
Saturday, September 27, 2014
ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်
ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။
ဝမ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃
ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး
ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို
သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ
အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ
ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။
ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။
ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့
အမျိုးသား
ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ်
မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ
တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)