မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ဘွဲ့ အမည်မသိ သံဃာ ၈ ပါးက လာရောက်တားမြစ်ကြတယ်လို့ ဇနီးဖြစ်သူ ဒေါ်သန္တာက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက် န့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။ ဒီနောက် အလောင်းကို မူလအစီအစဉ်အတိုင်း ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။