာနလေးခု၏ သုံးစွဲမှုမှာ ကျပ်သန်းပေါင်း ၂၅၈၄၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါသုံးစွဲခဲ့သည့် ရန်ပုံငွေများသည် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးနှင့် အခြားဘေးအန္တရာယ် ကျရောက်မှုတို့ကြောင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ရသည့် ရန်ပုံငွေအား သုံးစွဲရခြင်းဖြစ်ကြောင်း သိရသည်။
Read more »
မဆုံးနိုင်သော မူးယစ်ဆေးဝါးသံသရာ
ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် ထောင်သွင်းအကျဉ်းချခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေရာမှာ အမှန် တကယ်ပြစ်ဒဏ်လျော့ပေါ့သင့်သူတွေရှိသလို အပြစ်ဒဏ်က တကယ်မလွတ်သင့်တဲ့သူ တွေလည်းရှိခဲ့ပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပြစ်ဒဏ်ခံနေသူတွေကို အပြစ်ကနေ လွတ်ငြိမ်းခွင့်မပေးသင့်ပါဘူး။ လူသတ်သမား ဟာ ထောင်အပြင်လောကရောက်တာနဲ့ လူသတ်ဖို့ပဲ သူ့မှာ
ရည်ရွယ်ချက်ရှိသလို မူးယစ်ဆေးဝါးသမားကလည်း မူးယစ်ဆေးဝါးပဲပြန်လုပ်မှာပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတယ်ဆိုပေမယ့် UWSA တပ်ဖွဲ့ က မူးယစ်ဆေးဝါးခေါင်းဆောင် တွေကိုတော့ ပြန်လည်လွှတ်မပေးသင့်ပါဘူး။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)