Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Wednesday, March 30, 2016

အမေရိကန်နိုင်ငံ၏ အခြေအနေ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ခြောက်လကျော် ကွာဝေးပါသေးသည်။ အမေရိကန်နိုင်ငံ၏ (၄၅) ဦးမြောက် သမ္မတ မည်သူဖြစ်လာမည်ဆိုသည်ကို မဆိုထားနှင့် ပါတီကြီးနှစ်ခုကို ကိုယ်စားပြုရန် မည်သူ့ကို အမည်စာရင်းတင်သွင်းမည်နည်းဆိုသည်ပင် သေချာတပ်အပ်မပြောနိုင်သော အနေအထားဖြစ်သည်။ သို့သော်မှီတင်းနေထိုင်သူပေါင်း သန်း ၃၂၀ ကျော်ရှိသော နိုင်ငံ၏လတ်တလောခံစားချက်နှင့် ကမ္ဘာတစ်ဝန်းမှ လူများအတွက် အဆုံးမရှိသော နိုင်ငံရေးအော်ပရာဟု ထင်မှတ်ရသော အခြေအနေတွင်နောက်ဆုံး၌ အောင်ပွဲခံမည့် အမျိုးသား (သို့) အမျိုးသမီးအတွက် ယင်းခံစားချက်မှာ မည်သည့်အဓိပ္ပာယ်ဆောင်မည်နည်းဆိုသည်ကို အကဲဖြတ်ရန်မှာ စောလွန်းလှသည် မဟုတ်ပေ။ယနေ့အမေရိကန်နိုင်ငံတွင် လွှမ်းမိုးနေသော ခံစားချက်မှာ လုံးလုံးလျားလျားဒေါသထွက်ခြင်း မဟုတ်လျှင်သော်မှအတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်နေသော အနေအထားဖြစ်သည်။ မကြာသေးမီကပင် ၀ါရှင်တန်ပို့စ်သတင်း စာကြီးက ဝေါလ်စထရိ၊ မွတ်စလင်များ၊ ကုန်သွယ်ရေးသဘော တူညီချက်များ၊ ၀ါရှင်တန်အစိုးရ၊ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုများ၊ သမ္မတဘားရက်အိုဘားမား၊ ရီပက်ဘ လေကန်များ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အခြားအကြောင်းအရာများကို ပစ်မှတ်ထား၍ အပိုင်းလေးပိုင်းပါသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြခဲ့သည်။
ယခုအချိန်တွင် လူတစ်ဦးတစ်ယောက်အား အဆိုးရွားဆုံးသုံးနှုန်းပြောဆိုသော စကားလုံးမှာ ‘ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား’ ဟူသော အသုံးအနှုန်းဖြစ်သည်။ ယင်းစိတ်အခြေအနေအတွက် အကျိုးကျေးဇူးခံစားရသူများမှာ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်သော မူဝါဒစိတ်ကူးထားသူများ၊ လက်ရှိအခွန်နှင့် ငွေကြေးသုံးစွဲမှု မူဝါဒများကို အောက်ခြေသိမ်းပြောင်းလဲပစ်ရန် တိုက်တွန်းနေသော အခိုင်အမာတည်ရှိပြီးသားအရာများကို ဆန့်ကျင်သည့် ကိုယ်စား လှယ်များပင်ဖြစ်သည်။ ၎င်းတို့ ထောက်ခံအားပေးသော အကြောင်းအရာအသေးစိတ်မှာ ကွဲပြားကောင်း ကွဲပြားပါလိမ့်မည်။ သို့သော်၎င်းတို့ ရွေးချယ်မည့် လမ်းကြောင်းများမှာ လက်ရှိပိုနေမြဲ၊ ကျားနေမြဲအနေအထားမှ သိသာစွာ ကွဲထွက်သွားပါလိမ့်မည်။
ယင်းခံစားချက်၏ အခြေခံမှာ သူ့ဘာသာထင်ရှားမြင်သာသည်မဟုတ်ပေ။ အကြောင်းမှာ အမေရိကန်နိုင်ငံမှာ ၂၀၀၇-၂၀၀၈  စီးပွားရေးအကျပ်အတည်းနောက် စီးပွားရေးအရ ကြည့်လျှင် အခြေအနေကောင်းနေသောကြောင့် ဖြစ်သည်။ စီးပွားရေးအ ကျပ်အတည်းနောက်ပိုင်း အလုပ်အကိုင်နေရာ ကိုးသန်းကျော် ဖန်တီးခဲ့သည်။ငွေကြေးအတိုးနှုန်းနည်းသည်။ (ယင်းအတွက် အိမ်နှင့်ကားများအတွက် ချေးငွေထုတ်ရန် တတ်နိုင်လာကြသည်) ဓာတ်ဆီဈေးနှုန်းကျဆင်းမှုမှာလည်း သာမန်အမေရိကန်မိသားစုတစ်စုအတွက် အခွန်ကန်ဒေါ်လာ ၇၀၀ လျှော့ချပေးလိုက်သော ပမာဏနှင့် ညီမျှနေသည်။ ထို့အပြင် စတော့ရှယ်ယာဈေးကွက်မှာလည်း လွန်ခဲ့သောခုနစ်နှစ်က အနိမ့်ဆုံးသို့ ကျဆင်းပြီးနောက်ပိုင်း ၂၀၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခင်က ကျန်းမာရေးအာမခံမရှိသော လူသန်းပေါင်းများစွာမှာလည်း ယခုအခါ ကျန်းမာရေး အာမခံရရှိသွားပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုသို့ စီးပွားရေးသတင်းကောင်းများမှာ မိသားစုဝင်ငွေအမှန်တကယ်တိုးတက်မှု အားနည်းမှုနှင့် ဘဲစားဘဲချေဖြစ်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ပြီးသား စစ်မှန်သော မိသားစုဝင်ငွေတိုးတက်မှု တန့်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ အချိန်ပြည့်အလုပ်နှင့် အမေရိကန်နိုင်ငံသား ရာခိုင်နှုန်းမှာ လွန်ခဲ့သော ခုနစ်နှစ်က အနေအထားသို့ ပြန်မရောက်သေးပေ။ ၎င်းတို့အနက်အများအပြားမှာ နိုင်ငံရပ်ခြားမှ ယှဉ်ပြိုင်မှု နည်းပညာသစ်များနှင့် ပြင်ပသို့ အလုပ်အပ်နှံလုပ်ကိုင်ခြင်း (Outso-urcing) ကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပါသည်။
အမေရိကန်နိုင်ငံသားအများအပြားပို၍ အသက်ရှည်ရှည်နေထိုင်လာကြရသည်။ သို့သော် ၎င်းတို့ ပင်စင်ယူပြီး အသက်အရွယ်ကြီးရင့်ချိန်အထိ နေထိုင်နိုင်ရန် လိုအပ်သော ငွေကြေးများ မစုဆောင်းနိုင်ဖြစ်လာသဖြင့် စိုးရိမ်ပူပန်နေကြသည်။ အချို့မှာ အို ဘားမားအစိုးရလက်ထက် ပြဋ္ဌာန်းလိုက်သော ဥပဒေကြောင့် ယခင် က ၎င်းတို့ရှောင်လွှဲခဲ့သော ကျန်းမာရေးအာမခံပရီမီယံကြေးများ ထည့်သွင်းနေကြရသည်။
မညီမျှမှုဆိုသော အကြောင်းကိစ္စကလည်း ရှိနေသည်။ သို့သော်ပြဿနာမှာ မညီမျှမှုကိစ္စတစ်ခုတည်း မဟုတ်ပေ။ (မညီမျှမှုမှ ပိုဆိုးလာသော်လည်း အကြောင်းအရာသစ် မဟုတ်ပေ) အခွင့်အရေးနည်းပါးလာမှုဖြစ်သည်။ အမေရိကန်အိပ်မက်နေရာ၌ လူတန်းစားခွဲခြားမှု ၀င်ရောက်လာသည်။ မည်သူမဆို အလုပ်ကြိုးစားလုပ်ကိုင်မှုဖြင့် မိမိ၏ အခြေအနေကို တိုးတက်အောင်လုပ်နိုင်သည်ဟူသော စံနှုန်းပေါ်တွင် တည်ထောင်ခဲ့သော နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့နူးညံ့သော အပြောင်းအလဲတစ်ခုဖြစ်သည်။
သို့သော်စိုးရိမ်ပူပန်မှုများနှင့် အမျက်ဒေါသတို့မှာ စီးပွားရေး ပကတိအခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို ဖောက်ထွင်းစီးဆင်းသွားသည်။ စိတ်ပိုင်းဆိုင်ရာမဟုတ်သော ကိုယ်ပိုင်းဆိုင်ရာမလုံခြုံမှုကလည်း ရှိနေသည်။ ယင်းမှာ ရာဇဝတ်မှုအကြမ်းဖက်ဝါဒအပေါ် ကြောက်ရွံ့မှုလည်း ဖြစ်နိုင်ပါသည်။
လူ့အဖွဲ့အစည်းနှင့် နိုင်ငံအများအပြားမှာကဲ့သို့ပင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ လားရာအပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသည်။ခေတ်သစ်မီဒီယာများကလည်း အရှိတရားကို ချဲ့ကားပုံဖော်တတ်သည်။ ကျွန်ုပ်တို့၏ခေတ်မှာ ကျယ်ပြန့်စွာ အသံလွှင့်ခြင်း (Broadcasting) မဟုတ်မူဘဲ ကျဉ်းမြောင်းစွာ အသံလွှင့်ခြင်း (Narrowcasting) ခေတ်ဖြစ်သည်။ လူအများအပြားက ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၀ါဒတို့ကို အားဖြည့်ခိုင်မာစေသော ဝက်ဘ်ဆိုက်များနှင့် ကေဘယ်ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာကြသည်။
ယခုအကြောင်းအရာအများစုမှာ စိတ်ချလက်ချဖြစ်စရာ မရှိသလောက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ခံစားချက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ဖြတ်သန်းသွားပြီး အစိုးရသစ်နှင့် လွှတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာပါလိမ့်မည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီတွင်း နှစ်ခြမ်းကွဲမှုများနှင့် ပါတီနှစ်ခုအကြား ကွဲပြားခြားနားမှုများကြောင့် နိုင်ငံကိုအုပ်ချုပ်နိုင်ရန် လိုအပ်သော အပေးအယူလုပ် ညှိနှိုင်းမှုနှင့် မဟာမိတ်ဖွဲ့ခြင်းများ လုပ်ဆောင်ရေး မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။
ပင်စင်ကိစ္စစိုးရိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အပေါ် စိုးရိမ်ပူပန်မှုများကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ပိုမိုခက်ခဲပါလိမ့်မည်။ လွတ်လပ်စွာ ကုန်သွယ်ရေး (Free Trade) မှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် အပြစ်တင်ခံနေရပြီး ထောက်ခံမှုကျဆင်းလာသည်။ Free Trade ကြောင့်ပင် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ခြင်းနှင့် စားသုံးသူ ရွေးချယ်စရာ ပိုများလာခြင်းမှာ အမှန်ပင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်၏ မဟာဗျူဟာရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေသော်လည်း ထောက်ခံမှုလျော့လာခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာကပင် အမေရိကန်၏ အစဉ်အလာတစ်ခုဖြစ်ပြီး လူတော်လူကောင်းများစွာ ရရှိခဲ့ရာ ရင်းမြစ်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးကိစ္စမှာလည်း အငြင်းပွားစရာ အလွန်များပြားနေပြီဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလားအလာအလွန်နည်းပါးသည်။

ပြန်ပေးဆွဲထားသည့် အီဂျစ်လေယာဉ်မှ ခရီးသည်အများစု ပြန်လွတ်လာ


အီဂျစ်လေကြောင်းပိုင် ပြည်တွင်းခရီးစဉ်အမှတ် MS181ကို ပြန်ပေးဆွဲထားသည့် အီဂျစ်အမျိုးသားက ခရီးသည် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း လေယာဉ်အဖွဲ့သားများနှင့် နိုင်ငံခြားသား ခရီးသည် အချို့ကို ထိန်းချုပ်ထားဆဲဟု သိရသည်။
ပြန်ပေးသမားသည် အီဂျစ်နိုင်ငံသားတစ်ဦးဟု သတင်းများက ဖော်ပြထားပြီး ၎င်းသည် အီဂျစ်နိုင်ငံသား မဟုတ်သူ ခရီးသည် ၄ ဦးနှင့် အမှုထမ်းများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ လေယာဉ်သည် မူလက အလက်ဇန္ဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော်လည်း ပြန်ပေးသမား၏ တောင်းဆိုမှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်းရှိ လန်ကာရာ လေဆိပ်တွင် ဆိုက်ကပ်ပြီး ပိတ်မိနေဆဲ ဖြစ်သည်။
အီဂျစ်လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူ ၈၁ ဦး ရှိခဲ့ပြီး ခရီးသည် အများစု လွတ်မြောက်လာပြီဟု အတည်ပြု ကြေညာသည်။ မျက်မြင်များကလည်း လေယာဉ်ပေါ်မှ ဆင်းသက်လာသူများသည် ဘတ်စ်ကားတစ်စီး
ပေါ်တက်ကာ အခင်းဖြစ်ရာ နေရာမှ ထွက်ခွာသွားကြောင်း ပြောကြားခဲ့သည်။ ခရီးသည် တစ်ဦးက ပြန်ပေးသမားသည် ဖောက်ခွဲရေး ပစ္စည်းများ ပါရှိသည့် ခါးပတ်ကို ဝတ်ဆင်ထားကြောင်း ဆိုသည်။

လေယာဉ်ကို ပြန်ပေးဆွဲရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ဆိုက်ပရပ်စ် မီဒီယာများက ပြန်ပေးသမား၏ ပုဂ္ဂိုလ်ရေးကိစ္စ တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြကြသည်။ ဥပမာအားဖြင့် ခိုလှုံခွင့်ရရေး ကဲ့သို့ ရည်ရွယ်ချက်မျိုးနှင့် ဖြစ်နိုင်သည်ဟု ဆိုသော်လည်း ယင်းအချက်ကို အတည်မပြုနိုင်သေးချေ။
လတ်တလောတွင် လန်ကာရာ လေဆိပ်ကို ပိတ်ထားရပြီး လေဆိပ်သို့ ပျံလာသည့် လေယာဉ်များကို အခြားလေယာဉ်ကွင်းများသို့ လမ်းကြောင်းပြောင်း ဆင်းသက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
Ref: CNN

Saturday, October 3, 2015

မသေဆေး ရှာဖွေ တွေ့ရှိခဲ့ဟု ရုရှား သိပ္ပံပညာရှင် တစ်ဦး ပြောကြား

ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့် နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Sunday, September 27, 2015

ရည်းစားနှင့် အဆက်မဖြတ်သည့် မြေးမကို အိန္ဒိယအဘိုးက လည်လှီး

ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

Saturday, September 12, 2015

မက္ကာရှိဗလီကြီးမှာကရိန်းပြိုကျလို့ လူအများအပြားသေ

မက္ကာရှိ ဗလီကြီးမှာ ကရိန်းကြီးပြိုကျလို့လူ ၈၇ယောက်သေဆုံး တယ်လို့ ဆော်ဒီ အာရေဗျ လုံခြုံရေး အရာရှိတွေကပြောပါတယ်။ မွတ်ဆလင် သန်းနဲ့ချီလာရောက်မယ့် အခုလကုန် ဟာဂ်ျရာသီမစမီ ခုလို မတော်တဆမှုဖြစ်ပွားတာဖြစ်ပါတယ်။

Sunday, March 15, 2015

တရုတ်ဘက်သို့ ဗုံးကျခြင်းကြောင့် မြန်မာသံအမတ်ကြီးကို တရုတ်အစိုးရချက်ချင်းခေါ်ယူသတိပေး

ဗုံးကျသောကြောင့် တရုတ်နိုင်ငံသား လေးဦးသေ၊ ကိုးဦး ဒဏ်ရာရခဲ့ပြီးနောက် တရုတ်လေတပ်မှ တိုက် လေယာဉ်များ မြန်မာ-တရုတ်နယ်စပ်တွင် ကင်းလှည့်
မြန်မာလေတပ်မှ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့သို့ ဗုံးကြဲတိုက်ခိုက်ရာ တရုတ်နိုင်ငံအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသားလေးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တရုတ် အစိုးရကမြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။

ခြေထောက်တွေကိုအာမခံထားမယ့် တေလာဆွစ်


တေလာဆွစ်ဟာ လော့စ်အိန်ဂျလိစ် မယ်လ်ရို့စ်အဗင်းနယူးမှာ ဈေးဝယ်ထွက်ခဲ့စဉ် သူမရဲ့ သွယ်လျ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ခြေထောက်အလှကို ပေါ်လွင်စေဖို့ ဘောင်းဘီတို၊ ခုံထူဒေါက် မြင့်ဖိနပ်နဲ့ ဦးထုပ်အဝိုင်းလေးကို တွဲဖက်ဝတ်ဆင်သွားခဲ့ပါတယ်။

တောင်နီတန်းပေါ်မှာ အသက်စွန့်ပြီး စက်ဘီးစီးခဲ့သူ


ပိုလန်နိုင်ငံသား စက်ဘီးစီးသမား တစ်ဦးဟာ အမေရိကန်နိုင်ငံ အရီဇိုနားပြည်နယ်က မတ်စောက်တဲ့ တောင်တန်းပေါ်မှာ သက်စွန့်ဆံဖျား စက်ဘီးစီးပြခဲ့ပါတယ်။ မိုက်ကယ်ကိုးဘက်ခ်ဟာ တောင်ဆင်း စက်ဘီးပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့စွန့်စားမှုကိုမောင်းသူမဲ့ လေယာဉ်နဲ့ ရုပ်သံ မှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။
ကိုးလ်ဘတ်ဟာ တောင်နီတန်းပေါ်မှာ စွန့်စားခန်း မဖွင့်မီ လမ်းလျှောက်ကြည့်ပြီး လမ်းကြောင်းရေး ဆွဲခဲ့ပါတယ်။ ကျောက်ဖြူအစင်းတန်းတွေ ဖြစ်ပေါ်နေတဲ့ တောင်နီတန်းပေါ်မှာ စက်ဘီးစီးနိုင်ဖို့အတွက် ကိုးဘတ်ခ်ဟာ သူ့စက်ဘီးကို လေလျှော့ပြီး ထိုင်ခုံလည်း နိမ့်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြမ်းလို့ စက်ဘီးခုန်တဲ့အခါ ဟန်ချက်ထိန်းနိုင်အောင်လည်း ပြင်ဆင်ခဲ့ပါတယ်။

အသက် ၉၅ နှစ် အရွယ် အပြေးသမား စံချိန်သစ်နဲ့ ပန်းဝင်ခဲ့သော်လည်း တစ်ရေးအိပ်ပြီးမှာ အောင်ပွဲခံနိုင်ခဲ့

ဗြိတိန်- British Masters Championships အပြေးပြိုင်ပွဲမှာ အသက် (၉၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာချာလက်အက်စတာဆိုသူက မီတာ ၂ဝဝကို ၅၅ဒသမ ၄၈စက္ကန့်အတွင်း ပန်းဝင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တယ် လို့ သိရပါတယ်။
အဘိုးအိုချာလက်ရဲ့ အပြေးနှုန်းဟာ ကမ္ဘာ့အပြေးချန်ပီယံ အူ စိန်ဘော့ထက် သုံးဆလောက်ပဲ လျော့နည်းတယ်လို့သိရပါတယ်။ အူစိန် ဘော့ရဲ့ အမြန်ဆုံးအပြေးနှုန်းကတော့ မီတာ၂ဝဝကို ၁၉ ဒသမ ၁၉ စက္ကန့် ရှိတယ်လို့ သိရပါတယ်။

Tuesday, March 10, 2015

အမျိုးသားတွေ ဘာကြောင့် တင်ပါးဆုံကြီးတဲ့ အမျိုးသမီးတွေကို ကြိုက်သလဲဆိုတာ သုတေသနပညာရှင်တွေက အဖြေထုတ်


Turkey နိုင်ငံ Bilkent တက္ကသိုလ်က သုတေသီတွေက အမျိုးသား ၃၀၀ ကို အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောကျနှစ်ခြိုက်မှု အဆင့်ဆင့်ကို မေးကြည့်ရာမှာ တင်ပါးဆုံထက် ကျောရိုး ၄၅ ဒီဂရီ အတိအကျ ရှိတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှု အရှိဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တင်ပါးဆုံထက်က vertebral wedging လို့သိရတဲ့ ကျောရိုးခုံးမှုကြောင့် အမျိုးသားတွေ ပိုမို ဆွဲဆောင်မှု ခံရကြတာဖြစ်ပါတယ်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့နှင့် ချိန်သားကိုက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖန်တီးနေကြသည်


ဖေဖော်ဝါရီ ၉ ရက်နေ့ကနေစပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ၀င်ရောက်လာမှုကြောင့် အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေ ဆဲပဲ ဖြစ်ပါတယ်။ အဲဒီလို လောင်ကိုင်၊ ချင်းရွှေဟော်၊ တာရွှေထန်၊ မာလီရှူးဝါးစတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း အချို့နေရာတွေမှာအခြားတိုင်းရင်းသား လက်နက်ကိုင်တစ်စုကလည်း တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေ တာကို တွေ့ရပါတယ်။

Google မှာ အလုပ်လုပ်ပြီး ကွယ်လွန်ခဲ့ရင်


Google ဟာ ကမ္ဘာပေါ်မှာ သူတို့ ဝန်ထမ်းတွေကို အကောင်းဆုံး ထောက်ပံ့မှု ပေး တဲ့ကုမ္ပဏီ အဖြစ် စံချိန်တင်ထား ပါတယ်။ အကယ်၍ သူတို့ဆီက ဝန်ထမ်း တစ်ဦး လွယ်လွန်သွားရင် ယင်း ဝန်ထမ်းရဲ့ ကျန်ရှိ မိသားစုဟာ ၁၀ နှစ် တိတိ သူ့လစာ ရဲ့ တစ်ဝက် တိတိကို ခံစား ပိုင်ခွင့် ရှိပါတယ်။

Monday, March 9, 2015

ဘဝမှန် ပေါ်သွားသည့်အတွက် မိသားစုကို အိုင်အက်စ် ပါးကွက်သား ဂျီဟတ်ဒီဂျွန် တောင်းပန်


မျက်နှာဖုံး နောက်ကွယ်မှ မိမိ၏ ဘဝမှန် ပေါ်ပေါက်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့၏ ပါးကွက်သား ဂျီဟတ်ဒီဂျွန်က မိသားစုထံ တောင်းပန်ခဲ့ကြောင်း သိရသည်။

ကူဝိတ်ဖွား ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီသည် အိုင်အက်စ် တပ်ဖွဲ့၏ ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်သည့် မျက်နှာဖုံးစွပ် ပါးကွက်သား ဂျီဟတ်ဒီဂျွန်ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ၎င်း၏ မိသားစုသည် လူမြင်ကွင်းရှေ့ မထွက်ဝံ့လောက်အောင် ဖြစ်နေသည်။

၆နှစ်ကြာအောင် ခေါင်းမလျှော်ပဲ နေလာတဲ့အတွက် ဆံပင်နဲ့ ပတ်သက်ပြီး ဘယ်လိုရလာဒ်ကောင်းတွေ ခံစားရတယ်ဆိုတာ ပြောပြပေးခဲ့သူ


ခေါင်းမလျှော်တာ ၆နှစ်တာရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးအကြောင်းနည်းနည်း ပြောပြပေးချင်ပါတယ်။ ဘာ့ကြောင့် သူ ဒီလို အချိန်ကြာမြင့်စွာ ခေါင်းမလျှော်ပဲနေပေမယ့် သူမရဲ့ဆံပင်တွဟာ ကြည့်ကောင်းနေ သလဲဆိုတာကို ခုလို  ပြောပြပေးသွားပါတယ်။ "ခေါင်းမလျှော်ပဲနေကြတယ်လို့ ပထမဆုံး သူငယ်ချင်းတစ်ယောက်ဆီက ကြားလိုက်တော့ ဘယ်လိုပုံများဖြစ်မလဲပေါ့။ ဆံပင်ဘုတ်သိုက်ကြီးဖြစ်ပြီး ညစ်ပတ်နေမှာပဲလို့ တွေးမိတယ်။ ဒါပေမယ့် သူ့ဆံပင်ကိုကြည့်တော့လည်း လှလိုက်တာ မပြောနဲ့။ ချောမွတ်ပြီး တောက်ပြောင်နေတာပဲ။ သူကပြောတာတော့ ဒါ ရှန်ပူမသုံးတော့ပဲ ထားလို့တဲ့။

IS အဖွဲ့နှင့် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွ အုပ်စုနှစ်စု ပူးပေါင်း


နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွအုပ်စုသည် အီရတ်နှင့် ဆီးရီးယားတွင် အဓိက ခြေကုပ်ယူ လှုပ်ရှားနေသည့် IS အစွန်းရောက် အစ္စလာမ္မစ်အုပ်စုနှင့် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာရှီကူက ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြထားသည်။


မုဒိမ်းမှုကျူးလွန်သူကို ထောင်ထဲမှ ဆွဲထုတ်သတ်ဖြတ်မှုဖြင့် လူ ၂၂ ဦးကို အိန္ဒိယရဲဖမ်းဆီး

အရင်တပတ်က အိန္ဒိယအရှေ့မြောက်ဒေသ နာဂလန်းပြည်နယ်ထဲမှာ လူအုပ်ကြီးက အကျဉ်းထောင်ကို ၀င်စီးပြီး မုဒိမ်းမှုနဲ့ ချုပ်နှောင်ထားသူကို ထောင်ထဲက ဆွဲထုတ်၊ ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ ၀ရုန်းသုန်းကား ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ ၂၂ ယောက်ကို ရဲအဖွဲ့က မတ် ၈ ရက်နေ့က ဖမ်းဆီးထားပါတယ်။
ဒီမာပူဝါ အကျဉ်းထောင်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့လို့ အရေးပေါ် လုံခြုံရေးအမိန့်လည်း ထုတ်ပြန်ခဲ့ရပါတယ်။ အခြေအနေတွေ တင်းမာနေပေမယ့် ထိန်းသိမ်းထားနိုင်ပြီးလို့ ရဲမှူးကြီး ၀ါဘန် ဂျမားက ပြောပါတယ်။
လူ ၁၈ ယောက်ကို အခင်းဖြစ်တဲ့အချိန်က ဖမ်းဆီးပြီး နောက်ထပ် ဖမ်းဆီးမှုတွေနဲ့ပါဆိုရင် ၂၂ ယောက် ရှိပြီးလို့ ရဲအဖွဲ့က ဆိုပါတယ်။

တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်းရှာတဲ့ ၁၅နှစ်သမီးရဲ့ ကလေးထိန်း စီးပွားရေး

ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးဟာ Noa Mintz လို့ အမည်ရပြီး ကမ္ဘာ့ အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူ စာရင်းထဲမှာ ပါဝင်လာပါပြီ။ အကြောင်းကတော့ သူမဟာ ကလေးထိန်း စီးပွားရေး လုပ်ငန်းကို တည်ထောင်ပြီး နှစ်စဉ် ကုမ္ဗဏီဝင်ငွေ ၅ သိန်း ရှာဖွေ နိုင်နေလို့ ဖြစ်ပါတယ်။
သူမရဲ့ လုပ်ငန်းမှာ အိမ်အဖော်လုပ်မယ့်သူ ၂၅ ဦးနဲ့ ကလေးထိန်း ဦးရေ ၅၀ တို့ ပါဝင်ပါတယ်။ အကယ်၍ အိမ်ဖော် သို့မဟုတ် ကလေးထိန်းလိုအပ်ပြီ ဆိုရင် သူမရဲ့ ကုမ္ဗဏီကို ဆက်သွယ်ရုံပါပဲ။ သူမဟာ ဝဘ်ဆိုဒ် တစ်ခု ထောင်ထားပြီး ယင်းကနေ ခေါ်ယူတဲ့ သူများကို သူမဆီမှာ sign up လုပ်ထားသူများအား လွတ်ပေးပါတယ်။ ကုမ္ဗဏီ စည်းမျဉ်းစည်းကမ်းအရ သူမဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် စီအီးအို နေရာ ကို ရင်းနှီးတဲ့ မိတ်ဆွေကို ထားရှိစေပါတယ်။

ယောက်ကျားအရိုက်ခံရလို့  အွန်လိုင်းမှာ ပုံတင်ပြီး တိုင်တဲ့ အမျိုးသမီး

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ မလေးရှားနိုင်ငံ နေထိုင်နေသူ ထိုင်းနိုင်ငံသူ အမျိုးသမီးက "ကျမကို ကယ်ကြပါ "ဆိုတဲ့ ခေါင်းစဉ်နဲ့  သူမဖေ့ဘွတ်မှာတင်ပြီး အကူညီတောင်းခဲ့ပါတယ်၊
အသက်၂၉နှစ် ထိုင်းနိုင်သူ joy ဟာ လွန်ခဲ့တဲ့ခြောက်နှစ်ထဲက မလေးရှားနိုင်ငံသားနဲ့ အိမ် ထောင်ကျခဲ့ပြီး သမီးလေးတယောက်ရနေပါပြီတဲ့၊သူမယောက်ကျားက ညဖက်အပြင်ထွက်လည်လွန်းလို့  စကားများရာက နေ သူမကိုဒဏ် ရာပြင်းပြင်း ထန်ထန် ရ အောင် ရိုက်ခဲ့ပါတယ် ၊ သူမယောက်ကျားကိုအရေးယူပေးဖို့  မလေးရှား စကားမပေါက်တာ ကြောင့် ခုလို အွန်လိုင်းမှာ တင်လိုက်ပြီးတဲ့နောက်မှာ ထိုင်းသတင်းတွေမှာပြန့် နှံ့ သွားခဲ့ပါတယ်။

Thursday, March 5, 2015

တောင်ကိုရီးယားတွင် အမေရိကန်သံအမတ် ဓါးဖြင့်တိုက်ခိုက်ခံရ


တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မာခ်လစ်ပတ်သည် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့၌ ဓားကိုင်ဆောင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အမေရိကန်သံမတ်သည် နံနက်ပိုင်း စာသင် ချိန်သို့ သွားရောက်ရာလမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သင်တုန်းဓားဖြင့် မျက်နှာအနီးသို့ တိုက်ခိုက်သွားခြင်းဖြစ်ပြီး ယင်းဒဏ်ရာသည် အသက်အန္တရာယ်မစိုးရကြောင်း သိရသည်။အသက် ၄၂ နှစ်ရှိပြီ ဖြစ်သည့် အမေရိကန်သံအမတ်ကို အနီးရှိ ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားသည်။