Tuesday, July 9, 2013
မွတ်စလင်အစွန်းရောက် သူပုန်များက ဖိလစ်ပိုင်စစ်တပ်အား တိုက်ခိုက်၊ စစ်သားငါးဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင်
ဂါရီလာမွတ်စလင်သူပုန် ၁၀၀ ကျော်က စစ်သားများအား တိုက်ခိုက် ခဲ့ သောကြောင့်
စစ်သားငါးဦးသေဆုံးပြီး၊ အနည်းဆုံးသူပုန် ခုနစ်ဦးလည်း သေဆုံးခဲ့ကြောင်း
ဇူလိုင် ၈ ရက် က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။
ကမ္ဘာ့အကောင်းဆုံး ဟိုတယ် (၁၀)ခု

ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ တိုးတက်များပြားလာပြီး ခရီးသွားလုပ် ငန်းအောင်မြင် ကောင်းမွန်လာသလို ကျွန်တော်တို့ နိုင်ငံကနေလည်း အခြားသော နိုင်ငံတွေကို သွားရောက် လည်ပတ်နေသူတွေရှိနိုင်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံးဟိုတယ်တွေကို ခရီး သွားတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
"အာဇာနည်နေ့" အကြို "တတိယအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ မည်

မသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်းသူများ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိသော ရွှေမင်းသားဖောင်ဒေး ရှင်း(မြန်မာ)မှ မသန်စွမ်းသူများစိတ်ဓါတ်မြှင့်တင်ရေး၊ စာပေအသိပညာနှင့်
မဟာမြတ်မုနိ ဘုရားကြီးတွင် လုံခြုံရေးအရ အပိုပစ္စည်း ယူဆောင်ခွင့်မပြုရန် စီစဉ်

ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မန္တလေးမြို့တော်ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး တွင် လုံခြုံရေးအတွက် ဘုရားဖူး လာသူများ သယ်ဆောင်လာသော ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်များကို သိမ်းဆည်းရန် သီးသန့် သော့ခတ် သိမ်းဆည်းထားနိုင်သည့် သေတ္တာ တွဲခန်းများ ယခုလအတွင်း ထားရှိတော့မည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပက အဖွဲ့ရုံးထံမှ စုံစမ်း သိရှိရသည်။
ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်ကဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက် ၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များANDROID မို ဘိုင်းဖုန်း တွင် ဇူလိုင် ၁၅ရက်မှစတင် စမ်းသပ်ထုတ်လွှင့်မည်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းအစီအစဉ်များနှင့် မြန်မာ့အသံရေ ဒီယိုလိုင်းများကိုANDROID MOBILE ဖုန်း များပေါ် တွင် ဇူလိုင်လ ၁၅ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်မည်ဟု MRTVမှ သိရသည်။
မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

အိန္ဒိယနိုင်ငံဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ
မဟာဗောဓိ စေ တီတော် တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့်
အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့်
မြန်မာနိုင်ငံသားဘုရားဖူးများ၏လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့်
ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ခရိုင် သာသနာရေး ဦးစီးမှူး ငြင်းဆို
အိမ်အကူအမျိုးသမီးကို အဓမ္မမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းတွင် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ခံရသူ ဟင်္သာတခရိုင် သာသနာရေးဦးစီးဌာနမှူး ဦးသန်းထွန်းက အိမ်အကူကို အဓမ္မမှု
ကျူးလွန်ခဲ့ခြင်းမရှိဟု ရန်ကုန်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်ဖြစ်
ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး
ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်သာ
ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်မှ စွပ်စွဲသည့် မြေမြှုပ်မိုင်း ကိစ္စမှာ နယ်စပ်တွင် ရှိနေသည့် သောင်းကျန်းသူများ၏ လက်ချက်သာ ဖြစ်ကြောင်း မြန်မာဘက်မှ ပြောကြား
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားနယ်စပ် တစ်လျှောက်တွင် မြန်မာဘက်မှာ မြေမြှုပ်မိုင်းများ
ထောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စွပ်စွဲပြောဆို နေခြင်းမှာ
နယ်စပ်တွင်ရှိနေသည့် သောင်းကျန်သူများ၏ လက်ချက် သာ ဖြစ်နိုင်ကြောင်း
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး အောင်နိုင်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ် ကတည်းက ရဲထံထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးအား ထပ်မံဖမ်းဆီး
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗုဒ္ဓဂယာနယ်မြေအတွင်း သက်ဆိုင်ရာ အာဏာပိုင်
အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ
ကြည့်ရှုစစ်ဆေးနေစဉ်။(ဓာတ်ပုံ-AFP)
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ
တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး
ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးကို
ထပ်မံဖမ်းဆီး လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား
အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင်
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ရွှေတိဂုံ
စေတီတော် တွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်
ဂေါပကရုံးမှ သိရှိရသည်။
Subscribe to:
Posts (Atom)