
၂၀၁၅
ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မိုးကုတ်မြို့မှ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်၏ (NLD) ပါတီ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန်
အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းထားသည်ဟု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ
(၅) ရက်ထုတ် The Irrawaddy Weekly Journal အတွဲ(၁)၊ အမှတ် (၁)တွင် ဖော်ပြ
ထားသော်လည်း အဆိုပါ ကမ်းလှမ်းခြင်း
ကိစ္စရပ်အား မသိရှိပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ၏
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဇန်န၀ါရီလ (၇) ရက်တွင်
မြန်မာသံတော် ဆင့် သို့ ပြော သည်။