လွှတ်တော်ကိုယ်စား
လှယ်များသည် မိမိတို့၏ တိုင်း ရင်းသားဖြစ်မှု၊ နိုင်ငံရေး ပါတီ နောက်ခံစသော
အချက်အလက် များအပေါ် အခြေခံစဉ်းစားခြင်း ထက် ဒီမိုကရေစီနှင့် နိုင်ငံရေး အ
လေ့အထကောင်းများ ပေါ်ထွန်း လာရေးကိုသာ အလေးထား
ဆောင်ရွက်သင့်ကြောင်းပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့(OMI) က
အကြံပြုတောင်းဆိုခဲ့သည်။
(၁၁)
ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေးများကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်
လေ့လာချက်ဖြစ်သော လွှတ် တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအမှတ် (၆) ကို
OMI က အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ထပ်မံ၍
အကြံပြု တောင်းဆိုခြင်းဖြစ်သည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင်
အဖွဲ့က လွှတ်တော်များ၏ အဓိ က တာဝန်များဖြစ်သော ပြည်သူ များကို
ကိုယ်စားပြုရေး၊ ဥပဒေပြု ရေးနှင့် အစိုးရအား စိစစ်ထိန်း ကျောင်းရေးတို့ကို
ပိုမိုထိရောက် စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရန်
ရည်ရွယ်၍ လွှတ်တော်စောင့်ကြည့်ရေး အစီ ရင်ခံစာများကို ၂၀၁၃ မှစတင် ကာ
ပြုစုထုတ်ပြန်ခဲ့သည်။