
ကျွန်တော်တို့ မော်ဟန်ရွာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ကချင် လူမျိုး အိမ်ခြေ ၈၀၊
တရုတ်လူမျိုး အိမ်ခြေ ၁၁၀ ခန့်နဲ့ ရှမ်းလူမျိုး အိမ်ခြေ ၆၀ ခန့်
အားလုံးပေါင်း အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ရွာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅
ရက်လောက်က ကျွန်တော်တို့ရွာက လနန်ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်လေး သေဆုံး
သွားခဲ့ပါတယ်။ တိုက်ပွဲကြားမှာ လက်နက်ကြီးစ ထိမှန်ပြီး သေရတာဖြစ်လို့
မြင်မကောင်းပါဘူး။ သူဘာကြောင့်အဲဒီလိုအဖြစ်ဆိုးနဲ့ သေရတာလဲဆိုတော့
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကြောင့်လိုပဲ ပြောချင်ပါတယ်။