အင်ဒိုနီးရှားနိုင်ငံ
ဆူရာဘာယာမြို့ ဂျူအန်ဒါလေဆိပ်မှ စင်ကာပူသို့ ပျံသန်းလာသော
အဲအေးရှားလေယာဉ် ပျောက်ဆုံးခဲ့ရာ လေယာဉ်ပေါ်ပါသူများ၏ ဆွေမျိုးသားချင်းများ
လေယာဉ်သတင်းစောင့်ဆိုင်းရင်း ငိုကြွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့
ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ
၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့်
လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ
လေကြောင်းထိန်းသိမ်းရေးစခန်းသို့
လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက်
အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။