ပြီးခဲ့တဲ့
ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး
နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊
နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား
ရေးသားဖော်ပြခဲ့ပါတယ်။ Unity ဂျာနယ်ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ
ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်
ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးတွင် ဓါတ်ပုံ၊ တည်နေရာနှင့် တကွ
ရေးသားဖော်ပြခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ်
ထားသော တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အဆိုပါ
သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့်
အဆိုပါ သတင်းဆောင်းပါး ရေးသားရာတွင် ပါဝင်သတင်းရယူ ခဲ့ကြသော ယူနတီဂျာနယ်မှ
အကြီးတန်း သတင်းထောက် ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့်၊ အငယ်တန်း
သတင်းထောက် ကိုစည်သူစိုးတို့ သုံးဦး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခံရကြောင်း သိရပါတယ်။
Tuesday, February 4, 2014
နောက်ခံလူများအစွမ်းပြမှုနဲ့အတူ ထိုက်တန်လှတဲ့ အဝေးကွင်းနိုင်ပွဲ

ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေကြတဲ့ ချယ်ဆီး အသင်း နှင့် မန်စီးတီးပွဲစဉ်က ပရိတ်သတ်အကြိုက်ဖြစ်ခဲ့ပါတယ်.။ပွဲအပြီးမှာတော့ ချယ်ဆီးက မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ပွဲကစားချိန် (၃၂)မှာ ချယ်ဆီးနောက်ခံလူ အီဗန်နိုဗစ်သွင်းယူ သွားခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။
NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်
NLD
ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ
ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း
သိရှိရသည်။
မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် NLD အနိုင်ရမည်ကို ကြောက်၍သာ ၅၉ (စ) ကို မပြင်လိုခြင်းဖြစ်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရမည်ကို ကြောက်၍ ဖွဲ့စည်းပုံ
အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုခြင်း ဖြစ်ကြောင်း
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန်
မိတ္ထီလာခရိုင် အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နောက်မှကူညီရန် လိုက်လာသော ဆွေမျိုးတစ်စု၏ယာဉ် ထပ်မံတိမ်းမှောက်သဖြင့် ခြောက်ဦးသေဆုံးကာ ၄၂ ဦး ဒဏ်ရာရရှိ
မိတ္ထီလာခရိုင်
ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်က
ယာဉ်တိုက်မှု ဖြစ်ပွားသော သတင်းကြားသိရသဖြင့် နောက်မှကူညီရန် လိုက်လာသော
ဆွေးမျိုးတစ်စု စီးနင်းလာသောယာဉ် ထပ်မံတိမ်းမှောက်သဖြင့် လူခြောက်ဦး
သေဆုံးခဲ့ကာ လူ ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီး ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၇၈ အနီးတွင် နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာနေ ဦးရွှေဝင်း (၄၅)နှစ် မောင်းနှင်လာသော ၃ဌ/----အပြာရောင် ထော်လာဂျီယာဉ်နှင့် ပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာနေ ဦးအောင်ဝင်း(၅၈)နှစ် မောင်းနှင်လာသော ၉ဗ/-----ခဲရောင်ဗင်ကားတို့
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီး ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၇၈ အနီးတွင် နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာနေ ဦးရွှေဝင်း (၄၅)နှစ် မောင်းနှင်လာသော ၃ဌ/----အပြာရောင် ထော်လာဂျီယာဉ်နှင့် ပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာနေ ဦးအောင်ဝင်း(၅၈)နှစ် မောင်းနှင်လာသော ၉ဗ/-----ခဲရောင်ဗင်ကားတို့
ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။
Subscribe to:
Posts (Atom)