Wednesday, March 27, 2013
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်
မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင်လူအုပ်စုများဖွဲ့ပြီး
ဆိုင်ခန်းများကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀င်ရောက်ဖျက်ဆီးခြင်းများ
ပြုလုပ်သည့်အတွက် လူနေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး
အဆောက်အအုံတစ်ခုပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်
သဲကုန်းမြို့နယ် အင်းမကျေး ရွာ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့်
ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌
ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး
ပဲခူးတိုင်း မြို့နယ် ၅ ခုတွင် ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ များ ထပ်မံထုတ်ပြန်
ရန်ကုန်၊ မတ် ၂၇ (ညနေ ၆ နာရီ ၃၅ မိနစ်)
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားလျက
ဇီးကုန်းနှင့် နတ်တလင်းမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
အကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေသော ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဇီးကုန်းနှင့် နတ်တလင်း မြို့များတွင် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိစေရန် ယနေညနေပိုင်းမှ စတင်ကာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများထံမှသိရသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်၊ နတ်တလင်းမြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀ဦးခန့်လုံခြုံရေး ယူထားသော်လည်း မတ်လ ၂၆ ရက် ည ၁၁နာရီမှ နံနက်(မတ် ၂၇) ၃နာရီအထိ အင်အား နှစ်ရာမှ ငါးရာဝန်းကျင် အထိ ရှိသော လူအုပ်သည် မြို့ပေါ်ရှိ နေအိမ် ၁၄လုံး၊ ဈေးဆိုင် ၁၁လုံး၊ ဆန်စက်ရုံးခန်း တစ်ခန်း၊ ဓာတ်ဆီဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် လေးစီး၊ ထော်လာဂျီ တစ်စီး၊ ဗလီတစ်လုံးနှင့် ကားလက်မှတ်ရောင်းသည့် ဂိတ်တစ်ခုတို့ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း နတ်တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှုး၏ ပြောကြားချက်အရသိရသည်။
ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ
မြွေပွေးအဆိပ်၏ သေစေနိုင်သောသတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းင်းအနှစ်ရည် ထိုးသွင်း ထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်၍ ဓာတ်ခွဲ ခန်း တွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီးအနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့်
သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀မိုက်ခရိုလီတာ သည်လည်း မြွေပွေး အဆိပ် ၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ်ဘာသာဝင် များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေးတာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ်ဘာသာဝင် များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေးတာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။
မိုးကြိုးပစ်ရာမှ အိမ် ၄ လုံးမီးလောင်
၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့နယ်၊ ဟိုမောမန်နိမ့်ကျေးရွာ အုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့်တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သတင်းပေးပို့ခဲ့သဖြင့် နမ့်ဖက်ကာရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စာရေး ဦးညီလော့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၀၁၀၀ အချိန် လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းခဲ့ရာ ဦးအိုက်လိန် (ခ) ဦးလှအေး၏ ထရံကာ၊ သွပ်မိုး၊ ၁၀ ပေ ၂ ခန်းတွဲနေအိမ်အား မိုးကြိုး ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ၄င်းအိမ်မှ စတင်မီးလောင်ကျွမ်းပြီး အနီးပတ်ဝန်းကျင်ရှိ ဦးအိုက်ဒဲ့(၂၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ၁၀ ပေ ၁ ခန်း၊
၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းအတွင်းရှိမြို့နယ် ၃ခု အနီးတစ်ဝိုက်မြို့နယ်ဒေသခံများ လုံခြုံရေးကာကွယ်မှုအပေါ်စိုးရိမ်ရန်မရှိကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူပြောကြား
ပုဒ်မ
၁၄၄ ထုတ်ပြန်ထားသော ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊
အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့ နယ်နှင့်အနီး တစ်ဝိုက်ရှိ
အခြားမြို့နယ်များတွင် ဆူပူမှုကိုဖြစ်ပေါ်စေ သည့် ကောလာဟလသတင်း များကြောင့်
မြို့ခံပြည်သူလူထုမှာ ကြောက်ရွံ့စိုးရိမ်နေကြပြီး နေအိမ်များကို
စွန့်ခွာမှုများရှိနေသည့်အပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က
လုံခြုံရေးကာကွယ်မှုအပေါ် တစ်စုံတစ်ရာ စိုးရိမ်ရန် မရှိကြောင်း ပြောကြားသည်။
ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်
ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူများ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် မရိုးသားကြောင်း ရွှေညဝါ ဆရာတော် မိန့်ကြား
“နိုင်ငံတော်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာပဋိပက္ခ၊ လူမျိုးရေး အဓိကရုဏ်းနဲ့ဘာသာရေး ပဋိပက္ခတွေဟာအချိန်မရွေး တစ်တိုင်းတစ်ပြည်လုံးကို ချက်ခြင်းမီးလောင်သွားနိုင်တဲ့ မှတ် တိုင်ကြီး ဖြစ်နေတယ်၊ ဒါကို နည်းနည်းတော့ ပြောချင်တယ်၊ သိပ်မရိုး သားဘူးလို့ ဘုန်းကြီးက ဝေဖန်ချင်တယ်၊ဘာဖြစ်လို့ ဒီအကွက် ကျကျ
မိတ္ထီလာ မြို့၌ ယာယီ ဖွင့်လှစ် ထားသော ကယ်ဆယ်ရေး စခန်း များသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ လာရောက်လှူ ဒါန်းလျက်ရှိ
မိတ္ထီလာ မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များ အတွက် မတ် ၂၃ ရက်
နံနက်ပိုင်းမှ စတင်၍ စေတနာရှင် ပြည်သူ များက အလှူငွေနှင့် ထောက်ပံ့
ပစ္စည်းများ လာရောက် လှူဒါန်းလျက် ရှိရာတွင် ယနေ့မွန်းလွဲပိုင်းအထိ ခေါက် ဆွဲခြောက် ၁၇၈ဝ၆၆ ထုပ်၊ ရေသန့် ၁၁၄၄၉၆ ဘူး၊
မုန့်မျိုးစုံ ၄၄၆၃၉ ထုပ်၊ အချိုရည် ၁၇၉၆ ဘူး၊ ဓာတ်ဆားထုပ် ၃ဝဝဝ၊
ကော်ဖီ မစ်ထုပ်
မြန်မာ့ဆန် ဂျပန်နိုင်ငံက ၀ယ်ယူမည်
၁၉၆၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဆန်ဝယ်ယူမှုရပ်ဆိုင်းခဲ့တာဖြစ်ပါ တယ်။ အခု ဂျပန် Mitsui ကုမ္ပဏီက ပြန်လည်ဝယ်ယူဖို့ လက်ခံခဲ့ တာဖြစ်ပြီး လာမယ့်မေလမှာ ဆန် တန်ချိန် ၅၀၀၀ စတင် ၀ယ်ယူမှာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)