မော်တော်ယာဉ်ဝယ်ယူ ပြီး ကညန၌ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် လိုအပ်သည့် အခွန်ပုံစံ(၁) အစိမ်း(အခွန်စိမ်း) အထောက်အထားကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။
အခွန်စိမ်းပုံစံ(၁) ဆိုသည် မှာ ယခင်ယာဉ်ပိုင်ရှင်ဟောင်းက အခွန်ဆောင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးသည့် စာရွက်ဖြစ်ပြီး ယခု နောက်ပိုင်းတင်သွင်းလာသည့် ယာဉ်သစ်များမှာ ပြည်ပမှ တင် သွင်း၍ ဆိပ်ကမ်းကထုတ်ယူပြီး အသုံးပြုနေသည့် ယာဉ်များဖြစ် သည်။ ထို့ကြောင့် အခွန်ဆောင် ထားသည့် အထောက်အထားမရှိ သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပယ်ဖျက်ပေးခြင်းဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်မှာ လွန်ခဲ့သည် ၁၉၉၈-၁၉၉၉ က ယာဉ် အရောင်းအ၀ယ်ပြုလုပ်ခဲ့ သူများအတွက် ပြုလုပ်ခဲ့သည့် စီ မံချက်ဖြစ်ပြီး ၂၀၁၁ တွင် ယာဉ် တင်သွင်းမှု မူဝါဒပြောင်းလဲအပြီး အမည်ပြောင်းလျှောက်ထားသူ နည်းသွားကြောင်း တစ်နိုင်တစ် ပိုင် ကားတင်သွင်းသူ ကိုမြတ်မင်း ချစ်က ဆိုသည်။
Showing posts with label စီးပွားရေးသတင်း. Show all posts
Showing posts with label စီးပွားရေးသတင်း. Show all posts
Thursday, May 7, 2015
Wednesday, January 28, 2015
ဆင်းမ်ကတ် ရှစ်သန်းကျော် လာမည့် ဘဏ္ဍာနှစ်အတွင်း ထပ်မံ ရောင်းချမည်
“ငွေကျပ် ၁၅၀၀ တန် GSM နှင့် WCDMA ဆင်းမ်ကတ် ရှစ်သန်းကျော်ကို လာမယ့် ဘဏ္ဍာနှစ်အတွင်း တယ်လီဖုန်း သိပ်သည်းဆ တိုးလာစေဖို့ တိုးမြှင့် ရောင်းချပေးသွားဖို့ စီစဉ်လျက် ရှိပါတယ်"ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Monday, January 26, 2015
ထီဈေးပိုတင်ရောင်းလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထား
ထီဈေးမြှင့်၍ ရောင်းချနေ ခြင်းအပေါ် ထိုဥပဒေကြမ်းအ တည်ပြုထွက်ပေါ်လာပါက ထိ ရောက်စွာ ထိန်းကွပ်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး ဥပဒေမရှိသေး သောကြောင့် လက်ရှိအချိန်၌ အ ရေးယူရန် ခက်ခဲနေကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဥပဒေကြမ်းတွင် အစိုးရထီ ရုံးမှ တာဝန်ရှိသူ (သို့မဟုတ်) ထီ ရောင်းချသူမည်သူမျှ ထီလက် မှတ်ကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရဟု ရေးဆွဲ ထားသည်။ ယင်းတားမြစ်ချက် ကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ခြောက် လမှ အများဆုံးထောင်ဒဏ် တစ် နှစ်အထိ ဖြစ်စေ၊ ထောင်ဒဏ်အ ပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ရေးဆွဲထားခြင်း ဖြစ်သည်။
Friday, January 23, 2015
MPT ဝန်ဆောင်ခလျှော့ချမည်ဆိုပါက မစိုးရိမ်ဟု တယ်လီနော စီအီးအိုပြော
မြန်မာ့ဆက်သွယ်ရေး (MPT)အနေဖြင့် ၎င်းတို့ထက်ဈေးလျှော့ ချ၍ ဝန်ဆောင်မှုများပေးမည်ဆိုပါက စိုးရိမ်ည်မဟုတ်ဘဲ ယှဉ်ပြိုင်မှုကို သာ အဓိကထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကပြောကြားသည်။
‘‘ကျွန်တော်တို့စလုပ်ကတည်းက အော်ပရေတာတွေထဲမှာ ဈေး အနည်းဆုံးနဲ့ ဝန်ဆောင်မှုစပေးခဲ့တာပါ။ အဲဒီအတွက် မကြောက်ပါဘူး။ MPT နဲ့သဘော တူညီမှုပြုလုပ်ပြီး ပြောထားတာမရှိသလို တကယ်လို့ သူကတယ်လီနောထက် ဈေးလျှော့ချပြီးပေးလိုက်မယ်ဆိုရင်လည်း ယှဉ် ပြိုင်မှုတွေလုပ်သွားဦးမှာပဲ။ ပြိုင်ဆိုင်မှုကိုလိုလားပါတယ်’’ဟု ပီတာက ဆိုသည်။
တယ်လီနောက ဒေသလေးခုတွင် ကွန်ရက်ထပ်မံချဲ့လိုက်ပြီး လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲရောင်းမည်

တယ်လီနောမြန်မာအနေ ဖြင့် ပြည်နယ်နှင့် တိုင်းလေးခုတွင်မိုဘိုင်းကွန်ရက်ထပ်မံတိုးချဲ့ဖွင့် လှစ်လိုက်ပြီး ဇန်န၀ါရီလမှစ၍ နိုင် ငံတစ်ဝန်း၌ ဆင်းမ်ကတ် ၁ဒသမ၅ သန်းကို လစဉ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။
‘‘ကျွန်တော်တို့အနေနဲ့ အ ရည်အသွေးကို အဓိကထားတဲ့အ တွက် လိုင်းတွေကို စိတ်ချရပြီဆိုမှ အခုလို ဖွင့်ပေးလိုက်တာပါ။ ဆင်းမ်ကတ်ရောင်းချပေးတာ နည်းနေတဲ့အတွက် မှောင်ခိုဈေးကွက် ဖြစ်နေတာကြောင့် ဒီလကစပြီး လစဉ် ၁ဒသမ၅ သန်းအထိ တိုး ချဲ့ဖြန့်ဖြူးပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကဆိုသည်။
Wednesday, January 21, 2015
မြန်မာ့ဆက်သွယ်ရေးက GSM နှင့် WCDMA ဆင်းမ်ကတ် တစ်သန်း ထပ်မံရောင်းချပေးမည်
မိုဘိုင်း ဖုန်းဆင်းမ်ကတ်အရေအတွက် တစ်သန်းကျော်ကို ထပ်မံရောင်းချပေး
သွားရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ သိ ရသည်။
GSM နှင့် WCDMA ဆင်းမ် ကတ်များကို တိုင်းနှင့်ပြည်နယ်အနှံ့
ခွဲတမ်းဖြင့်ရောင်းချနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ပြီး လပိုင်းအတွင်း
ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Wednesday, January 14, 2015
MPT ဝန်ဆောင်ခ လျှော့ချမှုတွင် ၇၃၊ ၄၉ ဖုန်းများ မပါဝင်သဖြင့် CDMA ဖုန်း အသုံးပြုသူများ ဝေဖန်
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်းတို့၏ ဝန်ဆောင်ခကို လျှော့ချရန် ဆွေသဟာ အစီအစဉ်ကို ဇန်န၀ါရီ ၉ ရက် က စတင်မိတ်ဆက်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို အသုံးပြုနိုင်မည့် ဖုန်းများတွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများ မပါဝင်သဖြင့် အဆိုပါဖုန်း အသုံးပြုသူများက ဝေဖန်ကြသည်။မြန်မာ့ ဆက်သွယ်ရေးက ဝန်ဆောင်ခများ လျှော့ချသည့် အစီအစဉ်ကို ဇန်နဝါရီ ၉ ရက်က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ကြေညာခဲ့ပြီး၇၃၊ ၄၉ နှင့် စသည့် CDMA ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများက ဝေဖန်မှုများ ရှိနေခဲ့သည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Tuesday, January 13, 2015
MPT ၀န်ဆောင်ခလျှော့ချမှုတွင် ၇၃၊၄၉ ဖုန်းများ မပါဝင်သဖြင့် အသုံးပြုသူများ ဝေဖန်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၀န်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင် CDMA 800 MHz နှင့် 450 MHz ဖုန်းများမပါဝင်ဟု MPT-KDDI-Sumitomo ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစု၏ အမှုဆောင် အရာရှိချုပ် Mr. Nagashima က ဇန်န၀ါရီလ ၉ ရက်က ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
MPT ၏ ၁,၀၀၀ ကျပ်တန်နှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ စတင်ရောင်းချ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း ငွေဖြည့်ကတ်များ စတင်ရောင်းချလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက်မှစတင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချခြင်းဖြစ်သည်ဟု အရောင်းဆိုင်များမှ မေးမြန်းသိရှိရသည်။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များနှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များကို ပုံမှန်အရောင်းဆိုင်များနှင့် e top up အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။
MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ
MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ်သို့ လျှော့ချလိုက်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူက ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ထိုသို့လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းအပြင် ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀ ကျပ် ပေးသွင်းရရာမှ ယခု ၁,၅၀၀ ကျပ် သာ ပေးသွင်းရန် လည်း လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။
Monday, January 12, 2015
MPT ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ အတွက် ပြန်လည် လျှောက်ထားခကို ၁,၅၀၀ ကျပ် သတ်မှတ်
MPT က ၎င်းတို့ ရောင်းချထားသည့် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားခကို ၁,၅၀၀ ကျပ်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်။
အထက်ပါ ဆင်းမ်ကတ် အစားထိုး လဲလှယ်ခ နှုန်းထားလျှော့ချသည့် အစီအစဉ်သည် MPT မှ ရောင်းချထားသည့် ဆင်းမ်ကတ်များ အားလုံးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
အခြားအော်ပရေတာအသစ်များ ဈေးကွက်မထိခိုက်စေရန် ဖုန်းခေါ်ဆိုခကို အကန့်အသတ်ဖြင့် လျှော့ချခဲ့ဟု အမ်ပီတီပြော

အမ်ပီတီအနေဖြင့် ဖုန်း ခေါ်ဆိုခ နှုန်းထားများကို အများ နှင့် တန်းတူ လျှော့ချမပေးခဲ့ဘဲ သီးခြားအစီအစဉ်တစ်ခု သတ် မှတ်လိုက်ခြင်းမှာ အခြားအော်ပ ရေတာများ အကျပ်အတည်း မဖြစ်စေရန်နှင့် ပြိုင်ဆိုင်မှုဈေး ကွက် ပျက်စီးမသွားစေရန်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။
‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။
‘‘၀န်ဆောင်မှုတွေကို တန်း တူမလျှော့ချတာက အခုမှဝင် လာတဲ့ အော်ပရေတာတွေကို အကျပ်အတည်း မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုပုံစံပျက်စီး သွားမှာကြောင့်လည်း ဖြစ်ပါတယ်’’ ဟု ဦးခင်မောင်ထွန်းကရှင်းပြသည်။
Sunday, January 11, 2015
MPT ဖုန်း တစ်မိနစ် ၂၅ ကျပ်ဖြင့် ပြောရန် Package ဝယ်ယူနိုင်မည်

ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလ ၁၂ ရက်တွင် စတင်မည်ဖြစ်သည့် ဖုန်းပြောဆိုခ တစ်မိနစ် ၃၅ ကျပ်နှုန်း ကောက်ခံမည် ဆိုသော “ဆွေသဟာ” ဝန်ဆောင်မှု အစီအစဉ်တွင် ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် အသုံးပြုလိုပါက ကျပ် ၁၂၀၀၀ ပေးသွင်း၍ Voice Package ဝယ်ယူနိုင်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။
ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်နှုန်း ပေးရမည့် Voice Package ကို “ဆွေသဟာ” ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသုံးစွဲပြီးမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရက် ၃၀ စာ၊ မိနစ် ၄၈၀ ပါဝင်မည် ဖြစ်ကာ MPT ဖုန်းနံပါတ် အားလုံးသို့ ခေါ်ဆိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ကြေညာထားသည်။
MPT က ကျပ် ၁၀၀၀၀ ပေးသွင်းမှသာ တစ်မိနစ် ၃၅ ကျပ်သတ်မှတ်ပြီး အင်တာနက် သုံးစွဲခမှာ အူရီဒူး၊ တယ်လီနောတို့ထက်များသော 1MB လျှင် ၁၅ ကျပ် သတ်မှတ်
MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူရန် ကျပ် ၁ဝဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်၊ သတ်မှတ်ကာလအတွင်း သတ်မှတ်နံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မည်သည့်ဖုန်းသို့မဆို SMS တစ်စောင်လျှင် ၁၅ ကျပ်၊ မြန်နှုန်းမြင့် အင်တာနက်ကို 1MB လျှင် ၁၅ ကျပ်ဖြင့် နှုန်းထားသတ်မှတ်ထားကြောင်း သိရသည်။
Thursday, January 8, 2015
MECTEL ၏ ငွေဖြည့်ကတ် အပိုငွေရရှိမည့် အစီအစဉ် ယခုလကုန်အထိ သတ်မှတ်
MECTEL ၏ ငွေဖြည့်ကတ်ဖြည့်သွင်းပါက အပိုငွေရရှိမည့်အစီအစဉ် ယခုလကုန်အထိ သတ်မှတ် ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။
MEC ၏ အဆိုပါ အစီအစဉ်မှာ ငွေဖြည့်ကတ်ဖြည့်သွင်းပါက ၇၀ ရာခိုင်နှုန်းအထိ အပိုငွေရရှိမည့်အစီအစဉ်ဖြစ်သည်။ "အရင်တုန်းက ငွေဖြည့်သွင်းလို့ အပိုငွေပေး တယ် ဆိုရင် အဲဒီအပိုငွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အသုံးပြုရ မှာဖြစ်ပါတယ်၊ တကယ်လို့ကိုယ်က အပိုငွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ မသုံးဘဲ နောက် လ အထိပါသွားမယ်ဆိုရင် အဲဒီအပိုငွေက အလိုလျောက် ပယ်ပျက်သွားမှာပါ၊ အခုပေးတဲ့အစီအစဉ်ကတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်ရရှိတဲ့ အပိုငွေကို အချိန်ကာလသတ် မှတ်ချက် မရှိဘဲ မကုန်မချင်း အသုံးပြုနိုင်မှာဖြစ်ပါ တယ်" ဟု အဆိုပါ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူ ကပြောသည်။
Friday, January 2, 2015
ဇန်န၀ါရီလလယ်တွင် MPT ဖုန်းဘီလ် လျှော့မည်ဖြစ်ပြီး ၂၅ ကျပ်နှင့် ၅၀ ကြားဖြစ်မည်
ဦးစောထူးသာက "ဇန်နဝါရီလထဲမှာပဲ လျှော့ချပေးဖို့ စီစဉ်နေပါတယ်။ လလယ်ပိုင်းလောက် ဖြစ်ပါမယ်။ ပြည်သူလူထုအတွက် သက်သာတဲ့ နှုန်းထားနဲ့ ၀န်ဆောင်မှု ဖြစ်အောင် ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။
တစ်မိနစ်ဖုန်းပြောဆိုခ စတင်လျှော့ချမည့် ရက်နှင့် နှုန်းထားများကို တရားဝင်ကြေညာသွားမည်ဟု လည်း ၎င်းက ဆိုသည်။
Thursday, January 1, 2015
Ooredoo မှ ပြည်ပဖုန်းခေါ်ဆိုခများ ထပ်မံ လျှော့ချ
“ပြည်သူတွေ အဆင်ပြေပြေသုံးစွဲနိုင် ဖို့ အော်ရီဒူးက အမြဲအစဉ်တစိုက် နားစွင့်ပြီး ၀န်ဆောင်မှုတွေကို ပေးအပ်သွားမှာပါ”ဟု Ooredoo မြန်မာမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။
ယင်းကဲ့သို့ လျှော့ချရာတွင် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် (၂၀၀) ကျပ်သာ ကောက်ခံမည်ဖြစ်ပြီး အမေရိကန် နှင့် ကနေဒါ နိုင်ငံသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ် လျှင် (၁၀၀)ကျပ်နှုန်းသာကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
Sunday, December 28, 2014
အမ်ပီတီက ဖုန်းဘီလ်နှင့် ဝန်ဆောင်ခလျှော့ချမည့်အစီအစဉ် ရွှေ့ဆိုင်းပြန်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုနှင့် အသုံးပြုခများကိုယခုလမကုန်မီ လျှော့ချပေးသွားရန်စီစဉ်ခဲ့သော် လည်း အဆင်မပြေမှုများရှိသည့်အတွက် အနည်းငယ်နောက်ကျ နိုင်ကြောင်း သတင်းရရှိသည်။
‘‘အစက ဒီလထဲမှာပဲလုပ်သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတာလေးတွေရှိတဲ့အတွက် အနည်းငယ်နောက်ကျနိုင်ပါတယ်။ ဒီလကုန်လည်းဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။
Wednesday, December 24, 2014
အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်
၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့ သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့ သူ မြန်မာလုပ်ငန်းရှင်/ ကုမ္ပဏီများစာရင်း” ဟူသော ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းဆိုသည်မှာ သတ်မှတ်စည်းကမ်းအတိုင်း သတ်မှတ်ချိန်အမီ အခွန်ပေးဆောင်သူများကိုသာ စာရင်းကောက်ယူထုတ်ပြန်ခြင်း ဖြစ်သည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့်
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့
Monday, December 22, 2014
MPT ဖုန်းပြောခနှင့် ၀န်ဆောင်ခများ လျှော့ချရန်ရှိ
MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို
ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှု အားလုံးကို ပြည်သူတွေ သက်သက် သာသာနဲ့ သုံးနိုင်မယ့် နှုန်းထား တစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာကပြောသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှု အားလုံးကို ပြည်သူတွေ သက်သက် သာသာနဲ့ သုံးနိုင်မယ့် နှုန်းထား တစ်ခုအထိလျှော့ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွ
Subscribe to:
Posts (Atom)