မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Showing posts with label
ပြည်တွင်းသတင်း
.
Show all posts
Showing posts with label
ပြည်တွင်းသတင်း
.
Show all posts
Friday, October 30, 2015
NLD ကိုယ်စားလှယ်လောင်း တိုက်ခိုက်ခံရမှုအပြီး နောက်ဆက်တွဲ
NLD ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်တချို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့က ဓါးဖြင့် တိုက်ခိုက်ခံရမှုအပြီး သာကေတမြို့နယ် ရဲစခန်းနှင့် ရန်ကုန်ဆေးရုံကြီးရှိ မြင်ကွင်း တချို့ကို ဧရာဝတီ ဓာတ်ပုံ သတင်းထောက် မျိုးမင်းစိုးက မှတ်တမ်းတင်ထားပါသည်။
Read more »
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့တွင် မိဘပြည်သူအပေါင်းသို့ဟု ခေါင်းစဉ်တပ်ထားပြီး အဖွဲ့အစည်းအမည် ဖော်ပြမထားသော မဲဆွယ်လှုံ့ဆော် စာရွက်များ မြို့အနှံ့ ကပ်ထားသည်ကို တွေ့ရ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့တွင် မိဘပြည်သူအပေါင်းသို့ဟု ခေါင်းစဉ်တပ်ထားပြီး အဖွဲ့အစည်းအမည် ရိုက်နှိပ်ထားခြင်း မရှိသော မဲဆွယ်လှုံ့ဆော် စာရွက်များအား မြို့အနှံ့ ကပ်ထားသည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီများနှင့် ဒေသခံများထံမှ သိရသည်။
Read more »
ပြောင်းလဲဖို့ အချိန်တန်ပြီ ဖြစ်သော သီတင်းကျွတ်လ နှင့် အင်းလျားည
Read more »
ဒီချုပ်အမတ်လောင်းများ သာကေတတွင် မဲဆွယ်စဉ် ဓားခုတ်ခံရ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ် လောင်းများ သာကေတမြို့နယ်အတွင်း ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းစဉ် ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) ည ၉ နာရီခန့်က သာကေတ မြို့နယ် မာန်ပြေရပ်ကွက် ၈ လမ်း
ထိပ်၌ ဓားဖြင့် အခုတ်ခံရပြီး လက်ရှိလွှတ်တော်အမတ် ဦးနိုင်ငံလင်းအပါအ၀င် ပါတီဝင် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
သာကေတမြို့နယ် မာန်ပြေရပ်ကွက်အတွင်း အလှပြယာဉ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်းရာ မာန်ပြေ(၈) လမ်းထိပ်အရောက်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် ရန်စ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
ဒီချုပ်၏ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
်ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်
စားလှယ်လောင်းဖြစ်သော ဦးနိုင်ငံလင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပါတီဝင်အမျိုးသားတစ်ဦးနှင်
့ အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာများရရှိခဲ့သည်။
Read more »
ငြိမ်းချမ်းရေးပျောက်ဆုံးတော့မည့် SSPP/SSA အဖွဲ့၏နောက်ထပ်လုပ်ရပ်
ယနေ့ညနေ ၆ နာရီခွဲအချိန်ခန့်က SSPP/SSAအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်၊
ဝိန်းကောင်ရွာမှာရှိတဲ့တပ်မတော်နောက်တန်းဌာနချုပ်ကို ၄ ကြိမ်မြောက် အင်အား ၂၀၀ ခန့်နှင့် အဖွဲ့ ၅ ဖွဲ့ခွဲပြီး လက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
၎င်းတို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဆံသည် အဆိုပါတပ်ရင်းဌာနချုပ်၏ တပ်မိသားစုဝင်မျာနေ
ထိုင်သည့် အဆောက်အဦများကြား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
Read more »
Thursday, October 15, 2015
NCA လက်မှတ်ရေးထိုးပွဲသို့ အားလုံးပါဝင်မှလက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက်နက်ကိုင်အဖွဲ့အားလုံး မတက်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက် ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားခဲ့ သော်လည်း အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက် နက်ကိုင်အဖွဲ့အားလုံးမှ NCA လက် မှတ်ထိုးပွဲသို့ မတက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို အစိုးရမှဖိတ်ခေါ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။
Read more »
NCA လက်မှတ်ရေးထိုးပွဲမှာ သမ္မတဦးသိန်းစိန် ဘာပြောခဲ့လဲ။ သမ္မတ၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(သမ္မတဦးသိန်းစိန်)
ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေများ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တော်များနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပါရစေ။
Read more »
စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ရှမ်းပြည်၌ ထိုးစစ်ရပ်တန့်ဖို့ ရှမ်းလူမှုအဖွဲ့ များ တောင်းဆို
နေပြည်တော်အစိုးရအနေနှင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက ရှမ်းပြည်နယ်ရှိ အပစ်ရပ်ဒေသတွင်းသို့ အစိုးရစစ်တပ်များ ထိုးစစ် ၀င်ရောက်ခြင်းကိုရပ်တန့်ရမည်။
ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခု အတွင်း နေုပြည်တော်စစ်တပ်များ ယနေ့ထိုးစစ် ဆင်နေခြင်းကြောင့် ကျေး လက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။
Read more »
အွန်လိုင်းပေါ်က လူပြောများနေတဲ့ ချစ်သမီးကိစ္စ
လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏လုံချည်အရောင်နှင့်
တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားသူအား ဖမ်းဆီးတရားစွဲဆို
*****************************************************
လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ် ဘွတ်ခ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝတ် ဆင်ထားသော လုံချည်အရောင်နှင့် တပ်မ တော်ဝတ်စုံသစ်ကို နှိုင်းယှဉ်ရေးသားသူအား မအူပင် မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထား သည်ဟု သိရသည်။
တပ်မတော်မှ ခေတ်စနစ်နှင့်အညီ ဝတ် စုံများ ပြောင်းလဲလိုက်သည်ဟု ကြေညာပြီး နောက်ပိုင်းတွင် မချောစန္ဒီထွန်း(ချစ်သမီး)အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံချည်အရောင်နှင့် တပ်မတော် ဝတ်စုံ သစ်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းဖြစ်သည်။
Read more »
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်ရောက်ရှိ
Read more »
ဒီချုပ်အောင်နိုင်ရေးအတွက် မန္တလေးမြို့ခံများ မိုးရေထဲစက်ဘီးစီး၍လှုံ့ဆော်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မန္တလေးမြို့ခံစက် ဘီးချစ်သူများက စက်ဘီးအစီး ၁၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၃ ရက်နံနက်က ချမ်းအေးသာစံမြို့ နယ်အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ ကြောင်း သတင်းရရှိသည်။
Read more »
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား Facebook တွင် တင်မှုကြောင့် နောက်တစ်ဦး ထပ်မံ ဖမ်းဆီးခံရ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင် တင်မှုကြောင့်ဟုဆိုကာ လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီအား သက်ဆိုင်ရာ ရဲစခန်းက လှိုင်မြို့နယ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ဦးခွန်ဂျာလီအား ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ် အိမ်ရာတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
Read more »
သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း
ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့သည်။ သို့သော် ဥပဒေအရ ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ငါးရက်ကြို
Read more »
Wednesday, October 14, 2015
သမ္မတကို အကြည်ညိုပျက်စေမည့် ကဗျာရေးသားခဲ့သူ ထွက်ပြေးတိမ်းရှောင်
လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နိုင်ငံတော် သမ္မတကို အကြည်ညို ပျက်စေမည့် ကဗျာစာသားရေးသားဖော်ပြခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ စောင့်ကြည့်စစ်ဆေးခြင်းများ ခံနေရသူ ကဗျာဆရာ မောင်ဆောင်းခသည် နေအိမ်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်ထားတာ၊ တရားရုံးက ဆင့်ခေါ်တာမျိုး မရှိသေးပေမယ့် ရဲတပ်ဖွဲ့က နေ့တိုင်း စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ကျွန်တော့်ကို အရေးယူသွားမယ်လို့ ပြောထားတာကြောင့် လက်ရှိအခြေအနေအရ ထွက်ပြေး တိမ်းရှောင်နေရတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
Read more »
NLD အောင်နိုင်ရေးအတွက် တေးသံရှင်ခင်မောင်တိုး၏ဂျာကင် လေလံတင် ရောင်းမည်
မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အောင်နိုင်ရေးအတွက် ကွယ်လွန်သူတေးသံရှင် ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည်ဆိုသည့် သားရေဂျာကင်ကို အောက်တိုဘာလ ၂၈ရက်နေ့ ညတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း တေးသံရှင်ခင်မောင်တိုး၏မိတ် ဆွေရင်း တစ်ဦးဖြစ်သူ စာရေးဆရာရွှေနောင်ရိုးက ပြောကြားသည်။
တေးသံရှင် ခင်မောင်တိုးဝတ်ဆင်ခဲ့သော အဆိုပါ သားရေဂျာကင်သည် ၂၀၀၇ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုသို့ ရောက်စဉ် မိတ်ဆွေတစ်ဦးက မေတ္တာဖြင့် ဝယ်ပေးသည်ဖြစ်၍ တန်ဖိုးဖြတ်မရသည့်အပြင် တေးသံရှင်ခင်မောင်တိုး၏ အမြတ်တနိုးပစ္စည်းများထဲမှ ပထမဆုံးလေလံတင်ရောင်းချခြင်းဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ မန္တလေးမြို့ခံ ဦးမြင့်ချိုက ဆိုသည်။
Read more »
မော်ချီးဒေသ မိုးကြီး မြေပြိုမှုကြောင့် သေဆုံး ၂၈ ဦးအထိ တိုးလာ
Read more »
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ အကျုံးမ၀င်ကြောင်း ထုတ်ပြန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်း အဖြစ်မှလည်း ကောင်း၊ အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။
Read more »
Monday, October 12, 2015
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရာတော်မြို့နယ် မူးမြစ်ကမ်းဘေးရှိ ကျေးရွာများတွင် မူးမြစ်ရေများဝင်ရောက်ပြီး မုံရွာ-ရွှေဘိုမော်တော်ကားလမ်းပိုင်း နေရာအချို့ရေကျော်
Read more »
ခိုးဝင်ဘင်္ဂါလီလေးဦးနှင့် တရားမဝင် ခေါ်ဆောင်လာသူများအား မင်းပြားမြို့အနီးဖမ်းမိ
ခိုးဝင်လာ သည့် ဘင်္ဂါလီလေးဦးနှင့် တရားမဝင်ခေါ် ဆောင်ပေးနေသူနှစ်ဦးတို့ကို ရခိုင်ပြည်နယ် မင်းပြားမြို့အနီး ကားတစ်စီးပေါ်တွင် ဖမ်း မိသဖြင့် မင်းပြားမြို့မရဲစခန်းတွင် တရား မဝင်ခေါ်ဆောင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ ဘင်္ဂါလီလူမျိုး များအား တင်ဆောင်လာသည့် ကားတစ် စီးလာနေကြောင်း လျှို့ဝှက်သတင်းပေးချက် အရ မြို့နယ်ရဲတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ရှာ ဖွေစဉ် စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်း ပေါ်ရှိ မင်းပြားမြို့နှင့်ခုနစ်မိုင်အကွာ သံရှင် ကျေးရွာရဲကင်းရှေ့၌ အောက်တိုဘာ၅ရက် ည ၁ဝ နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
Read more »
တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေရိကန်သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံ ဖောက်ထွင်းခံရ
ကမာရွတ်မြို့ နယ် တက္ကသိုလ်ရိပ်သာလမ်းမှ အမေရိကန် သံရုံးမျက်စောင်းထိုးရှိ ခြံတစ်ခြံမှ ငွေကျပ် သိန်းတစ်ထောင်ကျော် ဖောက်ထွင်းမှုအား အထူးအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မှုခင်းတပ်ဖွဲ့မှသိရသည်။
အဆိုပါအမှုသည် စက်တင်ဘာ ၂ဝရက် ည ၁၂ နာရီဝန်းကျင်တွင် ကမာရွတ် မြို့နယ် (၉)ရပ်ကွက်ရှိ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်သည့် အခန်းတစ်ခန်းထဲတွင် သိန်း ၅၉ဝဝ ကျော်ကို သိမ်းဆည်းထားရာ အမည်မသိစုံစမ်းဆဲ တ ရားခံမှ သိန်းတစ်ထောင်ကျော်သာ ခိုးယူသွား မှုဖြစ်သည်။
ဖြစ်စဉ်မှာ အဆိုပါညတွင် လုံခြုံ ရေးဝန်ထမ်းက ခြံအတွင်းရှိတိုက်အား လှည့် လည်စစ်ဆေးရာမှ အိမ်ဝင်ပေါက်တံခါးပွင့် နေသောကြောင့် ကုမ္ပဏီတာဝန်ရှိသူလူကြီး များကို ဖုန်းဆက်အကြောင်းကြားရာမှ ငွေများ ပျောက်ဆုံးနေကြောင်း သိရခြင်းဖြစ်သည်။
Read more »
Older Posts
Home
Subscribe to:
Posts (Atom)