
ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။