
ရုရှားနိုင်ငံမှ
သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့်
နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏
ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ
သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ
အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော
သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉
ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ
ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။