- ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်တဦး ထပ်မံရွေးချယ်မည် click
- ရင်းနှီးမြုပ်နှံမှုနဲ့ သဘာ၀၀န်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ချင်းမိုင် ဆွေးနွေးပွဲ click
- မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးရမိ click
- တိုရွန်တိုစတား သတင်းစာတိုက်ရှေ့ မြန်မာနိုင်ငံသားများ ဆန္ဒပြ click
- အာဖဂန်တိုက်ခိုက်မှု လူအများအပြား သေဆုံး click
- အီဂျစ် ရုပ်သံတင်ဆက်သူကို ရုံးတင်စစ်ဆေး click
- အမေရိကန်နဲ့ တရုတ် ပစိဖိတ်မှာ ပြိုင်စရာမလို click
- သမ္မတလောင်းကတော် Ann Romney ရဲ့ မိန့်ခွန်း click
- မိုင်းလုပ်သားတွေအမှု သူပါဝင်လို့မရကြောင်း သမ္မတ ဇူးမားပြော click
- အီဂျစ်ရုပ်သံတင်ဆက်သူကို ရုံးတင်စစ်ဆေး click
- ထိုင်းအုပ်ချုပ်မှုစနစ် ဗဟိုချုပ်ကိုင်မှု နည်းပါးကြောင်း လေ့လာသူကိုယ်စားလှယ်များ ပြောဆို click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုများ click
- မြန်မာ့မူးယစ်ဆေးနှင့် ဘင်္ဂလီ ဘင်္ဂလာတွင် ဖမ်းဆီးမိ click
Sunday, September 2, 2012
နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တဲ့ ပုသိမ်မြို့က NLD ပါတီဝင်တွေကို ဒေါ်စု တကယ်ပဲ လက်တွဲဖြုတ်လိုက်ပြီလား
ပုသိမ်မြို့မှာ နှစ်ပေါင်းများစွာ
ထောင်ထဲဝင်လိုက်/လူမုန်းခံလိုက်/ဒုက္ခတွေခံလိုက်နဲ့ NLD ပါတီနဲ့အတူ /
ဒေါ်စုနဲ့အတူ နှစ်ပေါင်းများ စွာ တိုက်ပွဲဝင်လာခဲ့တဲ့ ပါတီဝင်တွေကို
ဒေါ်စုတကယ်ပဲ လက်တွဲဖြုတ် လိုက်ပြီလားဗျာ.. ပါပါကြီး ဒီဓါတ်ပုံကိုကြည့်လို့
ဝမ်းနည်းပြီး မျက်ရည်တွေကျနေတယ်ဆိုတာ ယုံပေးကြပါ ဗျာ... သင်တို့တွေလဲ
သေသေချာချာခံစားကြည့်ပါ...
ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း
လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါကြောင်း သတင်းရရှိ ပါတယ်။
သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။
ပြည်သူနှင့် မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း
ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ ပြန်လည်ဆုံဆည်း
ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ပြန်လည်ဆုံဆည်းမှုကို သတင်းထောက်များက
မှတ်တမ်းဓာတ်ပုံရိုက်နေပုံ၊
နှစ်ပေါင်း ၂၀ ကျော်ကြာ ကွဲကွဲသွားကြတဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ အခု တော့ ပြန် လည် ဆုံဆည်းဖြစ်ကြပါပြီ။
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ဆောင်းပါး စိတ်ဝင်စားစရာကောင်း

ဘက်လိုက်ခွဲခြား ဆက်ဆံမှု လှိုင်သာယာ စက်မှုဇုန်လုပ်သားများ ဆန္ဒပြ
အလုပ်သမားတွေအပေါ်
အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့
ရန်ကုန်တိုင်း လှိုင်သာ ယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ
အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ်
ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအ၀ိုင်း အနီးကနေ
ရက်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းအုပ်ချုပ်မှုစနစ် ဗဟိုချုပ်ကိုင်မှုနဲပါးကြောင်း လေ့လာသူ ကိုယ်စားလှယ်များပြောဆို
ထိုင်းနိုင်ငံ ပါလီမန်လွတ်တော်နဲ့ ဒေသန္တရအုပ်ချူပ်ရေးဆိုင်ရာတွေကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ က ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းေ ဆာင်တွေ အပါအ၀င် လူထုအခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင် ၂၂ ဦးဟာ ဒီကနေ့ညနေပိုင်းက ချင်းမိုင်မြို့ကနေရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွါသွားကြ ပါတယ်။

မြန်မာ့ရုပ်ရှင် လောက ပြန်လည် ထူထောင်ရန် ခေတ်မီ စတူဒီယိုများ ဖန်တီးရန်လို
မြန်မာနိုင်ငံတွင် ၁၉၂၀ ခုနှစ်မှ စတင် ပေါ်ထွန်းခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည့် မြန်မာရုပ်ရှင်ကို ပြန်လည် ထူထောင်ရန် (ရုပ်ရှင် ရိုက်ကူးရေးကွင်း) ခေတ်မီ စတူဒီယိုများ ဖန်တီးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက စက်တင်ဘာလ ၂ ရက်နေ့က ပြောကြားသည်။
KIA သောင်းကျန်းသူအဖွဲ့မှ ထပ်မံ အလင်းဝင်ရောက်လာသူများ
၂၀၁၂
ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်
စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၆)၊ စစ်ဆင်ရေးနည်းဗျူဟာ (၁)မှ နည်းဗျူဟာမှူး၏
ကြီးကြပ်မှုဖြင့် ကျေးရွာ လူကြီး များ၊ မုံးကိုး ပြည်သူ့စစ် အဖွဲ့များနှင့်
ပူးပေါင်း၍ အလင်းဝင်ရောက်ရန် ဆက်သွယ်စည်းရုံး ဆောင်ရွက် ခဲ့ရာ
မုံးကိုးတပ်စခန်းသို့ KIA တပ်ရင်း (၃၆/၃၈) မှ တပ်သား အဆင့်ရှိသူ
ထန်ရိန်းမီး၊ KIA ဒေသခံ ပြည်သူ့စစ် ရီဆာတို့နှစ်ဦးသည် လက်နက်၊
ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
အမေရိကန်မောင်းသူမဲ့ လေယာဉ်၏ ပစ်ခတ်မှုကြောင့် ယီမင် အရှေ့တောင် ပိုင်းတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် ရှစ်ဦး သေဆုံး

အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်
နှစ်စင်းသည် ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ဟာဒရာေ မာက်ပြည်နယ်တွင်
မောင်းနှင်နေသော ယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့်
အယ်လ်ကိုင်ဒါအဖွဲ့ဝင်ဟု ယူဆရသည့် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ရကြောင်း
အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်
နှစ်စင်းသည် ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ဟာဒရာေ မာက်ပြည်နယ်တွင်
မောင်းနှင်နေသော ယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့်
အယ်လ်ကိုင်ဒါအဖွဲ့ဝင်ဟု ယူဆရသည့် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ရကြောင်း
အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
KIA မှ အလုပ်သမားများ အယောင်ဆောင်၍ ဆက်ကြေးတောင်းခံ
မိုးမောက်မြို့နယ် ၊ ကျခမ်းဒတ် ကျေးရွာတစ်ဝိုက်မှာ တရားမ၀င်
သစ်တွေ ခိုးယူသယ်ဆောင်နေတဲ့ ယာဉ်တွေပေါ်ကို သစ်အတင်အချပြုလုပ်တဲ့
အလုပ်သမားတွေထဲမှာ KIA တပ်ဖွဲ့ဝင် အယောက် (၂၀) ခန့်
ဝင်ရောက်လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။
ကိုယ်ကျိုးစီးပွား ကာလွန်းလျှင် ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်
ရင်းနှီးမြှုပ်နှံမှုဥပဒေ
အပြောင်းအလဲကြောင့်
နိုင်ငံခြားလုပ်ငန်းရှင်များ
စိတ်အနှောက်အယှက်ဖြစ်ရပြီး
မြန်မာပြည်အပေါ် ယခင်က စိတ်လှုပ်ရှားခဲ့မှုများ
ယခုအခါ အေးစက်လာနေသည်
|
လွှတ်တော်တွင် ရေးဆွဲနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်
ကိုယ်ကျိုးစီးပွား ကာကွယ်သည့် အပိုဒ်များ ထည့်သွင်းလာနေေ သာကြောင့်
အတည်ပြုပြဌာန်းမည့် ယင်းဥပဒေသည် မြန်မာ့ စီးပွားရေးကို ချုပ်ကိုင်ထားသော
ထိပ်သီးစီးပွားရေးသမားများ ကိုသာ အကျိုးဖြစ်စေပြီး
နိုင်ငံခြားရင်းနှီးမြှုပ်သူများကို ဆွဲဆောင်မှု နည်းစေမည်ဟု ဝေဖန်နေကြသည်။
ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာ ဟုဆို
မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင် နေမှုကြောင့် ပြည်ပအတိုက်အခံများ ကြား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရ အဖွဲ့ ပေါ်ယုံကြည် မှု တိုးလာကြောင်း ဇွန်လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် အနုပညာရှင်များတွေ့ ဆုံပွဲမှ ပြောကြားချက်
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးသစ် ဦးအောင်ကြည်က ယင်း၏ဋ္ဌာနနှင့် ဆက်စပ်နေသော
အရပ်ဘက်အဖွဲ့အစည်းများကို စည်းမျဉ်း ပြဋ္ဌာန်း၍ ချုပ်ချယ်သွားမည်
မဟုတ်ကြောင်း ပြောကြား လိုက်သည်။
လှိုင်သာယာ စက်မှုဇုန် လုပ်သားများ ဆန္ဒပြ
ရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး အတွက် စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။
ရန်ကုန်မြို့တော်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန်များရှိ စက်ရုံ ၃၀ခန့်မှ အလုပ်သမား ၂၀၀ကျော် အလုပ်သမား အခွင့် အရေး အပြည့်အ၀ရရှိရေး အတွက် စက် တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီမှ ၁၁နာရီ အထိ ငြိမ်းချမ်းစွာ စုဝေး စီတန်း လှည့်လည် နေကြသည်ကို တွေ့ရစဉ်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် အနုပညာရှင်များတွေ့ ဆုံပွဲ
ယနေ
့စက်တင်ဘာ(၂)ရက် မနက် (၁၀)နာရီတွင် မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးခန်းမ တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲ ကျင်းပမည်။ တွေ့ဆုံပွဲ
မတိုင်မီ မနက် (၉)နာရီလောက်ကတည်းက အနုပညာရှင်များ တဖွဲဖွဲ
ရောက်ရှိ လာကြောင်းသိရသည်။
မန္တလေးတွင် သမ္မတကြီးကို ထောက်ခံကြောင်း ရဟန်းရှင် ပြည်သူ ၄၀၀၀၀ ကျော် ဆန္ဒဖော်ထုတ်
မန္တလေးတွင်
ယနေ့ နံနက်ပိုင်းမှ စ၍ ရဟန်းရှင် ပြည်သူများ စုပေါင်းကာ
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်စိန်၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် အပြောင်းအလဲလုပ်ဆောင်မှုများ
ကို အပြည့်အ၀ ထောက်ခံသည့်ဆန္ဒထုတ်ဖော်ပွဲကြီး ကို စုပေါင်းပြုလုပ်လျှက်ရှိပြီး ယခုအချိန်အထိ ရဟန်းရှင် ပြည်သူ စုစုပေါင်း ၄၀၀၀၀ ကျော် စုဝေးလှည့်လည်လျက်ရှိကြောင်း မြန်မာ့သားကောင်း သို့ သတင်းပေးပို့ထားပါသည်။
သမ္မတရုံး ဝန်ကြီး နှစ်ဦး နှင့် ABSDF ဗဟိုဥက္ကဌဟောင်း များ ဆွေးနွေးမှု ပြုလုပ်
![]() |
သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ
ဆွေးနွေးမှုများပြုလုပ် နေစဉ်
|
ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ
ပြန်လည် ရောက် ရှိ နေ သည့် မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက
ရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဌ ဟောင်း များ တို့ ငြိမ်းချမ်းရေး
ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ
အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်
ခြံအမှတ် ၁၃ တွင် ပြုလုပ် လျှက် ရှိကြောင်း Eleven Media Group အင်တာနက်
သတင်းအရ သိရသည်။
ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား
မြန်မာနိုင်ငံ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီ တန်
ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ်
ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့
ပြည်သူ့တရားရုံးတွင် တရားရင် ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့်
ကျောက်စိမ်းတုံးများကို ချိပ်ပိတ် ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏
ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။
ထူးဆန်းစွာ ရှာဖွေတွေ့ရှိခဲ့သည့် ဧည့်ခန်းအောက်ရှိ အလယ်ခေတ်က ရေတွင်းကြီး
ဗြိတိန်နိုင်ငံ
ပလစ်မောက်သ်မြို့မှ ဇနီးမောင်နှံ နှစ်ဦးသည် ၄င်းတို့၏ နေအိမ်
ဧည့်ခန်းအောက်တွင် ၃၃ ပေ အနက် ရှိသော အလယ်ခေတ်က တူးဖော်ခဲ့ဟန်ရှိသည့်
ရေတွင်းကြီး တစ်တွင်းအား အမှတ်မထင် ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။ ဇနီး
မောင်နှံနှစ်ဦးမှာ ကောလင်နှင့် ဗာနက်ဆာစကီးရာ တို့ဖြစ်ပြီး အဆိုပါ
ရှေးခေတ် ရေတွင်းကြီးကို နေအိမ်၏အောက်တွင် တွေ့ရှိ ခဲ့ရခြင်းနှင့်
စပ်လျဉ်း၍ အလွန်အံ့သြ တုန်လှုပ်ခဲ့ရသည်။
မင်းသား ကင်ဒေါင်ဝတ်ခ် စစ်မှုထမ်းပြီ

ပါကစ္စတန် မင်းသမီးချော မိုနာလစ်ဇာ Murder 3 ဘောလီးဝုဒ် ရုပ်ရှင်တွင် ပါဝင် သရုပ်ဆောင်မည်
ပါကစ္စတန် မင်းသမီးချော မိုနာလစ်ဇာ သည် ''Murder3" ဘောလီးဝုဒ်
ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""
ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ- တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စု မှာ ပြောပြီအမေရိကြ ပည်ထောင်စုအစိုးရက ( Managing Media and Rupblic ) အစီ အစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နိုင်ခဲ့
ရန်ကုန်တိုင်း၊
ဗဟန်မြို့နယ်၊ ၀င်္ကဘာလမ်းရှိ
မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးခမ်းမကြီးထဲတွင် မြန်မာသီချင်း၊မြန်မာ
ဇာတ်ကား၊မြန်မာ အငြိမ့်၊ ပြဇာတ်များကို ခိုးကူးပြီး စည်းမဲ့၊
ကမ်းမဲ့ရောင်း ချဖြန့်ဖြူးနေ တာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို
သြဂုတ် ၂၉ - ရက် နေ့လည် ၁း၀၀ နာရီကနေ ၃း၃၀ ထိ ပြုလုပ်ခဲ့ကြသည်။
သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် ABSDF ဗဟိုဥက္ကဌဟောင်းများ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး
ဝန်ကြီးနှစ်ဦးနှင့် ပြည်ပ မှ ပြန်လည် ရောက်ရှိနေသည့်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF
ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး
ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီ လမ်းထောင့်
ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဝန်ကြီးကလင်တန်နဲ့ ပစိဖိတ်ခေါင်းဆောင်များ ကျား-မ တန်းတူညီရေးဆွေးနွေး
ပစိဖိတ်တောင်ပိုင်း
ကျွန်းစု နိုင်ငံတွေထဲက Cook Islands ရဲ့ မြို့တော် Rarotonga မှာ
ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပစိဖိတ် ဒေသမှာ လူမှုရေး၊
စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ကျားမ မခွဲခြားဘဲ တန်းတူညီမျှ
ရှိရေးကို တောင်းဆိုလိုက်ပါတယ်။
မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်
တရုတ်နိုင်ငံက
မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့်
တရုတ်ပျားရည်များ ကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့
တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံ မှဆောင်ရွက်လျက်ရှိကြောင်း
မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား
ချက်အရသိရသည်။
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့မှ ပြည်ပနှင့် ပူးပေါင်းကာ သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်
အမှတ်
၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား
ထုတ်လုပ်ဖို့ အတွက် ကိုရီးယား ကုမ္ပဏီ တစ်ခုနဲ့ MoU နားလည်မှု စာချွန်လွှာ
ရေးထိုး ထားတယ်လို့ သိရပါတယ်။
“ဗ” အက္ခရာယာဉ်များ စက်တင်ဘာ ၅ ရက်တွင် စတင်လက်ခံမည်
နိုင်ငံတော်
အစိုးရသည် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း
စီမံချက်ကို ၁၁.၉.၂၀၁၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နိုင်ငံပိုင်
သတင်းစာများ၌ သတင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။
သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိတိုးမြှင့်၍ ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်း
အစိုးရအဖွဲ့အတွင်း
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်တိုက်ပြု လုပ်နေသည့် နိုင်ငံတော်
သမ္မတကြီး က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနကို ခြောက်ခုအထိ
တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန များကို ၃၆ ခုအထိ
တိုးမြှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း
လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)