၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းပြည်ပဆန်တင်ပို့ မှုကဏ္ဍများတွင် ပြည်ပတင်ပို့မှု အား ကောင်း ခဲ့သော်လည်း ပြည်တွင်း၌ လက်လီလက်ကားအရောင်းအဝယ် များကျဆင်းခဲ့ကြောင်း၊ ထို့ အ တွက် ကြော င့် ၂ဝ၁၄ ခုနှစ် တွင် ဆန်တင် ပို့မှု၌ ပြည်ပဈေးကွက်တစ်ခု တည်း ကိုမကြည့်ဘဲ ပြည်တွင်း အရောင်း အဝယ်များ ပြန်လည်တိုးတက်လာ စေရေးကို အဓိကထား၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆန်စပါး အသင်း ချုပ်တို့မှ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပြည်တွင်းဆန်လုပ်ငန်းရှင်များ၏ ရပ်တည်မှုပုံမှန်အနေ အထား သို့ ပြန်လည်ရောက်ရှိလာ နိုင်မည်ဖြစ်ကြောင်း ဆန်လုပ်ငန်း ရှင်များ၏ သုံးသပ်ချက်အရ သိရ သည်။