သင်္ဃန်းကျွန်း မြို့နယ်အတွင်း အသုံးဝင်စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်ယူ နေသူတစ်ဦး (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုဖြစ်စဉ်များ အများအပြား
ဖြစ်ပွားနေသည့်အတွက် လျော့ကျစေရန် လမ်းပေါ်ရှိ ကောက်တိုသမားများ (အသုံးဝင်
စွန့်ပစ်ပစ္စည်း ကောက်သူ) ကို လိုက်လံဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သြဂုတ်
၁၂ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ၀င်းကြည်က
ပြောကြားသည်။