မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Tuesday, August 27, 2013
အိမ်ခြံမြေလုပ်ကိုင်သူများ ကားဈေးကွက်ဘက် ခြေဦးလှည့်လာနိုင်
အစိုးရမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုအား ထိန်းချုပ်တော့မည်ဆိုသောကြော င့် မြေဈေး ကစားသူများမှ ကားဈေးကွက်အတွင်း ပိုမိုရင်းနှီးလုပ်ကိုင်လာနိုင
် ဖွယ်ရှိကြောင်း ကားတင် သွင်းရောင်း ချသူများက သုံးသပ်ပြောသည်။
Read more »
ဗုဒ္ဓဂယာ လုံခြုံရေး အစိုးရ တိုက်ရိုက် ကွပ်ကဲ
ဗုဒ္ဓဘာသာဝင် ဘုရားဖူး ဧည့်သည်များ အများဆုံး သွားရောက်ကြည်ညိုရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဇူလိုင်လအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ဗုဒ္ဓဂယာ လုံခြုံရေးကို အိန္ဒိယနိုင်ငံ အစိုးရက တိုက်ရိုက် ကွပ်ကဲနေကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေး က ပြောကြားသည်။
Read more »
ပဋိပက္ခ ဆက်တိုက် ဖြစ်ပွားနေမှု အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ဟု အမေရိကန် ထုတ်ပြန်
မြန်မာနိုင်ငံ၌ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားနေမှု သည် ပြုပြင်ပြောင်း လဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အစဉ်တစ်စိုက် ဆောင် ရွက်နေသော မြန်မာနိုင်ငံအစိုးရအတွက်များစွာ ထိခိုက်နိုင်ပြီး အခက်အခဲများနှင့် စိုးရိမ်ဖွယ် အခြေအနေ များသို့ ဦးတည်သွားနိုင်ဖွယ်ရှိကြောင်း အမေရိကန် အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်သည်။
Read more »
ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့် ဒလတွင် ကောလာဟလများ ပျံ့နှံ့ဟုဆို
ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်က လျော်ကြေးပေး သိမ်းယူထားသည့် ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ် ခနောင်ရွာမ (ကွင်း) နှင့် တုံးတင်ကန် (မြောက်ကွင်း) ရှိ လယ်မြေ ဧက ၅၀၀ ၏ ဧရိယာ ဝန်းကျင်တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ထားခြင်းကြောင့် ဒလမြို့နယ် အတွင်းတွင် ကောလာဟလများ ထွက်ပေါ်နေကြောင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင် က ပြောကြား သည်။
Read more »
ဟိုင်းကြီးကျွန်းနားမှာ ဘင်္ဂါလီ ၃၂၇ ဦး ဖမ်းမိ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တနင်္သာရီတိုင်း မြိတ်မြို့မှာ ရိုဟင်ဂျာတချို့ သောင်တင်ခဲ့ပါတယ်။ (Credit: ABC)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းအနီးမြို့နယ်ခွ
ဲအတွင်း လိပ်ကျွန်းနဲ့ ငရုတ်ကောင်းမြို့ နယ် ခွဲအနီး ပင်လယ်ပြင်အတွင်း နိုင်ငံဖြတ်ကျော် ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး (၃၂၇)ဦးကို အာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေး နေတယ်လို့ သိရပါတယ်။
Read more »
သံတွဲတွင် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် သြဂုတ် ၂၆ ရက်တွင် ကျရောက်သည့် နိုင်ငံတော်ဘာသာနေ့ အခမ်း အနားကို လုံခြုံရေး တင်းကျပ်စွာ ကျင်းပခဲ့ရကြောင်း မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် အရှင်ကောသလ္လက မဇ္ဈိမကို မိန့်သည်။
Read more »
ကျောက်မျက်အတု ရောနှောရောင်းချသူများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်
ကျောက်မျက် ဈေးကွက်အတွင်း အတုများနှင့် ရောနှောရောင်းချသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းသား များ ကျောက်မျက်အတုများရောင်းချပါက အသင်းမှထုတ်ပယ်မည် ဖြစ်ကြောင်း ယင်းအသင်း
အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားသည်။
Read more »
ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ထပ်မံ တိုးချဲ့မည်
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခုရှိနေရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိနေပြီး စက်တင်ဘာ ၅ ရက်တွင် ထိုင်းနှင့် မြန်မာ အစိုးရတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ဗန်ကောက် မြို့ မြန်မာ သံရုံးမှ သံမှူးကြီး ဦးမျိုးတင့်က ပြောသည်။
Read more »
"ကန့်ဘလူမြို့နယ် အခြေအနေ တည်ငြိမ်စပြု"
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရဲ့ အခြေနေတွေဟာ တည်ငြိမ်နေပြီလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
Read more »
အလယ်တန်းပြဆရာမ အလုပ်ထုတ်မှု တက္ကသိုလ်ဆရာ၊ ဆရာမများ ကန့်ကွက်
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၅) ကျောင်းက အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက အလုပ်ထုတ်ခဲ့တာကို တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ဒီကနေ့ ကန့်ကွက် လိုက်ပါတယ်။
Read more »
အမျိုးသားပညာရေးမူဝါဒ မူကြမ်းတွင် အကျဉ်းသားများ ပညာသင်ယူနိုင်ရန် ထည့်သွင်းရေးဆွဲ
“အမျိုးသားပညာရေး မူဝါဒမူကြမ်း” တွင် အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် အကျဉ်းသားများ ပညာသင်ယူနိုင်ခွင့်ပြုရန် ထည့်သွင်း ရေးဆွဲထားသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါ်ဟောင်းစိုင်းက သြဂုတ် ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
Read more »
ဆီးရီးယားတွင် ဓာတုလက်နက်စစ်ဆေးသည့်ကုလသမဂ္ဂအရာရှိများ စနိုက်ပါဖြင့်အပစ်ခံရ
ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် ဒမတ် စကက်မြို့တော်သို့ ရောက်ရှိနေသော ကုလသမဂ္ဂစစ်ဆေးရေးမှူးများ၏ မော်တော်ယာဉ်တန်းမှာ စနိုက် ပါဖြင့် ချောင်းမြောင်း ပစ်ခတ် ခံခဲ့ရသည်။
Read more »
လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်သွားပါက မြန်မာနိုင်ငံသည် သီရိလင်္ကာ နိုင်ငံကဲ့သို့ နှစ် ၃၀ ခန့် နာလန်မထူနိုင်အောင် ဖြစ်ပေါ်နိုင်
မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ အတွင်း မြန်မာပြည်သူ များ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ် နေ မည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာ နိုင်ငံကဲ့သို့ တိုင်းပြည် အစိတ်စိတ် အမြွာမြွာ ကွဲထွက်ကာ နိုင်ငံတိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။
Read more »
သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် အာဆီယံ နိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်မည်
နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အာဆီယံနိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်း လွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေး ထိုးရန် ဆောင်ရွက် မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
Read more »
ကန့်ဘလူမြို့နယ် ထန်းကုန်းအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒုက္ခသည် ၃၁၈ ဦး ရှိနေ
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးလောင်နေသော အဆောက်အအုံ တစ်ခုအား သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ်
ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် သြဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုကြောင့် ဒုက္ခသည် ၃၁၈ ဦးခန့် ရှိပြီး တစ်နာရီ ၀န်းကျင်အတွင်း သတင်းပျံ့နှံ့ကာ အကြမ်းဖက်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
Read more »
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်
မန္တလေးမြို့ ဈေးချိုအနီး တစ်ဝိုက်အား သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။
Read more »
အကြမ်းဖက် သမားများက နိုင်ငံခြား ခရီးသွားများအား ဦးတည်တိုက်ခိုက်မှု မဖြစ်စေရန် လုံခြုံရေးတိုးမြှင့်
ယခုနှစ် မေလအတွင်းက အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြား ခရီးသွား ဧည့်သည် များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များအား အကြမ်းဖက် သမားများက ဦးတည်တိုက်ခိုက်မှု မပြုလုပ်စေရန် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် လျက်ရှိနေကြောင်း နိုင်ငံခြား ခရီးသွားဧည့်သည် အများ ဆုံး ၀င်ရောက်သည့် ဒေသအချို့နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။
Read more »
ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်၏ နောက်ကွယ်၌ လှုံ့ဆော်ဖန်တီးသူ ရှိသည်ဟု ဒေသခံများဆို
ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖျက်ဆီးမှု ဖြစ်စဉ် ကို နောက် ကွယ်၌ ကြိုးကိုင်လှုံ့ဆော် ဖန်တီးသူ ရှိသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
Read more »
သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသသူများအနက် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနှုန်း မြင့်တက်နေ
ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအား သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူများအနက် နိုင်ငံခြားသား ခရီးသည်များ လည်း ပါဝင်လာပြီး ယခုနှစ်မိုးရာသီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ် ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ မြသောင်း၏ ပြောကြားချက်အရ သိရသည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)